• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အား ထောင်ဒဏ် အနှစ်၂၀ ချမှတ်

by ဧရာဝတီ
15 December 2022
in သတင်း
A A
NLD အစိုးရလက်ထက် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးဘိုဘိုငယ်

NLD အစိုးရလက်ထက် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးဘိုဘိုငယ်

3.6k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အစိုးရ လက်ထက်၌ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒု ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးဘိုဘိုငယ် အား စစ်ကောင်စီက ဒီဇင်ဘာလ ၁၃ ရက်တွင် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ရန် အမိန့်ချလိုက်ကြောင်း သတင်း ရရှိသည်။

ဦးဘိုဘိုငယ်အား စစ်တပ် အာဏာသိမ်းသည့်နေ့မှာပင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး တနှစ်ကျော်အကြာ၌ အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်၏ ပွင့်လင်းလူ့အဖွဲ့အစည်း (Open Society Myanmar- OSM) ထံ ငွေလွှဲပြောင်း၊ ထုတ်ယူမှုနှင့် ပတ်သက်ပြီး နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အပါ အဝင် ပုဒ်မ ၂ ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
132
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
169
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
572

ထိုကဲ့သို့ အမှုဖွင့်ပြီးနောက် ဦးဘိုဘိုငယ်အား မေလဆန်းပိုင်းတွင် မန္တလေးထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ပုဒ်မ ၂ ခုဖြင့် ဆက်လက် တရားရင်ဆိုင်ခဲ့ရသည်။

အမည်မဖော်လိုသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက “ဖမ်းပြီးမှ အမှုဖွင့်တယ်ဆိုကတည်းက ထောင်ချချင်လို့ကို အပြစ်မရှိ အပြစ်ရှာပြီး လုပ်တယ်ဆိုတာ ထင်ရှားနေတာပဲလေ” ဟု ပြောသည်။

ယင်းသို့ အမိန့်ချမှတ်မှုကို ထောင်တွင်း တရားရုံးက ချမှတ်လိုက်ခြင်း ဖြစ်ပြီး ဦးဘိုဘိုငယ်အနေဖြင့် ရှေ့နေမငှားဘဲ ကိုယ်တိုင် လျှောက်လဲချက်ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ ဦးဘိုဘိုငယ်အား ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် ၎င်း၏ မိသားစုဝင် များအား ဧရာဝတီက မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဦးဘိုဘိုငယ်သည် ၈၈ အရေးအခင်းကာလ၌ ကျောင်းသားဘဝဖြင့် ဆန္ဒပြပွဲများတွင်ပါဝင်လှုပ်ရှားခဲ့သဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။

၎င်း ထောင်မှ လွတ်လာပြီးနောက် ပြည်ပသို့ ထွက်ကာ အလုပ် လုပ်ရင်း အမေရိကန်နှင့် အင်္ဂလန်တို့၌ စီးပွားရေး ဘာသာရပ်များ သင်ကြားခဲ့သလို၊ ရင်နှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။

ဦးဘိုဘိုငယ်သည် မြန်မာနိုင်ငံသို့ ပြန်လာကာ NLD စီးပွားရေး ကော်မတီ၌ ဘဏ်ပညာရှင်တဦးအနေဖြင့် ပါဝင်လုပ် ဆောင်ခဲ့သလို၊ ၂၀၁၇ ဇူလိုင်လတွင် ၎င်းအား ဗဟိုဘဏ် ဒုဥက္ကဋ္ဌ အဖြစ် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။

လက်ရှိ ဦးဘိုဘိုငယ်အား စွဲဆိုထားသည့် ပုဒ်မ ၅၅ မှာ အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

You may also like these stories:

ဂျော့ဆိုးရော့စ်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်ကို အမှုဖွင့်

တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ

Your Thoughts …
Tags: ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဂတိလိုက်စားမှုဦးဘိုဘိုငယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
26.8k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
စစ်ကောင်စီကို ရာဇသံပေးလိုက်တာ၊ နောက်ဆုံး သတိပေးလိုက်တာပဲ

စစ်ကောင်စီကို ရာဇသံပေးလိုက်တာ၊ နောက်ဆုံး သတိပေးလိုက်တာပဲ

စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် တူနေသောကြောင့် လူအများကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့် ၂၀၂၂ စက်တင်ဘာ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သော ALP ပါတီ၏ ရဲဘော်သစ် သင်တန်းဆင်းပွဲ  /  Facebook

BGF အသွင်ပြောင်းတော့မည်ဆိုသော ပြောဆိုချက်များ ALP ငြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate