• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA နှင့် အာဏာသိမ်း စစ်တပ် ယာယီ အပစ်ရပ်

by ဧရာဝတီ
26 November 2022
in သတင်း
A A
AA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

AA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

10.3k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေသည့်အချိန်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား ယာယီ အပစ်အခတ် ရပ်စဲရန် သဘောတူလိုက်ကြကြောင်း နှစ်ဖက်တပ်များနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်နှင့် နီးစပ်သူတဦးက “အခု ရပ်စဲတာက ပထမအဆင့် အပစ်အခတ် ရပ်စဲလိုက်တာ ဖြစ်တယ်။ နောက်ပိုင်း ဒုတိယအဆင့်တွေ လာမယ်။ လောလောဆယ် အဲဒီလောက်ပဲ ပြောလို့ရမယ်။ နောက်ထပ် ကိစ္စတွေကတော့ စောင့်ကြည့် လိုက်ပါ” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
155
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
104
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
276

ထိုသို့ အပစ်အခတ် ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု ရရှိသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ပိတ်ဆို့ထားသည့် လမ်း ကြောင်းများကို စစ်ကောင်စီတပ်ဘက်က ဖြေလျှော့ပေးမည် ဖြစ်သလို စစ်တွေမြို့အား လေးဘက်လေးတန်မှ ပိတ်ဆို့ထားမှု ကိုလည်း ယခု ရက်ပိုင်းအတွင်း ပြန်လည် လမ်းဖွင့်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ နှစ်ဖက်တပ်ကြား ယာယီ အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခြင်းနှင့် ပတ်သက်၍ AA ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ AA နှင့် စစ်ကောင်စီတို့ကြား ပြီးခဲ့သည့် ရက်ပိုင်းက ညှိနှိုင်းဆွေးနွေးမှု များ ပြုလုပ်ပြီးနောက် အပစ်အခတ် ရပ်စဲလိုက်ပြီဟု နိုဝင်ဘာ ၂၆ ရက်တွင် အတည်ပြုကြောင်း ဘီဘီစီတွင် ဖော်ပြထား သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်ရေးလေ့လာသူများက မည်သို့ သဘောတူညီမှု ရရှိသွားသည်ကို အတိအကျ မသိရသေး သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သောအဖွဲ့နှင့် AA မှ ဗိုလ်မှူးကြီးကျော်ဟန် ဦးဆောင်သော အဖွဲ့တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

စစ်တပ်နှင့် AA တို့အကြား အာဏာမသိမ်းခင်လပိုင်းက နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားရာမှ ယခုနှစ် မေလတွင် တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြင် စစ်ပွဲတွင် အာဏာသိမ်း စစ်တပ်မှ အသေအပျောက် ဆုံးရှုံးမှုများခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းအပါအဝင် ရခိုင်လူထု၏ ကုန်သွယ်ကူးသန်းသည့် ရေလမ်း၊ ကုန်းလမ်းများကိုပါ ဖြတ်လေးဖြတ် စနစ်ထဲထည့်၍ ဖြတ်တောက်ပိတ်ဆို့ခဲ့သည်။

စစ်တပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးက လမ်းကြောင်းများကို ပိတ်ဆို့လိုက်သည့်အတွက် ဒုက္ခသည် စခန်းများနှင့် ဒေသခံပြည်သူများ အသုံးပြုနေသည့် ဆေးဝါးနှင့် အခြေခံကုန်ပစ္စည်းများ စျေးအဆမတန် တက်သည့်ဒဏ်ခံခဲ့ကြရသည်။

ထို့အတူ AA ကလည်း ပုဏ္ဏားကျွန်းနှင့် စစ်တွေအကြားရှိ လမ်းကြောင်းကို ထိမ်းသိမ်းလိုက်သလို စစ်တပ်အတွက် အရေးပါသည့် တောင်ပြိုလက်ဝဲဗျူဟာ လမ်းကြောင်းများကိုပါ ထိန်းချုပ်ဖြတ်တောက် ထားသည့် အတွက် စစ်ကောင်စီတပ်များ ရိက္ခာသယ်ယူရေးနှင့် သွားလာ ဆက်သွယ်နိုင်ရေး အခက်အခဲများ ဖြစ်ခဲ့သည်။

မြန်မာလက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်နေသည့် သုတေသီ တဦးက “အပြန်အလှန် ပိတ်ထားတဲ့ အခြေအနေမှာ ၂ ဘက် အသက်ရှုပေါက်ရအောင် ညှိတယ်လို့ထင်ပါတယ်။ လောလောဆယ်တော့ စစ်တပ်က ရခိုင်ရွာတွေကို အမြောက်နဲ့ ပစ်နေတာကို ရပ်လိုက်တာ ၃ ရက်လောက်ရှိပြီ” ဟု ဧရာဝတီသို့ပြောသည်။

၎င်းက ဆက်၍ “AA ဘက်ကတော့ အခုအချိန်အထိ အတည်မပြုသေးဘူး။ ရပ်ရင်လည်း အရင်တခေါက်ကလို နားလည်မှုနဲ့ ရပ်တာဖြစ်နိုင်တယ်။ တပ်တွေရောက်တဲ့ နေရာမှာရပ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီတခေါက်က AA က တောင်ပြိုလက်ဝဲ ဗျူဟာ လမ်းကြောင်းပိတ်တာတို့၊ စစ်တွေအထွက် ကားလမ်း ပိတ်ထားနိုင်တော့ တော်တော်အပေးအယူ ကြီးလိမ့်မယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲရေးက သိပ်ကြာကြာခံပါ့မလားဆိုတာကတော့ စဉ်းစားစရာပဲ” ဟု သုံးသပ်သည်။

လက်ရှိ အခြေအနေတွင် တိုက်ပွဲပြင်းထန်ခဲ့သော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ချင်း ပြည်နယ် ပလက်ဝမြို့နယ်တို့၌ သေနတ်သံများ ရုတ်တရက် တိတ်ဆိတ်သွားသည့်အတွက် ရှေ့ဆက် မည်သို့ဖြစ်လာမည်ကို ပြည်သူများ အနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

You may also like these stories:

ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား

ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်

Your Thoughts …
Tags: AAစစ်ကောင်စီပလက်ဝယာယီ အပစ်အခတ် ရပ်စဲရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မီးရှို့မယ်ဆိုတာကို ဗျူဟာချပြီးတော့ကို လုပ်တာ (ရုပ်/သံ)

မီးရှို့မယ်ဆိုတာကို ဗျူဟာချပြီးတော့ကို လုပ်တာ (ရုပ်/သံ)

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းတွင် နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်သာမက ရန်ကုန်၊မန္တလေး မြို့ကြီးများတွင်  ရပ်ကွက်တချို့ကိုလည်း ကျူးကျော်ဟု ခေါင်းစဉ်တပ်ကာ ဖျက်ဆီးဖယ်ရှားမှုများလုပ်နေသည်

ကျေးလက်ကို မီးရှို့ကာ မြို့ပြအား အိမ်ရာမဲ့ ဖြစ်စေရန် စစ်ကောင်စီ လုပ်ဆောင်နေ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate