• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြားမှ အိုးအိမ်မဲ့ဦးရေ၏ ၃၀ ရာခိုင်နှုန်း စိတ်ကျန်းမာရေး ချို့ယွင်းမှုဒဏ် ခံစားနေရဟုဆို

by ဧရာဝတီ
8 December 2022
in သတင်း
A A
စစ်ကိုင်းအတွင်း စစ်ကောင်စီတပ်က ရွာများကို လိုက်လံမီးရှို့နေရာ မိမိအိမ်ပါသွားသဖြင့် ယူကျူံးမရ ဖြစ်နေသည့် အမျိုးသမီးကြီးတဦး / CJ

စစ်ကိုင်းအတွင်း စစ်ကောင်စီတပ်က ရွာများကို လိုက်လံမီးရှို့နေရာ မိမိအိမ်ပါသွားသဖြင့် ယူကျူံးမရ ဖြစ်နေသည့် အမျိုးသမီးကြီးတဦး / CJ

7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီး နောက်ဆက်တွဲ ပဋိပက္ခများကြောင့် အိုးအိမ်မဲ့ဖြစ်ရသည့် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် စိတ်ကျန်းမာ ရေး ချို့ယွင်းမှုဒဏ်ကို ခံစားနေရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ဒီဇင်ဘာ ၅ရက်နေ့က ထုတ်ပြန်သည့် စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများ၊ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူ အနည်းဆုံး ၁ သန်းကျော်ရှိသည့်အနက် ၃၀ ရာခိုင်နှုန်း ဖြစ်သည့် လူဦးရေ ၃ သိန်းကျော်သည် စိတ်ကျန်းမာရေး ချို့ယွင်းနိုင်ကြောင်း အဆိုပါ စာတမ်းက ဆိုသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
826
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
3.1k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
1.1k

AAPP အနေဖြင့် ယင်းစာတမ်းကို ၎င်းတို့ ကိုယ်တိုင်ပြုစုထားသော အချက်အလက်များ၊ ပညာရှင်များ၏ စာတမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများကို တွေ့ဆုံမေးမြန်းခြင်းမျာ အပေါ် အခြေခံ၍ ရေးသား ဖော်ပြ ထားခြင်း ဖြစ်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှတ်တမ်းများအရ လူဦးရေ ၇၀,၀၀၀ ဝန်းကျင်မှာ ခိုလှုံရန်အတွက် အိမ်နီးချင်းနိုင်ငံများသို့ပင် နယ်စပ်ဖြတ်ကျော်ထွက် ပြေးနေရကြောင်း AAPP ၏ စာတမ်းတွင် ဆိုထားသည်။

စိတ်ကျန်းမာရေး ပညာရှင်များ၏ အဆိုအရ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းကြောင့် စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်သည့် စိတ် ဒဏ်ရာ ဖြစ်ရပ်အလွန် စိတ်ဖိစီးမှု လွန်ကဲခြင်း Post- traumatic stress disorder (PTSD) နှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့ ပြင်းထန်သော စိတ်ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည်ဟု သိရသည်။

စစ်တလင်း ဖြစ်နေသည့် နေရာဒေသများအနက်မှ စစ်ကိုင်းတိုင်းမှာ အခြေအနေ အဆိုးရွားဆုံးဖြစ်ပြီး စစ်ကောင်စီတပ်က ရောက်လေရာ ကျေးရွာတိုင်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံပြည်သူများမှာ ဆုံးရှုံးမှု ကြီးမား သည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများကို ကြုံတွေ့နေရကြောင်း ဧရာဝတီသတင်းဌာန၏ ဆက်သွယ် မေး မြန်းချက်များအရ သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတဦးက “ခံစားရတာတော့ ပြောမနေနဲ့အေ ရူးချင်သလိုလိုကို ဖြစ်လို့တော်။ အရင်နေရာ ပြန်နေရမှာလည်း မဟုတ်ဘူး ပြန်ဖြစ်တော့မှာလည်း မဟုတ်တော့ပါဘူး။ ပြန်မကြည့်ဖြစ် ပါဘူး။ ဘာမှ မကျန်တော့တာ သစ်ပင်ရိပ်တောင် ကောင်းကောင်း မကျန်ရစ်ဘူး။ ဘုန်းကြီးကျောင်းမှာပဲ နေရသေးတာ။ ငိုလိုက်ရတာ အဲဒီနေ့က လူ့ကို ရူးမတတ်ပါပဲအေ။ ခံစားလိုက်ရတာတော့ ပြောမနေနဲ့” ဟု ဧရာဝတီကို ပြောသည်။

ခင်ဦးမြို့နယ်အတွင်းက စစ်ရှောင်များ (CJ)

ယင်းသို့ နိုင်ငံအနှံ့အပြား တိုက်ခိုက်မှုများ၊ ဖမ်းဆီးခံထားရသော နေရာများတွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လိင်ပိုင်းဆိုင် ရာ စော်ကားမှုများ အပါအဝင် လုယက်မှု၊ မီးရှို့မှုနှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို အကြမ်းဖက် ဖျက်ဆီးခြင်းများသည် မြန်မာပြည်သူများ၏ စိတ်ကျန်းမာရေးကို ရေရှည် ထိခိုက်သက်ရောက်မှု ရှိစေနိုင်ကြောင်းလည်း AAPP ၏ စာတမ်းတွင် ဖော်ပြထား သည်။

လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသူများသည် နေရပ် အိုးအိမ်စွန့်ခွာရမှုများအပြင် စိတ်ထိခိုက်ဖွယ် ဖြစ်ရပ်များ ကြုံတွေ့ရမှုနှင့် နေ့စဉ် စိတ်ဖိစီးမှုများ တိုးမြင့်လာခြင်းကြောင့် စိတ်ကျန်းမာရေး ချို့တဲ့မှုနှုန်း မြင့်မားကြောင်း ဤစာတမ်းက ဆိုသည်။

AAPP ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင့်ရေးဆိုင်ရာ ကူညီထောက်ပံ့ခြင်း အစီအစဉ် (MHAP) တာဝန်ခံက “လက်ရှိ မြန်မာ နိုင်ငံက လူတွေကြုံနေရတာက စိုးရိမ်ပူပန်မှုပါပဲ။ အလုပ်အကိုင်နဲ့ ပတ်သက်တာ၊ လုံခြုံရေးနဲ့ ပတ်သက်တာတွေ စိုးရိမ်ပူပန် နေကြပါတယ်။ အဲဒါကတော့ အဓိက တွေ့ရှိချက်တွေပါ။ အညာဒေသဘက်က လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကလည်း ထိခိုက်မှုတွေ ရှိနေမှာပါ။ သို့သော် သူတို့မှာ ရှိနေတဲ့ နာကြည်းမှုတွေကို ခွန်အားအဖြစ် ပြောင်းပြီး အသုံးပြုနေကြတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

အထူးသဖြင့် စစ်ကောင်စီတပ်များသည်၂၀၂၂ ခုနှစ်အတွင်း အညာဒေသ တလျောက်လုံး မြေလှန်မီးတိုက်စနစ်ဖြင့် တရွာ ဝင်တရွာထွက် မီးရှို့နေသည့်တိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း အပြင်းအထန် ခုခံနေဆဲဖြစ်ရာ ပဋိပက္ခ အရှိန်အဟုန်မှာ ဆက်လက်မြင့်တက်နေရာ ဒေသခံများမှာ ၎င်းတို့၏ နေအိမ်များကို ပြန်လည် မတည်ဆောက်ရဲသည် အထိ ကြောက်လန့်နေရဆဲ ဖြစ်ကြာင်း သိရသည်။

ခင်ဦးမြို့နယ်က ကျန် စစ်ရှောင်အမျိုးသမီးတဦးကလည်း “အကုန်လုံးက အရိပ်မဲ့သွားကြပြီလေ။ ဘာတခုမှကို မရှိတဲ့ဘဝ ရောက် သွားမှတော့ စိတ်ခံစားချက်တွေက ပြင်းတာပ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဖြေနိုင်အောင် ဖြေနေရတာပဲ။ ငါတို့ ဝမ်း နည်းပြီး ရင်ကွဲပက်လက် ဖြစ်နေလည်း ဘာမှ အကျိုးမထူးတော့တာ သူတို့တွေနဲ့ နောက်တဖန် ပြန်တွေ့ရမှာ တွေလည်း ကြောက်နေလို့ အိမ်ကို သွားသာ ကြည့်ရတာ နေရာလည်း မလုပ်ရဲလို့ မလုပ်ရသေးဘူး” ဟု ပြောသည်။

ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံရပြီးနောက် ရွာအတွင်း ပြန်ဝင်ကာ မိမိပိုင်ပစ္စည်းများ လာရောက်ယူဆောင်သည့် စစ်ရှောင်များ (CJ)

ဆက်လက်ပြီး ၎င်းက “မင်းအောင်လှိုင် သူဖြစ်ချင်နေတဲ့ ဘုရင်ကြီး၊ သမ္မတကြီး ဖြစ်အောင် ငါတို့ ပြည်သူလူထုကို ဖင်ခု ထိုင်ပြီး၊ လူတွေကို ပဲလှော်သလို လှော်ပြီး အိုးမဲ့ အိမ်မဲ့ လုပ်နေတာ။ ငါတို့ကတော့ သူတို့ လုပ်သမျှတွေကို ခံစားနေရပါပြီ။ ကြေကွဲရတာတွေလည်း ရင်ကွဲပက်လက် သက်ကြီးရွယ်အိုတွေက အစ။ ပြည်သူတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် လုပ်ပြီး သူကတော့ အထက်စီးကနေ နေချင်တာ မကျေနပ်နိုင်သေးဘူးလားလို့ ဇော်မင်းထွန်းနဲ့ မင်းအောင်လှိုင်ကို။ ကျုပ်တို့မှာ ခန္ဓာကိုယ်ပဲ ကျန်ခဲ့တော့တာ” ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အစစအရာရာ ကျပ်တည်းမှုများမှာ ပိုမိုဆိုးဝါးလာသလို၊ လုံခြုံရေးပြဿနာများ၊ အသက် အိုးအိမ်စည်းစိမ်ခြိမ်းခြောက်နေသည့် ပြဿနာများအပြင် ယခုလို အိုးအိမ်ပစ်ကာ စစ်ဘေးရှောင်နေရသည့်ဦးရေမှာလည်း တစထက်တစ တိုးပွားလာလျက်ရှိသည်။

စိတ်ကုထုံး ပညာရှင်တဦးက “နိုင်ငံရေး အပါအဝင် အခြေအနေအားလုံးက မြန်မာပြည်ထဲမှာရှိနေတဲ့ လူတွေအတွက် ဖိအား အမျိုးမျိုး ရနေတာကြောင့် အရင်တုန်းကထက်စာရင် စိတ်ကျန်းမာရေးချို့ယွင်းမှု ဒဏ်ကို ပိုခံစားနေရတယ်။ ဒီနှစ်ပိုင်းအတွင်းမှာ ဘာကိုတွေ့လဲဆို တော့ တော်တော်များများက မျှော်လင့်ချက် မဲ့တယ် ဆိုတာမျိုးပေါ့။ အရှေ့ကို မမြင်ရဘူးဆိုတဲ့ ခံစားချက်မျိုး ကြားရတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းမှ ပြည်သူလူထုအပါအဝင် မြန်မာနိုင်ငံသားများ၏ စိတ်ကျန်းမာရေး ထိခိုက်စေသည့် အဓိက အကြောင်းရင်း ၃ ခုမှာ အာဏာသိမ်းမှု၏ ရလဒ်ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနှင့် နိုင်ငံရေး လွတ်လပ်ခွင့် နည်းပါးခြင်း တို့ဖြစ်ကြောင်းနှင့် အာဏာသိမ်း ခံရပြီးသည့်နောက် မြန်မာနိုင်ငံသား တဦးချင်းစီသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တခု မဟုတ်တခု ခံစားနေရကြောင်းကို AAPP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

AAPP ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင့်ရေးဆိုင်ရာ ကူညီထောက်ပံ့ခြင်း အစီအစဉ် MHAP တာဝန်ခံက “ကျနော်တို့ တိုင်းပြည်ဟာ ဟိုးအရင်ကတည်းက စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြုစုစောင့်ရှောက်မှု နည်းနေတဲ့ တိုင်းပြည်ပါ။ စိတ်ရောဂါကုဆရာဝန်တွေရဲ့ အရေအတွက်ကလည်း တော်တော်လေး နည်းပါတယ်။ ၂၀၁၇ နှစ် ထုတ်ပြန်ထားတဲ့ စာရင်းအရ လူ ၁ သိန်းအတွက် ဆရာဝန် ၁ ယောက် ပြည့်အောင် မရှိဘူး။ အဲဒီလို စိတ်ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ တိုင်းပြည်မှာ အခုလို အာဏာသိမ်းခံရတာရော ကိုဗစ်ရော ဖြစ်တဲ့အခါမျိုးမှာ စိတ်ကျန်းမာ ရေး အခြေအနေက ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်လာတယ်” ဟု ပြောသည်။

AAPP သည် အကျဉ်းကျစဉ်အတွင်း နှိပ်စက် ညှဉ်းပန်းခံရသူများအတွက် စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေးဆိုင်ရာ ကူညီ ထောက်ပံ့ခြင်း အစီအစဉ် Mental Health Assistance Program(MHAP) ကို ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ အကူအညီဖြ င့် ၂၀၁၀ တွင် စတင်လုပ်ဆောင်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။

You may also like these stories:

အကျပ်အတည်းတွေကြား အဆုံးစီရင်မှုတွေ တိုးလာသလား

ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစိတ်ကျန်းမာရေးမီးရှို့အိုးမဲ့အိမ်မဲ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

by စောရယ်
10 September 2023
10.1k

တပ်ရင်းတပ်ဖွဲ့နဲ့ ရပ်ရွာကာကွယ်ရေးတာဝန်ယူတဲ့ ပ.က.ဖ တွေကြား ရင်းနှီးမှုပိုရှိလာရင် ကျနော်တို့ကြား ပြဿနာတွေ နည်းလာမယ်။ အခုနောက်ပိုင်းမှာ စစ်တပ်က လုံးဝကို အပျောက်မီးရှို့ပစ်တာ။ တွေ့တာနဲ့သတ်ပစ်တာ။ အဲဒီတော့ ကျနော်တို့အချင်းချင်းက စည်းလုံးမှရမယ်။ မစည်းလုံးရင် အခြေအနေက ပိုဆိုးမယ်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

by စောလွင်
16 October 2024
7.9k

မကြာသေးမီက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသည့် ပင်လည်ဘူးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသော ဝန်းသိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်များကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်တွေ့ဆုံခဲ့သည်။

Next Post
မတ္တရာမြို့နယ်အတွင်းက စစ်ဘေးရှောင်များ  / CJ

ဧရာဝတီမြစ်ဘေး ကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးနေကြရ

နမ့်ဆန်တွင် အာဏာသိမ်းတပ်နှင့် TNLA တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

နမ့်ဆန်တွင် အာဏာသိမ်းတပ်နှင့် TNLA တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate