• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကူးမှု မြင့်နေသည့် တရုတ်နိုင်ငံမှ ဝင်မည့်ခရီးသွားများအတွက် မြန်မာ ပြင်ဆင်မှု မရှိ

by ဧရာဝတီ
6 January 2023
in သတင်း
A A
၂၀၁၉ ခုနှစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီသို့ လာရောက်သည့် တရုတ်ခရီးသွားများ / ဧရာဝတီ

၂၀၁၉ ခုနှစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီသို့ လာရောက်သည့် တရုတ်ခရီးသွားများ / ဧရာဝတီ

2.5k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေသည့် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များကို မြန်မာနိုင်ငံအတွင်းသို့ ယခုလ ၈ ရက်တွင် ပြန်လည် ဝင်ထွက်ခွင့်ပြုတော့မည်ဖြစ်သော်လည်း ရောဂါကာကွယ်ခြင်းအစီအစဉ်များနှင့် ပတ်သက်၍ သီးခြား ပြင်ဆင်ထားခြင်းမျိုး မရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံမြို့ကြီးများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်နေသလို၊ ဘေကျင်းနှင့် ရှန်ဟိုင်း အစရှိ သည့် မြို့ကြီးများရှိ ဆေးရုံများတွင်လည်း လူနာများနှင့်ပြည့်၍ ခုတင်မလုံလောက်မှုများ ဖြစ်ပေါ်ကာ ကိုဗစ်ကြောင့် သေ ဆုံးသူဦးရေမှာလည်း များပြားလျက်ရှိသည်။ ထိုသို့ ကိုဗစ်ကူးစက်မှု မြင့်နေသော်လည်း တရုတ်နိုင်ငံက ကာလကြာ ရှည် ချမှတ်ထားသည့် ကိုဗစ်စည်းမျဉ်းစည်းကမ်းများ ပြန်ရုပ်ပေးခဲ့ပြီး ပြည်တွင်း/ပြည်ပ ဝင်ထွက်ခွင့်များကို ယခု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည် ခွင့်ပြုပေးခဲ့သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
39
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
563
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
166

ကိုဗစ်ကူးစက်မှု မြင့်နေသည့် တရုတ်နိုင်ငံမှ လာမည့် ခရီးသွားများအတွက် ကမာ္ဘ့နိုင်ငံအများစုကမူ တခြားနိုင်ငံသား များထက် ပို၍ ကိုဗစ်-၁၉ စည်းမျည်းစည်းကမ်းများကို တင်းကျပ်စွာ သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများ ပြန်လည် ဝင်ရောက်လာခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် နေသလို၊ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ကမာ္ဘလှည့်ခရီးသည်များနှင့် ထိုင်းခရီးသွားလုပ် ငန်း ဝန်ထမ်းများကို COVID 19 အားဖြည့် ကာကွယ်ဆေးထိုးပေးရေး အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထိုသို့ ပြည်ပနိုင်ငံအသီးသီးက တရုတ်ခရီးသွားများအပေါ် ကိုဗစ်ကန့်သတ်ချက်နှင့် ပတ်သက်၍ ထုတ်ပြန်မှုများ ပြုလုပ် သော်လည်း တရုတ်ခရီးသွားအများဆုံး လာရောက်သည့် မြန်မာနိုင်ငံအနေဖြင့်မူ လက်ရှိအချိန်အထိ သီးခြား ကိုဗစ် စည်းမျည်းစည်းကမ်းများကို ထုတ်ပြန်ကြေညာထားခြင်း မရှိသေးကြာင်း သိရသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းရှင်တဦးက “တရုတ်ခရီးသွားဈေးကွက်ကို စတင်ဖို့ ဆွေးနွေးနေတာ ရှိတယ်။ ဒါပေမယ့် အခု တရုတ်မှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသားတွေအတွက် စည်းကမ်းသီးခြားတော့ မရှိဘူး။ လောလောဆယ် ဖြစ်နေတာကတော့ အခြားနိုင်ငံတွေမှာဆိုရင် တရုတ်နိုင်ငံကဆိုရင် တခြားနိုင်ငံထက်ပိုပြီးတော့ စစ် ဆေးတာတွေ ရှိတယ်။ ကျနော်တို့ဆီမှာတော့ လာရောက်တဲ့ နိုင်ငံသားအားလုံးကို ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းကမ်း ချက်တွေကို တပြေးညီ ထုတ်ထားတာဆိုတော့ တရုတ်နိုင်ငံသားတွေအတွက် သီးခြား ထုတ်ထားတာတော့ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံသည် ပြည်ဝင်/ ပြည်ထွက်များကို ယခု ဇန်နဝါရီလ ၈ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့်လည်း ခရီးသွားများကို လက်ခံရန်နှင့် တရုတ်ခရီးသွားဈေးကွက်ကို စတင်ရန်အတွက် သက်ဆိုင် ရာ တာဝန်ရှိသူများ၊ နှစ်နိုင်ငံအသင်းအဖွဲ့များ၊ တရုတ်- မြန်မာအသင်းအစရှိ သည်တို့နှင့် လက်ရှိတွင် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “အဓိကတော့ ကျနော်တို့ ဆောင်ရွက်မယ်ဆိုရင် အထူး ဂရုစိုက်သင့်တာကတော့ တရုတ်နိုင်ငံ ဒေသတွင်း ထုတ်နေတဲ့ စည်းကမ်းချက်တွေကို ကျနော်တို့ ဆီမှာ ရှိနေတဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြားသော အဖွဲ့ အစည်းတွေက အမြဲနားစွင့်ပြီး ဆောင်ရွက်မှ ဖြစ်မယ်။ ကျနော်တို့က အမြဲ နောက်ကျနေတယ်ဆိုရင်တော့ သတင်း အချက်အလက်တွေက Update ဖြစ်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျနေသည့် မြန်မာနိုင်ငံအတွင်းသို့ ထိုသို့ ကူးစက်မှုနှုန်း မြင့်တက်နေသည့် တရုတ်နိုင်ငံမှ လာမည့် ခရီးသွားများအတွက် မည်သို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားခြင်းများ ရှိမရှိ ကို စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးအား ဧရာဝတီက ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားပေးခြင်း မရှိပေ။

ယခုလ ၃ ရက်နေ့တွင် နယ်စပ်ဂိတ်ပေါက်များမှ ကုန်ဝင်/ကုန်ထွက် ခွင့်ပြုရေးကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ် ဘက်မှ ရွှေလီမြို့တော်ဝန် Mr. Shang La Brin ဦးဆောင်သော အဖွဲ့နှင့် မူဆယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး ဦး ဆောင်သောအဖွဲ့တို့ အွန်လိုင်းဖြင့် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးအရ ဇန်နဝါရီလ ၈ ရက်တွင် လူဝင်/ လူထွက် ခွင့်ပြုခြင်းကို တရုတ်စံတော်ချိန် နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိုသို့ တရုတ်ဘက်မှ နယ်စပ်ဂိတ်ပေါက်များကို ခွင့်ပြု ရာတွင် ၄၈ နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ချက် အထောက်အထားတင်ပြခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လူဝင်/ လူထွက်ခွင့်ပြုရာတွင် TBP (Tampoary Border Pass) ကိုင်ဆောင်ထားသူများကို ဝင်ခွင့်ပြုမည် မဟုတ်ဘဲ မြန်မာ-တရုတ် နှစ်နိုင်ငံကြား (MOU) ရေးထိုးရာတွင် ခွင့်ပြုထားသည့် စာအုပ်အနီ ကိုင်ဆောင်သူများကိုသာ ခွင့်ပြု မည် ဖြစ်ပြီး ဂိတ်များဖွင့်၍ မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားလာခွင့်နှင့် ပတ်သက်ပြီး ၁၄ ရက်အတွင်း ကာကွယ်ထိုးနှံမှု အပြည့်အဝ ထိုးနှံသည့်အထောက်အထားနှင့် ၄၈ နာရီအတွင်း RPT (ကိုဗစ်ပိုးမရှိကြောင်း ဆေးစစ်ချက်) ပြရမည်ဟု တရုတ်ဘက်က ဆိုသည်။

ထို့ပြင် RPT မပြနိုင်ပါက စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်သလို ပိုးတွေ့ရှိပါက ကွာရန်တင်း ၅ ရက်ထား၍ အသွား အလာ ကန့်သတ်မည် ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှုအတွက် ကျသင့်ငွေကို မိမိစရိတ်ဖြင့် ကုန်ကျရမည်ဟု တရုတ်ဘက် ပြောဆိုသည်။

မြန်မာဘက်မှ ပြန်လည် ဆွေးနွေးရာတွင် နယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ်ခြင်းသည် နိုင်ငံတော်အဆင့် သတ်မှတ်ထား သည့် ဂိတ်ပေါက်များ ဖြစ်သဖြင့် သံတမန်လမ်းကြောင်းအရ တရားဝင်စာဖြင့် ညှိနှိုင်း ဆောင်ရွက်ရန်၊ ဂိတ်ပြန်ဖွင့်ပါက တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်ရာတွင် ဆေးစစ်ခ မည်မျှ ကောက်ခံမည်နှင့် ဂိတ်ဖွင့်လှစ်ခြင်းကို အထက်သို့ တင်ပြသွားမည် ဖြစ်ကြောင်းကိုသာ ဆွေးနွေးခဲ့သည်ဟု ယင်းအစည်းဝေးပွဲသို့ တက်ခဲ့ရောက်သူများထံက သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ထားရသည့် ခရီးသွားလုပ်ငန်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ ခရီးသွားရာ သီတွင် အာဆီယံနိုင်ငံများမှသာ ပြည်ပခရီးသွားများ ဝင်ရောက်မှုရှိပြီး ထိုင်းနိုင်ငံသားများ အများဆုံးဖြစ်သည်။

ယခုအခါ တရုတ်မှ ပြည်ဝင်/ ပြည်ထွက်ခွင့်ပြုပေးမည် ဖြစ်သလို မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များတွင်လည်း လူဝင်/လူထွက် ခွင့်ပြုပေးမည် ဖြစ်သောကြောင့် တရုတ်ခရီးသွားဈေးကွက် စတင်ရန်အတွက် ပြည်တွင်း ခရီးသွား လုပ်ငန်းရှင်များက ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ အခြေစိုက် ခရီးသွား လုပ်ငန်းရှင်တဦးက “အခုရာသီမှာတော့ ခရီးသွား ဝင်ရောက်မှုက တိုးတက်မှု ရှိတယ် လို့တော့ ပြောလို့ရပေမယ့် တကယ်တမ်း ခရီးသွားအရေအတွက်က လိုအပ်သလောက် မျှော်မှန်းထားသလောက် မဖြစ် လာသေးဘူး။ ထောင်ဂဏန်းလောက် တက်လာတယ်ပေါ့။ ရာခိုင်နှုန်းအားဖြင့် မဖြစ်စလောက်လေးပါ။ ဒါကြောင့်မို့ ခရီး သွားလုပ်ငန်းက ကြိုးစားရဦးမယ်။ ဖြေလျှော့မှုတွေလည်း လုပ်ရပေးရဦးမယ်။ တရုတ်ခရီးသွားကိုတော့ မျှော်လင့်ထား တယ်” ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုအပါအဝင် နိုင်ငံ၏ နေရာအနှံ့အပြား၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး အမေရိကန် နိုင်ငံသားများကို မတရား ဖမ်းဆီးထိန်းသိမ်းနိုင်မှု မြင့်မားနေသဖြင့် အဆင့် ၄ သတ်မှတ်ပြီး အမေရိကန်အနေဖြင့် ၎င်း နိုင်ငံသားများကို ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ထား သည်။

စစ်တပ် အာဏာမသိမ်းခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၈၊၂၀၁၉ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုမှာ ၄ ဒသမ ၈ သန်းကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

You may also like these stories:

တရုတ်-မြန်မာနယ်စပ်ဂိတ်များ လာမည့်နှစ်ဆန်း၌ ပြန်ဖွင့်မည်

အာရှလမ်းပိတ်ထား၍ မြဝတီနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်

လာတော့မည့် တရုတ်ခရီးသည်များအား ကာကွယ်ဆေးထိုးပေးရန် ထိုင်းခရီးသွားဝန်ကြီး တောင်းဆို

Your Thoughts …
Tags: ကိုဗစ်ရောဂါတရုတ်နိုင်ငံသားမြန်မာ့ခရီးသွားလုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြဝတီကျားဖြန့်မှ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားတဦး သေဆုံး

မြဝတီကျားဖြန့်မှ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားတဦး သေဆုံး

by ဧရာဝတီ
27 February 2025
1.5k

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ(ကျားဖြန့်)မှ ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများ အနက် တရုတ်နိုင်ငံသားတဦး ယမန်နေ့၌ သေဆုံးခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

ရွှေကုက္ကိုလ် ဝမ်းရောဂါကြောင့် အရေးပေါ်ကာကွယ်မှု ထိုင်းပြုလုပ်

by ဧရာဝတီ
23 December 2024
1.2k

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲရှိ ရွှေကုက္ကိုလ်မြို့တွင် ကာလဝမ်းရောဂါ ပျံ့နှံ့ဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

by ဧရာဝတီ
6 March 2025
528

BGF က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများ လုံးဝပပျောက်အောင် ရှင်းလင်းသွားမည်ဟု ပြောထားပြီး စစ်ဆင်ရေးကာလအတွင်း ကျားဖြန့်လုပ်ငန်းများ ရပ်ဆိုင်းထားရန် ပြောသော်လည်း ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းမှ မြန်မာနိုင်ငံသား တဦး ၊ မြဝတီမြို့ရှိ လုပ်ငန်းခွင်မှ မြန်မာနိုင်ငံသား တဦး...

မော်ချီး ဗုံးကြဲခံရမှု တရုတ်နိုင်ငံသားတဦးနဲ့ ဒေသခံတွေသေဆုံး (ရုပ်/သံ)

မော်ချီး ဗုံးကြဲခံရမှု တရုတ်နိုင်ငံသားတဦးနဲ့ ဒေသခံတွေသေဆုံး (ရုပ်/သံ)

by ဧရာဝတီ
27 April 2025
276

ကရင်နီပြည်၊ ဖားဆောင်းမြို့က မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားတဦးအပါအဝင် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ ကြတယ်လို့ မြေပြင်က သတင်းအရင်းအမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

ရန်ကုန်မြို့ (ဧရာဝတီ)

ရန်ကုန်နှင့် မြို့ကြီးများမှ ဟိုတယ်များ အစုလိုက်အပြုံလိုက် ရောင်းချလာ

by ဧရာဝတီ
22 June 2023
13.2k

ပြီးခဲ့သည့် မေလအတွင်းကပင် အနည်းဆုံး ကျပ်သိန်း ၃ ထောင်မှ ကျပ်သိန်း ၄ သောင်းကျော်၊ ကျပ်သိန်း ၆ သောင်းကျော် တန်ဖိုးရှိ အခန်းပေါင်း ၅၀ နှင့်အထက်ရှိသော ဟိုတယ် ၂၇ လုံး ရောင်းချရန်...

ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသား ၂၀၀ ကို စတင်ပြန်ပို့ (ရုပ်/သံ)

ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသား ၂၀၀ ကို စတင်ပြန်ပို့ (ရုပ်/သံ)

by ဧရာဝတီ
20 February 2025
120

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုက လွှဲပြောင်းပေးထားတဲ့ တရုတ်နိုင်ငံသား ၂၀၀ ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်က တဆင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်လွှဲပြောင်းပါတယ်။

Next Post
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့ ဆန္ဒပြသူ တဦး / AFP

မင်းအောင်လှိုင်ကို ဖယ်ရင် အားလုံးပါတဲ့ စေ့စပ်ညှိနှိုင်းရေး ဖြစ်နိုင်မယ်

ဒီပဲယင်းကွဲကျေးရွာအား မီးရှို့သွားသဖြင့် အိမ်ခြေ ၇၀ကျော် မီးလောင်သွားခဲ့သည် / CJ

ဒီပဲယင်းကွဲ ရွာကို စစ်တပ်ဝင်စီး၊ စာချဆရာတော်နှင့် အမျိုးသမီးတဦးအား သတ်သွား

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

17 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate