• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ARSA ခေါင်းဆောင်နှင့် အခြားသူများကို ဘင်္ဂလားဒေ့ရှ် အမှုဖွင့်

by Muktadir Rashid
29 November 2022
in သတင်း
A A
အောက်တိုဘာလက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုအတွင်း ရာဇဝတ်မှုနှင့် စစ်သွေးကြွ သံသယရှိသူများကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးစဉ်  / AFP

အောက်တိုဘာလက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုအတွင်း ရာဇဝတ်မှုနှင့် စစ်သွေးကြွ သံသယရှိသူများကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးစဉ် / AFP

9.1k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအရာရှိတဦး သေဆုံးရသည့် ယခုလအစောပိုင်းက မြန်မာနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရိုဟင်ဂျာ စစ်သွေးကြွအုပ်စုတခုမှ လူ ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စုံစမ်းစစ်ဆေးနေသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ဘန်ဒါဘန် တောင်တန်းခရိုင်မှ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း ထောက်လှမ်းရေးတပ်ဖွဲ့များ ညွှန်ကြားရေးမှူးချုပ်ရုံး (DGFI) မှ အရာရှိ ရစ်ဇ်ဝန် ရပ်ရှ်ဒီ သေဆုံးခြင်းနှင့် လျှပ်တပြတ် တိုက်ခိုက်ရေးတပ်မှတဦး ဒဏ်ရာရခြင်းအတွက် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) စစ်ဘက်အကြီးအကဲ အတော်လာ အဘူ အမ်မာ ဂျန်နန်နီနှင့် အခြားသူ ၆၅ ဦးအား စုံစမ်းစစ်ဆေးမှုကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စတင်လိုက်သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
156
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
151
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
49

သတ်ဖြတ်မှု၊ အခြား ထိခိုက်နာကျင်စေမှု အမှုများဖြင့် ကော့ဘဇားမှ ထောက်လှမ်းရေးအရာရှိ မိုဟာမက် အန်နဝါ ဟိုစိန်က အသက် ၄၈ နှစ်အရွယ် အတော်လာ၊ အခြားသူ ၃၁ ဦးနှင့် အခြားအမည်မဖော်ပြသူ ၃၅ ဦးတို့ကို စွဲဆိုခြင်းဖြစ်သည်။

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်အခြေစိုက်သော ARSA သည် ပါကစ္စတန်မှ အစ္စလမ်မစ် အုပ်စုများနှင့် အဆက်အသွယ်ရှိပြီး ရိုဟင်ဂျာ အခွင့်အရေးများအတွက် တိုက်ခိုက်နေသည်ဟု ဆိုသည်။ ထိုအဖွဲ့သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှ စစ်တပ်နှင့် ရဲစခန်း ၂၄ ခုကျော်ကို တပြိုင်နက် ချိန်ကိုက်တိုက်ခိုက်ခဲ့သည်။

ထိုအမှုတွင် အူစတက် ခါလက်၊ မော်လန်နာ မော့စတာဖာ၊ ဒေ မိုဟာမက်နှင့် မော်လဗီ အရစ်ဖ် အာမက်တို့ကိုလည်း သံသယရှိသူများအဖြစ် ဖော်ပြထားသည်။

ဒေ မိုဟာမက်က သူ့ကို မည်သည့်အတွက် ထိုအမှုတွင် ထည့်သွင်းရသနည်းဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မေးခွန်းထုတ်သည်။

“အမှားအယွင်းဖြစ်တာ။ ကျနော့်မိတ်ဆွေ အရစ်ဖ်ကိုလည်း ဖော်ပြထားတယ်။ ကျနော်တို့က ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်တယ်” ဟု သူကပြောသည်။

အတော်လာသည် နိုင်ခရံချာရီမှ ဂန်ဒန်အနီး နယ်စပ်တွင် နေထိုင်သည်ဟု ဆိုသည်။

“အမှုကို စွဲတင်ပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်” ဟု ချက်တိုဂရမ်မှ ရဲအရာရှိ အန်နဝါ ဟိုစိန်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောသည်။ မည်သည့် ဖမ်းဆီးမှုကိုမျှ မလုပ်ဆောင်သေးပေ။

ထိုစဉ်က ပစ်ခတ်မှုဖြစ်စဉ် အုပ်စုမှူး ရစ်ဇ်ဝန်၏ မှတ်ပုံတင်ကတ်နှင့် ကြိုးမဲ့ ဆက်သွယ်ရေးစက် ပျောက်ဆုံးနေသည်ဟု ထောက်လှမ်းရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးက ပြောသည်။

စစ်ဘက်ရဟတ်ယာဉ်မောင်းသူ ရစ်ဇ်ဝန်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ကိုနာပါရာ-တန်ဘရူ နယ်စပ်တွင် စစ်ဆင်ရေးအပြီး နာရီအတန်ကြာ၌ သေဆုံးလျက်တွေ့ရသည်။

ရစ်ဇ်ဝန်သည် မေလကစတင်ပြီး အထက်ပါ ထောက်လှမ်းရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ထိုကိစ္စအတွက် ဒါကာက ARSA နှင့် ဆက်စပ် လက်နက်ကိုင် အုပ်စုတခုကို စွပ်စွဲသည်။

အပြန်အလှန်ပစ်ခတ်စဉ် အသက် ၂၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး ဆာဂျီဒါ ဘီဂမ် သေဆုံးသွားကြောင်း ရိုဟင်ဂျာ လူမှုအသိုက်အဝန်း ခေါင်းဆောင်များက ပြောသည်။ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွင် သူ၏အမည်ကို ဖော်ပြထားခြင်း မရှိပေ။

မကြာသေးမီက ဖွဲ့စည်းလိုက်သည့် အာရကန် ရိုဟင်ဂျာ အမျိုးသားမဟာမိတ် (ARNA) လူ့အခွင့်အရေး အုပ်စုကလည်း ရာဇဝတ် မူးယစ်ဂိုဏ်းများ၏ သတ်ဖြတ်မှုများကို ယခုအပတ်အတွင်း ရှုတ်ချခဲ့သည်။

ARSA က တစုံတရာပြောကြားခြင်း မပြုပေ။

ARSA သည် ကော့ဘဇားရှိ ဒုက္ခသည် စခန်းများမှ သတ်ဖြတ်မှုများ၊ တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများအတွက် တာဝန်ရှိကြောင်း အောက်တိုဘာလ နှောင်းပိုင်းတွင် ထောက်လှမ်းရေး အစီရင်ခံစာတစောင်က ဖော်ပြသည်။

လက်နက်များကို တမ်ဘရူနယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ခိုးသွင်းနေကြောင်းနှင့် ရဲစခန်းတခု ထူထောင်ရန်လိုကြောင်း ထိုအစီရင်ခံစာက ဖော်ပြသည်။

ယခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း တိုက်ခိုက်မှု ၃၀ တွင် ARSA သည် ဒုက္ခသည်များအကြား အကြောက်တရားဖန်တီးရန် ပစ်ခတ်ခြင်း၊ ခုတ်ထစ်ခြင်းနှင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ခြင်းတို့ကို လုပ်ဆောင်ကာ ရိုဟင်ဂျာများကို သတ်ဖြတ်၊ ထိခိုက်စေသည်ဟု ဖော်ပြထားသည်။

“နယ်စပ်တလျှောက်မှာ ARSA အဖွဲ့ဝင် အနည်းငယ်ရှိနေတဲ့ လက္ခဏာတွေ့နေရတယ်။ ဒါကြောင့်မို့ ကျနော်တို့က နယ်စပ်ပိတ်ထားတာ” ဟု ပြည်ထဲရေးဝန်ကြီး အဆာဒတ်ဇမန် ခန်းက နိုဝင်ဘာလ အစောပိုင်းတွင် Daily New Age သို့ ပြောသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက စတင်သည့် ရိုဟင်ဂျာများကို စစ်ဆင်ဖြိုခွဲမှုကြောင့် ရိုဟင်ဂျာ တသန်းနီးပါး မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကာ အခြား ရိုဟင်ဂျာထောင်ပေါင်းများစွာနှင့် ဒုက္ခသည် စခန်းများတွင် သွားရောက်နေထိုင်ရသည်။ အများစုသည် နယ်စပ်တလျှောက်တွင် ခိုလှုံနေဆဲဖြစ်သည်။

(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော Bangladesh Launches Police Probe on ARSA Chief and Others Over Intelligence Officer’s Death ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာ လူ့အခွင့်အရေးမဟာမိတ်ဖွဲ့ရန် ရိုဟင်ဂျာများ စုစည်း

မြန်မာနယ်စပ် မူးယစ်ဆေးနှိမ်နှင်းမှုတွင် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးအရာရှိသေဆုံး

တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ

AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်

Your Thoughts …
Tags: ARNAARSAဒုက္ခသည်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရာဇဝတ်မှုရိုဟင်ဂျာအကြမ်းဖက်မှု
Muktadir Rashid

Muktadir Rashid

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

Next Post
၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ရှောင်တာနဲလ်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ

ဘရာဇီးနှင့် ဆွစ်ဇာလန်

သူတင်ကိုယ်တင် ယှဉ်ကစားလာသည့် ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲများ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate