• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“ဝ”ဒေသရှိ တရုတ်ကုမ္ပဏီများထံ လူကုန်ကူးခံရသူများ ထပ်မံ ရောင်းစားမည်ဟု ခြိမ်းခြောက်ခံရ

by ဧရာဝတီ
10 January 2023
in သတင်း
A A
တရုတ်ကုမ္ပဏီများထံ ရောင်စားခံရသည့် လူငယ်တချို့

တရုတ်ကုမ္ပဏီများထံ ရောင်စားခံရသည့် လူငယ်တချို့

4.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် အရှေ့ပိုင်း၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ၊ မိုင်းပေါက်မြို့ရှိ တရုတ် ဒုစရိုက် ကုမ္ပဏီများထံ ရောင်းစားခံရသည့် လူငယ်များမှာ ချုပ်နှောင်ခံထားရပြီး ထပ်ဆင့်ရောင်းစားမည်ဟုလည်း ခြိမ်းခြောက်နေရကြောင်း သိရသည်။

လူငယ်များမှာ ပြင်ဦးလွင်၊ သီပေါ၊ ကျောက်မဲ၊ ရွှေဘို၊ သန်လျင်၊ မြန်အောင်၊ အင်္ဂပူ စသည့်မြို့ များမှ ဖြစ်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် အလုပ်များ လုပ်ကိုင်သော ဟွာရှင်း ကုမ္ပဏီသို့ အမျိုးသမီး အမျိုးသား ၁၀ ဦး၊ ဟော်ပိရှောင်ဟုန်း ကုမ္ပဏီသို့ အမျိုးသား အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၂၉ ဦးဖြစ်ကြောင်း သိရသည်။

RelatedPosts

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

21 May 2025
875
ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

ရန်ကုန် အလုပ်သမားတွေ ဆန္ဒပြမှု သဘောတူညီမှုရရှိ (ရုပ်/သံ)

21 May 2025
16
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
148

အွန်လိုင်း လူခေါ်ပွဲစားများမှတဆင့် အခြေခံလစာ တလလျှင် ယွမ်လေး ထောင်(ကျပ် ၁၆ သိန်းခန့်) ရမည်ဆိုကာ ချိတ် ဆက်ခဲ့ကြပြီးနောက် ကုမ္ပဏီသို့ရောက်မှ အွန်လိုင်းက ငွေလိမ်ရသည့် အလုပ်များ လုပ်ရမည်ဟု သိရကြောင်း လူကုန်ကူးခံရ သည့် လူငယ်များက ဆိုသည်။

ဟွာရှင်းကုမ္ပဏီသို့ ရောင်းစားခံခဲ့ရသည့် မမေသူထွန်း က “အင်္ဂလိပ်စာ အခြေခံတတ်ရမယ်၊ ကွန်ပြူတာ အခြေခံတတ်ရ မယ်ဆိုပြီး လိုင်းပေါ်ကနေ ခေါ်တာ တွေ့လို့ ချိတ်ဆက်ရောက်ခဲ့တယ်။ အစက လားရှိုးကနေ ပန်ဆန်းကို စရိတ် မကုန်ဘူး၊ သူတို့စိုက်ပေးမှာဆိုပြီး ခေါ်တယ်။ ပန်ဆန်းမှာ ပွဲစားတဦးက ကုမ္ပဏီတွေကို ထည့်ပေးတာ။ ညီမ ဇာတိက ရွှေဘိုက စစ်ကိုင်းဘက်က ဘာမှလုပ်မရ‌တော့ မရှိ ရှိတာ လာလုပ်စားရင်း အခုလိုဖြစ်တာ” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ ရောင်းစားခံထားရသည်မှာ၂ လ ကျော်ကြာပြီဖြစ်ပြီး လစာမရဘဲ အွန်လိုင်းကနေ နိုင်ငံခြားသားများကို လိမ်လည် သည့် အလုပ်ကို လုပ်ရကြောင်း၊ ခိုင်းတာမလုပ်ပါက အမှောင်ခန်းတွင် တိုက်ပိတ်ခံရခြင်း၊ ထမင်းမကျွေးဘဲ ထားခြင်း နှင့် အဆောက်အအုံကို ပတ်ပြေးခိုင်းခြင်း၊ ဒူးထောက်ခိုင်းခြင်း အစရှိသည့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ကြောင်း ကာယ ကံရှင်များက ဆိုသည်။

ရောင်းစားခံရသည့် အခြေအနေနှင့် ပတ်သက်၍ ကာယကံရှင်များက မိုင်းပေါက်မြို့ရှိ ဝ ရဲစခန်းသို့ တိုင်ကြားသော်လည်း ၎င်းတို့သာ တပတ်ခန့် အချုပ်ခံရပြီး တရုတ်ကုမ္ပဏီသို့ ပြန်ပို့ခံရကြောင်း၊ မမြတ်ဆုဝေနှင့် မောင်လွင်ကိုထက်တို့ နှစ်ဦးကိုမူ ဒီဇင်ဘာ၂၁ ရက်နေ့ကစ၍ ယနေ့တိုင် ဆက်လက်ချုပ်ထားကြောင်း သိရသည်။

မိုင်းပေါက်ရဲစခန်းသို့ သွားရောက်ခဲ့သည့် မမြတ်ဆုဝေ၏ မိခင်က “လစာမရလို့ ကလေးတွေက ထွက်မယ်ပြောတော့ နင် တို့ကို ယွမ်၃ သောင်းနဲ့ ရောင်စားသွားတာ။ နင်တို့ ပစ္စည်းအသုံးပြုခနဲ့ အားလုံး ယွမ် ၅၉၀၀၀ လျော်ပေးရမယ်လို့ ပြော တယ်။ မလျော်နိုင်ရင် တရုတ်ပြည်မကို ရောင်းစားမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကလေးတွေကကြောက်ပြီး ကျမတို့ဆီ ဆက်သွယ်လာတယ်။ ကျမသမီးနဲ့ ပြင်ဦးလွင်က ကလေးတယောက်က အချုပ်ထဲမှာ ၂ ပတ်လောက်ရှိပြီ။ ကျမကလေးဆို မျက်နှာကြီးဖောပြီး ကျန်းမာရေး မကောင်းတော့ဘူး။ ကျွေးတာ ထမင်းက ဆန်အမာအကြမ်းနဲ့ ဟင်းရည် ငရုတ်သီး အရည် ဖျော်ကျွေးတာ အကောင်းဆုံးမှ ရွှေဖရုံသီးဟင်းရည်ပဲ စားရတယ်လို့ ပြောတယ်” ဟု ဆိုသည်။

တရုတ်ကုမ္ပဏီမှ တောင်းသည့် လျော်ကြေးငွေကို မတတ်နိုင်သည့်အတွက် လက်ရှိတွင် သက်ဆိုင်ရာ အာဏာပိုင် များထံ အကူညီတောင်းဖို့သာ လုပ်ဆောင်နေရကြောင်း ၎င်းက ပြောသည်။

ရောင်းစားခံထားရသည့် အမျိုးသမီးတဦးကလည်း “သူတို့ ကိုယ်တိုင်ပြောတာ ညီမတို့က တယောက်ကို ယွမ်သုံးသောင်း (ကျပ်သိန်း ၁၀၀ ကျော်) နဲ့ ရောင်းစားခံထားရတယ်။ ဒါကို ကုမ္ပဏီကိုပဲ ပြန်ထိုးထည့်တယ်။ ညီမတို့မှာ လခ မရဘူး၊ ပြစ်ဒဏ်တွေ အများကြီး အပေးခံရတယ်။ အကြိမ်ကြိမ် သူတို့ကို တောင်းပန်တယ်၊ မရဘူး၊ ဒီကုမ္ပဏီကိုပဲ ထိုးထည့်ခံ ရတယ်။ ကုမ္ပဏီကို ပြန်ရောက်လာရတယ်။ သူဌေးကလည်း နင်တို့ကို မကြိုက်ဘူး၊ တခြားကို ပြန်ရောင်းမယ်ပဲ ခြိမ်း ခြောက်နေတယ်။ အလုပ် မလုပ်ဘူးဆိုရင် အမှောင်ခန်းထဲကို ချထားမယ် ခြိမ်းခြောက်နေတယ်” ဟု ပြောသည်။

ယင်းတရုတ်ကုမ္ပဏီများက ခိုင်းတာမလုပ်ပါက ထပ်မံရောင်းစားမည်ဟု ခြိမ်းခြောက်ကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရမှာကိုပါ စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

ရောင်းစားခံထားရသူတဦး၏ အစ်ကိုဖြစ်သူက “သူတို့ကို အစမ်းခန့် ၅ ရက်မှာတင် ရောင်းစားခံရတာကိုသိတော့ မြန်မာ နိုင်ငံ လူကုန်တားရဲတပ်ဖွဲ့ရော ဝ ဆက်ဆံရေး ရုံးကိုရော အကြောင်းကြားခဲ့ပေမယ့် သူတို့က စာပဲထုတ်ပေးနိုင်မယ်၊ ဝ ကို အကြောင်းကြားတာပဲ လုပ်ပေးနိုင်မယ်။ လွတ်မယ် မလွတ်ဘူး အာမ မခံဘူးလို့ ပြောတယ်။ အခုကိစ္စက ဝစစ်သားတွေ၊ ရဲတွေ မသိတာ မဟုတ်ဘူး၊ သိသိကြီးနဲ့ ကျနော်တို့ကို မကူညီပေးတာ၊ ကြားထဲမှာလည်း ကလေးတွေက ရဲစခန်းလည်း ရောက်တယ်၊ ရောင်းစားခံရတာ ခိုင်လုံနေတဲ့အတွက် ရဲက လွှတ်တော့မှာကို ကုမ္ပဏီသူဌေးက ၀ ရဲကို ပိုက်ဆံလာ ပေး သွားတာ ကျနော်တို့မှာ သက်သေ အထောက်အထားတွေ ရှိတယ်။ အဲဒီတော့ သူဌေးက ကလေးတွေကို ပြန်ရွေးသွား တဲ့ ပုံစံပဲ ” ဟု ပြောသည်။

UWSA တာဝန်ရှိသူများဘက်က ယခုကဲ့သို့ ကိစ္စရပ်များအပေါ် ထိထိရောက်ရောက် ဖမ်းဆီးမှုများ၊ တားဆီးမှုများ လုပ် ဆောင်နေပြီး ပြန်လည် ကယ်ထုတ်နိုင်ခဲ့သည့် ဖြစ်စဉ်များလည်းရှိကြောင်း UWSA လားရှို့မြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောသည်။

၎င်းက “ဒီလို ကိစ္စရပ်တွေက အဓိက လူကုန်တားကနေ ကျနော်တို့ရုံးကို စာပို့လာတယ်ပေါ့နော်။ ကျနော်တို့ရုံးကနေတ ဆင့် ပန်ဆန်းဌာနချုပ်ကို ပို့တယ်ပေါ့နော်။ တောက်လျောက်တော့ ဖမ်းနေတာပဲ။ မိရင်လည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်တို့ ၁၅ နှစ်တို့ချမှတ်တာတွေလည်း ရှိပါတယ်။ နောက်ပိုင်း ကယ်ထုတ်ခဲ့တာတွေလည်း သက်ဆိုင်ရာဌာနကို ပြန် လည် အပ်နှံပြီး လွတ်မြောက်သူတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်ကလည်း ဝ ထိန်းချုပ်နယ်မြေ၊ ဝိန်းကောင်မြို့ ဟွာထိုင်လုံကုမ္ပဏီတွင် နှိပ်စက်တိုက်ပိတ်ခံ ထားရသည့် စစ်ကိုင်းတိုင်းမှ လူငယ် ၁၃ ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း WA News Agency က သတင်း ဖော်ပြ ထားသည်။

ယခုကဲ့သို့ တရုတ်လူလိမ်ကုမ္ပဏီများမှ လစာမြင့်မြင့်ပေး၍ မက်လုံးပေးကာ ဝန်ထမ်းခေါ်ယူမှုများပြုလုပ်ပြီး ကမာ္ဘတဝှမ်း လိမ်လည်မှုများအား မြန်မာနိုင်ငံနယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ရာဒေသများတွင် အခြေ စိုက် လှုပ်ရှားလျက် ရှိနေကြောင်း သိရသည်။

You may also like these stories:

အလိမ်ခံရသည့် မြန်မာလုပ်သား ၅ ထောင်ကျော်အရေး ထိုင်းအစိုးရ ဝင်ဖြေရှင်း

ထိုင်းအလုပ်ရှင်က ပတ်စ်ပို့များ ပြန်ပေးရန် ကတိပြုသော်လည်း အလုပ်သမားများ စိုးရိမ်နေဆဲ

Your Thoughts …
Tags: “ဝ” ထိန်းချုပ်နယ်မြေUWSAတရုတ်ကုမ္ပဏီလူရောင်းစား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.6k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.4k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.1k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
စစ်ကိုင်းတိုင်း အတွင်း လှုပ်ရှားနေသည့် SNA တပ်များ  / ဧရာဝတီ

စစ်တပ်နှင့် SNA က ဟုမ္မလင်း ဒေသခံ ၁၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးဟုဆို

တရုတ်- မြန်မာနယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန်မှ ဆင်ဖြူဂ်ိတ် / ဧရာဝတီ

ကိုဗစ်နှင့် လုံခြုံရေးကြောင့် နယ်စပ်ဂိတ်များ ဖွင့်ရန် မြန်မာစောင့်ကြည့်နေဆဲ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.3k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

2 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate