• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း

by Muktadir Rashid
24 November 2022
in သတင်း
A A
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က အူကီယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျင်းပသော ၂၀၁၇ ခုနှစ် မြန်မာစစ်တပ် အကြမ်းဖက် နှိမ်နင်းမှု နှစ်ပတ်လည် ပထမဆုံးအကြိမ် အခမ်းအနားကို တက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က အူကီယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ကျင်းပသော ၂၀၁၇ ခုနှစ် မြန်မာစစ်တပ် အကြမ်းဖက် နှိမ်နင်းမှု နှစ်ပတ်လည် ပထမဆုံးအကြိမ် အခမ်းအနားကို တက်ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ / AFP

2.9k
VIEWS
Share on FacebookShare on Twitter

ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူ အများအပြားသည် မြန်မာတွင် လူအခွင့်အရေး တောင်းဆိုရန် အဖွဲ့တခုဖွဲ့စည်းရေး စုစည်းခဲ့ကြသည်။

အာရကန် ရိုဟင်ဂျာ အမျိုးသား မဟာမိတ် Arakan Rohingya National Alliance (ARNA) က ရိုဟင်ဂျာ ညီညွတ်ရေး တောင်းဆိုပြီး ၎င်းတို့ မွတ်ဆလင် လူမှုအသိုက်အဝန်းသည် ခွဲထွက်ရေးသမားများ မဟုတ်ကြောင်း ကြေညာသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
1
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
447
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
193

ရိုဟင်ဂျာများသည် မတူကွဲပြား ညီညွတ်မှုဖြင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို အလေးထားကာ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာ၏ တစိတ်တပိုင်းဖြစ်လိုကြောင်း ထိုအဖွဲ့က ကြေညာသည်။

၎င်းတို့သည် မြန်မာမှ အခြားလူမျိုးစုများကဲ့သို့ အပြည့်အဝ ထိရောက်သော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ရခိုင်ပြည်နယ်မှ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုအဖွဲ့က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲသည် ကမ္ဘာ့အဝေးရောက် ရိုဟင်ဂျာများနှင့် ညီညွတ်ရေးနှင့် မြန်မာမှ ရိုဟင်ဂျာများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး ရည်ရွယ်ချက်ကို ကြေညာရန် ဖြစ်ကြောင်း ထိုမဟာမိတ်အဖွဲ့က ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည် တသန်းကို ခိုလှုံခွင့်ပေးထားသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်သူများနှင့် အစိုးရကို ရိုဟင်ဂျာ ခေါင်းဆောင်များ ကျေးဇူးတင်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့က မြန်မာနယ်စပ်တွင် ရာဇဝတ်ဂိုဏ်းတခုက ထောက်လှမ်းရေးညွှန်ချုပ်ရုံးမှ လေယာဉ်အုပ်မှူး ရစ်ဇ်ဝန် ရပ်ရှဒီကို သတ်ဖြတ်ခြင်းကိုလည်း ရှုတ်ချသည်။

ARNA ၏ ကြေညာချက်တခုတွင် “ရာစုနှစ် တဝက်နီးပါးကြာအောင် သိန်းနှင့်ချီသော ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် စစ်အုပ်စု ကျောထောက်နောက်ခံပြု အစိုးရမဟုတ်သည့် အင်အားစုများ၏ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်ခံရသည်။ ရခိုင်မြောက်ပိုင်းတွင် ၂၁ ရာစုအတွင်း အဆိုးရွားဆုံး လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာ၏ ရက်စက် ကြမ်းကြုတ်သော စစ်တပ်က ဦးဆောင်သည့် ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်မှုများ အထွဋ်အထိပ် ရောက်လာပြီး ရိုဟင်ဂျာ တသန်းကျော်သည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရကာ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့် ညစ်ပတ်စုတ်ပြတ်နေသော ဒုက္ခသည် စခန်းများတွင် နေထိုင်ရသည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

“ယခုအကြိမ်သည် ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု နောက်ပိုင်းတွင် ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ အကျယ်ပြန့်ဆုံး မဟာမိတ်ဖွဲ့ထားသည့် ဘုံအခြေခံ စင်မြင့်တခုကို ပထမဆုံးအကြိမ် ထူထောင်နိုင်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်မှ လေဟာပြင်အကျဉ်းထောင်အတွင်း ပိတ်မိနေသော ရိုဟင်ဂျာ သန်းတဝက်အပါအဝင် ရိုဟင်ဂျာ ပြည်သူများက မျှော်လင့်ချက်ဖြင့် ကြိုဆိုသည့် ဖြစ်ပေါ်တိုးတက်မှု တခုဖြစ်သည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာခေါင်းဆောင် နာရူ အစ္စလမ်က ARNA ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ထင်ရှားသူ ဒေါက်တာ ယူနပ်စ်နှင့် ရီဖာ အူဒင်တို့သည် ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သည်။

အဖွဲ့ဝင်များတွင် ဦးကျော်မင်း၊ အေမန် အူလာ ဦးထွန်းခင်၊ ဦးနေစောလွင်၊ ဒေါက်တာ လှမြင့်၊ ဦးဇော်မင်းထွဋ်၊ ဒေါက်တာ ဟာဘစ် အူလာနှင့် ဒေါက်တာ အဘူ ဆစ်ဒစ် အာမန်တို့ ပါဝင်သည်။

ဒါကာတက္ကသိုလ်မှ အငြိမ်းစား နိုင်ငံတကာဆက်ဆံရေးပညာရှင်နှင့် ဒုက္ခသည်ရေးရာ ကျွမ်းကျင်သူ စီအာ အဘ်ရာက ထိုသို့လုပ်ဆောင်ခြင်းကို ကြိုဆိုပြီး လူမျိုးတုံးသတ်ဖြတ်မှုမှ အသက်မသေဘဲ လွတ်မြောက်လာသည့် ဖိနှိပ်ခံ အသိုက်အဝန်းများအတွက် ညီညွတ်ရေးသည် အရေးကြီးကြောင်း ပြောသည်။

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူနှင့် NUG အကြံပေး ဦးအောင်ကျော်မိုးက “ရိုဟင်ဂျာ လူမှုအသိုက်အဝန်းက ကိုယ်စားပြုမှုမျိုး မရှိခဲ့ဘူး။ တနေ့တော့ ဖြစ်လာစေချင်တယ်။ အဲဒီ ကိုယ်စားပြုမှုဟာ ဘာသာရေးနဲ့ မပတ်သက်ဘဲ အားလုံးအကျုံးဝင်သလို ကွဲပြားခြားနားမှုရှိပြီး လူ့အခွင့်အရေးကို အလေးပေးရမယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ရိုဟင်ဂျာ ပြဿနာဟာ ဒေသတွင်းကို အကြီးအကျယ် ရိုက်ခတ်မှုရှိပြီး မြန်မာက လူငယ်တွေ၊ အမျိုးသမီး ခေါင်းဆောင်တွေနဲ့ မြန်မာက လူမှုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ အဓိက ခေါင်းဆောင်မှုနဲ့ ဖြေရှင်းရမယ့် ပြဿနာဖြစ်တယ်” ဟုလည်း သူကပြောသည်။

“အဝေးရောက်တွေဟာ အကူအညီပေးနိုင်ပေမယ့် မြန်မာက ပြဿနာတွေကို ရေခြားမြေခြားက ခေါင်းဆောင်တွေက မဖြေရှင်းနိုင်ဘူးဆိုတာကို သမိုင်းက သက်သေပြနေတယ်။ ရိုဟင်ဂျာလူမှု အသိုက်အဝန်းမှာ ညီညွတ်မှု ယခင်ကထက် ပိုမိုလိုအပ်နေပြီး ညီညွတ်မှုကို ရိုဟင်ဂျာတွေ အန္တရာယ် ကျရောက်ခြင်းအား ရှောင်ရှားနိုင်တဲ့ စည်းကမ်းတကျ မှန်ကန်တဲ့ လုပ်ငန်းစဉ်နဲ့ လုပ်ဆောင်ဖို့ လိုတယ်” ဟုလည်း သူပြောသည်။

You may also like these stories:

တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ

ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း

ရိုဟင်ဂျာကလေးများ မြန်မာနိုင်ငံတော်သီချင်း သီဆိုနေကြပြီ

Your Thoughts …
Tags: ARNANUGULAဒုက္ခသည်ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာလူ့အခွင့်အရေး
Muktadir Rashid

Muktadir Rashid

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသားများ နေပြည်တော်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေစဉ်  / ဧရာဝတီ

စစ်ကောင်စီကို ဒူးမထောက်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းများ

စစ်တပ်လေယာဉ် ဘယ်လို ပျက်ကျခဲ့တာလဲ (ရုပ်/သံ)

စစ်တပ်လေယာဉ် ဘယ်လို ပျက်ကျခဲ့တာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate