• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KIA တပ်မဟာ ၈ ဌာနချုပ်အနီး ၂ ရက်ဆက် ဗုံးကြဲ

by ဧရာဝတီ
24 November 2022
in သတင်း
A A
စစ်ကိုင်းတံတားအနီး ဖြတ်ကျော် ပျံသန်းနေသည့် ဂျက်တိုက်လေယာဉ်များ / Cincds

စစ်ကိုင်းတံတားအနီး ဖြတ်ကျော် ပျံသန်းနေသည့် ဂျက်တိုက်လေယာဉ်များ / Cincds

8.6k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အရှေ့ဘက်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၈ ဌာနချုပ်အနီးသို့ အာဏာသိမ်း စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်တွင် စစ်ကောင်စီ လေတပ်သည် KIA တပ်မဟာ ၈ ဌာနချုပ်အနီး တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက် အစောပိုင်း ၁ နာရီတွင် ၁ ကြိမ်၊ နံနက် ၁၁ နာရီတွင် ၁ ကြိမ် စစ်ကောင်စီ၏ တိုက်လေယာဉ် ၃ စီးသည် KIA တပ်မဟာ ၈ လေ့ကျင့်ရေးကွင်းဟောင်းတည်ရှိရာ အနီးပတ်ဝန်းကျင်သို့ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဧရာဝတီကို ပြောသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
64
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
185
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
191

စစ်ကောင်စီ တိုက်လေယာဉ်များသည် ပေါင် ၅၀၀ ဗုံးဟု ယူဆရသည့် ဗုံး ၄ လုံး ကြဲချခဲ့ပြီး ဗုံး ၃ လုံး ပေါက်ကွဲခဲ့ ကြောင်း၊ ဗုံး ၁ လုံးမှာ မပေါက်ကွဲဘဲ ကျန်နေကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဆိုသည်။

၎င်းက “၁ နာရီမှာက တပ်မဟာ ၈ နယ်မြေထဲပေါ့။ နောက်ရက် ၁၀ နာရီကနေ ၁၂ နာရီကြားကတော့ တပ်မဟာ ၈ တော့ မဟုတ်ဘူး။ အဲဒီနားက ရွာပေါ့။ ကချင်တိုင်းရင်းသားတွေနေတဲ့ ဒါဝယ်ဆိုတဲ့ရွာကို ဗုံးကြဲသွားတယ်။ လေ့ကျင့် ကွင်းအဟောင်းဘက်ကို ကြဲတုန်းကတော့ ၂ ယောက် ဒဏ်ရာရတယ်။ ကွင်းနားမှာရှိနေတဲ့ ၂ ယောက်ပေါ့။ သူတို့က ပေါင် ၅၀၀ ဗုံးကြီးတွေ ကြဲတာဗျ။ ရွာကို ကြဲတာတော့ ထိခိုက်ဒဏ်ရာရ အခြေအနေ မသိရသေးဘူး” ဟု ပြောသည်။

နိုဝင်ဘာ ၂၁ ရက်မှာပင် စစ်ကောင်စီ လေတပ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ဒေသများ ဖြစ်သော ဗန်းမောက်နှင့် ကသာမြို့နယ်များတွင်လည်း ဗုံးကြဲတိုက်ခိုက်သည်။

နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ဗန်းမောက်မြို့နယ် အနောက်ဘက်ရှိ ပမုံရွာကို စစ်ကောင်စီ တိုက်လေယာဉ်များ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ပမုံရွာ ဘုန်းကြီးကျောင်းရှိ သိမ် ၁ လုံး မီးလောင်ပျက်စီး သွားခဲ့ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဆိုသည်။

ကသာမြို့နယ်အရှေ့ဘက်ရှိ ချောင်းဝရွာ မြောက်ဘက်တွင်လည်း စစ်ကောင်စီ တိုက်လေယာဉ်များက စက်သေနတ်ဖြင့် ကွေ့ကောက်ချောင်းတလျှောက် ပစ်ခတ်တိုက်ခိုက်သွားသေးကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် နီးစပ်သူများက ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများကို ပြောသည်။

အဆိုပါ စစ်ကောင်စီ လေယာဉ်များသည် တံတားဦးနှင့် မြစ်ကြီးနားလေတပ်စခန်းမှ တက်လာခြင်း ဖြစ်ကြောင်း ဒေသ အခြေစိုက် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့ဝင်အချို့က ဆိုသော်လည်း ဧရာဝတီ အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ ရွာရှိ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့်မြောက် တေးဂီတပွဲအား ဗုံး ၃ လုံးကြဲချ တိုက်ခိုက် ပြီးနောက် KIA တပ်မဟာ ၈ နယ်မြေအနီးတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဗုံးကြဲခံရသည့် နေရာများကို ပြသသည့် မြေပုံ
သတင်း

အနန့်ပါရွာ ဗုံးကြဲခံရမှုတွင် KIA တပ်မဟာ ၉ တပ်မဟာမှူးနှင့် KIA စစ်ဘက်အရာရှိများ အပါအဝင် လူ ၈၀ ခန့် သေဆုံးခဲ့ပြီး KIA တပ်မဟာ ၈ တပ်မဟာမှူးသည်လည်း ယခုနှစ် ဩဂုတ်လဆန်းပိုင်းက မြစ်ကြီးနားမြို့၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံထားရသည်။

မြန်မာနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူတဦးက စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများသည် ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ PDF များအား KIA က လက်နက် ထောက်ပံ့ပေးရာတွင် အရေးပါသော နယ်မြေ များ ဖြစ်သလို ပြည်မဒေသမှ ကချင်ပြည်နယ်ကိုဝင်မည့် စစ်ကောင်စီ စစ်ကူများအား ကြားဖြတ်တိုက်နေသည့် အခိုင် အမာနေရာ ဖြစ်နေသဖြင့် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းက “ဒီနေရာတွေက PDF တွေ အခိုင်အမာ နေရာယူထားတဲ့နေရာ ဖြစ်တယ်။ ဗန်းမောက်အနောက်ခြမ်းတွေ၊ အဲဒီ ဒေသတွေသာ အခြေခိုင်သွားရင် စစ်ကိုင်းတိုင်းရော၊ မကွေးရော၊ ချင်းပြည်နယ်ရော လက်နက်ခဲယမ်း ရောက်ဖို့က လွယ်တယ်။ နယ်စပ်က လက်နက်ခဲယမ်းတွေက ကချင်ကိုဖြတ်ပြီး စစ်ကိုင်း၊ မကွေး၊ ချင်းအထိ ရောက်နေတယ်။ သူက ဒီနယ်မြေကို ချေမှုန်းချင်လို့ လေယာဉ်နဲ့ ဗုံးကြဲနေတာ ဖြစ်တယ်” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်ရှိ KIA စခန်းများနှင့် စစ်ကိုင်း-ကချင် နယ်စပ်ရှိ PDF များအား မြေပြင်မှတဆင့် ထိုးဖောက်နိုင်စွမ်း မရှိသဖြင့် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေခြင်း ဖြစ်ကြောင်း လည်း မြန်မာနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “မြေပြင်တပ်က မဝင်နိုင်တဲ့အခါမှာ ဒီနေရာတွေကို ဗုံးကြဲပြီး ရွာတွေပါ အပြောင်ရှင်းမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နေတာပဲ။ သူကတော့ နေရာတိုင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူနဲ့ပဲ ဖြေရှင်းနေတာပဲ။ သူက PDF ရှိတဲ့ နေရာဆိုတာထက် PDF ကို ထောက်ခံတယ်လို့ ယူဆပြီး ရွာတွေကို ပစ်မှတ်ထား ဖြေရှင်းနေတာပဲ။ သူကတော့ အဲဒါကို ဆက်လုပ်မယ့်ပုံပဲ” ဟု မှတ်ချက်ပြုသည်။

You may also like these stories :

မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲပြင်းထန်

မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA စစ်ရေး တင်းမာနေ

ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ

KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး

Your Thoughts …
Tags: KIAစစ်ကောင်စီတိုက်လေယာဉ်ဗုံးကြဲတိုက်ခိုက်မိုးညှင်းမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၂ ခုနှစ် မေလက KNLA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် သေ့ဘောဘိုးစခန်း  / ကော်ဘရာ

သေ့ဘောဘိုးစခန်း ပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်

AA  တပ်ဖွဲ့သည် ပလက်ဝမှသည် ဂွ အထိ ၁၈ မြို့နယ်လုံးတွင် အနှံ့အပြားဖြန့်ခွဲနေရာယူထားသည် / ဧရာဝတီ

ရခိုင် စစ်မျက်နှာ ရီဗျူး ၂

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate