• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်ကြီး ဂမ်ရှောင် KIO ဥက္ကဋ္ဌ ဖြစ်လာ

by ဧရာဝတီ
4 January 2023
in သတင်း
A A
ကချင်လွတ် လပ်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင်  / The Kachin Net

ကချင်လွတ် လပ်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင် / The Kachin Net

12k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကျန်းမာရေး မကောင်းသဖြင့် ရာထူးမှ အနားယူ သွားရာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင်က ယာယီ ဥက္ကဋ္ဌ ဖြစ်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူများက ဆိုသည်။

အသက် ၈၀ ကျော်လာပြီ ဖြစ်သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသရန် အနားယူ သွားခြင်းဖြစ်ရာ ထို့အတွက် KIO ဥက္ကဋ္ဌနှင့် KIA တပ်မှူးကြီး ရာထူးကို ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောင်းလဲ တာဝန်ယူ လိုက်ခြင်း ဖြစ်သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
124
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
121

ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၏ ရာထူး ဖြစ်သည့် KIA စစ်ဦးစီးချုပ် ရာထူးကို ဒု စစ်ဦးစီးချုပ် ၁ ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း (R. Hkawng Lum)က ပြောင်းလဲ တာဝန်ယူထားကြောင်းလည်း KIA နှင့် နီးစပ်သူများက ဆိုသည်။

သတင်းရင်းမြစ်တဦးက “အဓိကက ဗိုလ်ချုပ်ကြီး အင်ဘန်လက အသက်ကြီးပြီ။ ကျန်းမာရေးလည်း မကောင်းဘူးဆိုတော့ ဆေးကုရမှာဖြစ်လို့ အနားယူတာပါပဲ။ ဒါကို မနှစ်ကတည်းက ပြင်ဆင်ထားပုံရပါတယ်။ အရင်ဥက္ကဋ္ဌ ဦးဇောင်းဟရား တုန်းကလည်း အသက်ကြီးတော့ နားသွားပြီး ဥက္ကဋ္ဌ အင်ဘန်လ ဆက်ပြီး တာဝန်ယူတာပါ။ KIA မှာက အဲဒီ အစဉ်အလာ ရှိပါတယ်” ဟု ပြောသည်။

KIO ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။သို့သော် KIO ဥက္ကဋ္ဌ အပြောင်းအလဲကို KIO ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း KIA နှင့်နီးစပ်သူများက ဆိုသည်။

KIA နှင့်နီးစပ်သူများကမူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည် ၎င်း စစ်ဦးစီးချုပ်တာဝန်ယူစဉ်ကတည်းက KIA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များပူးတွဲ စစ်ရေးလှုပ်ရှားနိုင်ရေး ကြီးကြပ်ခဲ့သူဖြစ်သဖြင့် ၎င်း KIO ဥက္ကဌဖြစ်လာသည့် နောက်တွင် PDF များနှင့်ပတ်သက်၍ မူဝါဒပြောင်းလဲမှုမရှိနိုင်ကြောင်းဆိုကြသည်။

ထို့အပြင် ယခုတက်လာသည့် KIO ခေါင်းဆောင်နှင့် စစ်ဘက်ခေါင်းဆောင်များသည် ခေတ်ပညာတတ်များဖြစ်သဖြင့် မြန်မာနိုင်ငံရေးအပါအဝင် ကမာ္ဘနိုင်ငံအရေးကို ပိုမိုချိန်ဆနိုင်ပြီး KIO ၏ လှုပ်ရှားမှုများကို ပိုမိုသွက်လက်စေမည်ဟု သုံးသပ်ကြသည်။

ဗိုလ်ချုပ်ကြီး ဂမ်ရှောင်သည် ၁၉၇၄ တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး KIA ၌ အောက်ခြေတပ်သား အဆင့်ဖြင့် ဝင်ရောက်ကာ ရာထူးအဆင့်ဆင့်တက်လာသူ ဖြစ်သည်။

စစ်တပ်နှင့် KIA အပစ်အခတ် ရပ်စဲထားသည့် ကာလတွင် မြစ်ကြီးနားမြို့၌ KIA ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူဖူးပြီး ၎င်းသည် ဘာသာတရားကိုင်းရှိုင်း၍ အသောက်အစားကင်းကာ စည်းကမ်းကြီးသည့် ခေါင်းဆောင်တဦးအဖြစ် KIA ၌ နာမည်ကြီးသည်။

ဗိုလ်ချုပ် ခေါင်လွမ်းမှာ ၁၉၈၈ နောက်ပိုင်းတွင် KIA သို့ ဝင်ရောက်လာသူ ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက် KIA နှင့် မြန်မာစစ်တပ်တို့ တကျော့ပြန်စစ်ပွဲကာလ၌ တပ်မဟာတခု၏ ခေါင်းဆောင်ပိုင်းရာထူး ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းသည် KIA အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ (UNFC) တွင် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူဖူးသည်။

You may also like these stories:

စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

ဖားကန့်ဒေသတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေ

ပင်လုံစာချုပ်ကို NUG က ဦးဆောင်တာဝန်ယူရန် အရေးကြီးဟု KIA စစ်ဦးစီးချုပ်ပြော

Your Thoughts …
Tags: KIAKIOစစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဗိုလ်ချုပ်ကြီး ဂမ်ရှောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
နေပြည်တော်၌ ပြုလုပ်သည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / CINCDS

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများအား သွားရောက်တိုက်ခိုက်သည့် ကရင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများ အတိုက်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate