• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် နှစ်ဦး တွေ့ခွင့်ရ

by ဧရာဝတီ
9 December 2022
in သတင်း
A A
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

17.6k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် အချုပ်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားရင်ဆိုင်နေရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်နှစ်ဦးနှင့် တွေ့ဆုံရန် စစ်ကောင်စီက စီစဉ် ခွင့်ပြုပေးခဲ့ကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သတင်း ရရှိသည်။

ထိုသို့ တွေ့ဆုံခွင့်ပြုခြင်းခံရသူနှစ်ဦးမှာ ၂၀၁၅ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်မှ ဝင်ရောက် အရွေးခံခဲ့သော NLD ပါတီဝင် ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်ဆိုသူတို့ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် နီးစပ်သူ သတင်းရင်းမြစ် ၃ ခုက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

RelatedPosts

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီ ဖက်ရှင်မဂ္ဂဇင်းဖယ်ရှား (ရုပ်/သံ)

18 July 2025
69
လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

18 July 2025
1.7k
မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
48

ဦးတိုးလွင်ဆိုသူမှာ NLD ပါတီ၏ ဖျာပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ ယောက်ဖ တော်စပ်သူ ဖြစ်သည်။

ဧရာဝတီ သတင်းရင်းမြစ်များ၏ အဆိုအရ တရားရုံးထုတ် မရှိသည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက သူနေထိုင်ရာအခန်းမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ စီစဉ်ထားသည့် နေပြည်တော် အချုပ်ထောင်တနေရာ၌ တွေ့ဆုံ စကားပြောခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးနှင့် တွေ့ဆုံမှုအပြီး ပြန်ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံသဏ္ဍာန်မှာ စိတ်ဆိုးဒေါသထွက်နေသည့် ပုံစံမျိုး ဖြစ်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်တဦးက ပြန် ပြောပြသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံသည်ဆိုသော သတင်းနှင့်၎င်းတို့ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရှိရန်ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်ခဲ့သည့် ဒေါ်စန္ဒာမင်းအား ဧရာဝတီက ဆက်သွယ်ရန်ကြိုးစားသော်လည်း မရရှိခဲ့ပါ။

နိုင်ငံရေးလေ့လာသူများက စစ်ကောင်စီက ကျင်းပမည်ဟု ပြောဆိုထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက် ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးပြောဆိုနေကြသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သော ဒေါ်စန္ဒာမင်းသည် ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသူဟောင်းတဦးဖြစ်ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ နေပြည်တော် ဇမ္မူသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘဲ NLD ပါတီ ဇေယျာသီရိမြို့ နယ် အောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။

စစ်ကောင်စီက လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လထဲတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေသော်လည်း အာဆီယံအသင်း အလှည့်ကျ ဥက္က္ကဋ္ဌ ဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုက ဂျကာတာဘုံသဘောတူညီချက်အတိုင်း အတိုက်အခံများ အားလုံးနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း မပြုဘဲ တဘက်သက် ရွေးကောက်ပွဲကျင်းပပါက အာဆီယံအနေဖြင့် အသိအမှတ်ပြုမည် မဟုတ်ဟု ပြောဆိုထားသည်။

You may also like these stories :

နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား

မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား

စစ်ကောင်စီဆန့်ကျင်ရေးသမား လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

Your Thoughts …
Tags: NLDစစ်ကောင်စီဒေါ်စန္ဒာမင်းဒေါ်အောင်ဆန်းစုကြည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နေပူတောင် မာဘယ်လ်ကျောက်ထုတ်လုပ်ငန်း မြင်ကွင်းများ  / CJ

နေပူတောင် မာဘယ်လ်ကျောက်ထုတ်လုပ်ငန်း ပြန်လည်ပတ်ရန် စီစဉ်နေ

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဖန်ဗန်ဂျီယန်က ဝန်ကြီးချုပ် ဖမ်မင်ချင်ကို ဗီယက်နမ် နိုင်ငံတကာ ကာကွယ်ရေးပြပွဲ ၂၀၂၂ တွင် S-125 ဒုံးကျည်စနစ်အကြောင်း ရှင်းပြစဉ်  / VNA

ဗီယက်နမ်က ပထမဆုံးအကြိမ် ကာကွယ်ရေး ပစ္စည်းပြပွဲပြုလုပ်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate