• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်နောက်ပိုင်း ရွှေလီမြို့ ပြန်လည်ရှင်သန်ရန် အားယူနေ

by ဧရာဝတီ
16 January 2023
in သတင်း
A A
တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

တရုတ်-မြန်မာနယ်စပ် ရွှေလီမှ ရှိ နယ်ခြားဂိတ် / AFP

9k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနယ်စပ်ရှိ စစ်ဆေးရေးစခန်းတခုအနီး ဒေသတွင်းတွင် ကျော်ကြားသော ကျောက်စိမ်း လက်ဝတ်ရတနာများ ကြော်ငြာထားသည့် ဆိုင်များသည် ကပ်ရောဂါကြောင့် နယ်စပ်ပိတ်ထားရသဖြင့် လုပ်ငန်းမရှိဘဲ လူသူကင်းမဲ့နေသည်။

တင်းကျပ်သော လော့ဒေါင်းပိတ်ဆို့မှုများနှင့် ပြင်းထန်သော ကန့်သတ်ချက်များကို နှစ်နှင့်ချီ ကျင့်သုံးပြီးနောက် ကိုဗစ်နိုင်တင်း လုံးဝပပျောက်ရေးမူကို တရုတ်က ပယ်ဖျက်လိုက်သောကြောင့် ရွှေလီမြို့သည့် ပြန်လည် အသက်ဝင်ရန် ရုန်းကန်နေသည်။

RelatedPosts

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
8
အာဏာသိမ်းစစ်တပ် နောင်ချိုမြို့ပေါ် ဝင်လာ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ် နောင်ချိုမြို့ပေါ် ဝင်လာ (ရုပ်/သံ)

14 July 2025
29
မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

14 July 2025
195

မြန်မာမှ လူနှင့် ကုန်စည် ဖြတ်သန်းမှု ပိတ်ပင်လိုက်သောကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှု မရှိတော့ဘဲ ကုန်သွယ်ရေးကို မှီခိုနေရသည့် ထိုမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်ပြီး လူသူ ကင်းမဲ့သွားသည်။

နယ်စပ်ကို တစိတ်တပိုင်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း မြန်မာအရာရှိတဦးက ဇန်နဝါရီလ ၁၅ ရက်နေ့တွင်ပြောပြီး ထရပ်ကားအချို့ ဖြတ်သန်း သွားလာနေသောကြောင့် ဒေသစီးပွားရေး ပြန်လည်ရှင်သန်မည့် မျှော်လင့်ချက်များကို ဖြစ်စေသည်။ သုံးနှစ်ကြာ ကိုဗစ်တိုက်ဖျက်ရေးတွင် ရွှေလီသည် တရုတ်နိုင်ငံတွင် အပြင်းထန်ဆုံး ထိခိုက်သောမြို့များထဲမှ တမြို့ဖြစ်သည်။

ပြည်ပမှလာသော ကူးစက်မှုများကို တိုက်ဖျက်ရာတွင် ရွှေလီသည် အဓိက စစ်မြေပြင်ဖြစ်ခဲ့ပြီး ဒေသခံများသည် လော့ဒေါင်းပိတ်ဆို့မှု တဒါဇင်ကျော်ရင်ဆိုင်ရကာ ခရီးသွားလာခြင်းကို အများအားဖြင့် ပိတ်ပင်တားဆီးခံကြရသည်။

ရွှေလီမြို့ရှိ တရုတ်-မြန်မာနယ်စပ်ကို ပိုင်းခြားထားသော တံတိုင်း/ AFP

“တနှစ် တနှစ်ကို လော့ဒေါင်းအပိတ်ခံရတာ တခါနှစ်ခါမက အကြိမ်ပေါင်းမနည်းဘူး။ အိမ်မှာ လပေါင်းများစွာ အိပ်နေရသလိုပဲ” ဟု ရွှေလီရှိ ဒီလောင် ရတနာဈေးမှ ကျောက်ရောင်းဝယ်သူ ဒူရန်က ပြောသည်။

စီးပွားရေး ပုံမှန် လည်ပတ်မရတော့သောကြောင့် လုပ်ငန်းအများအပြား ပိတ်လိုက်ကြပြီး ယခင်က လူဦးရေ ၂ သိန်းခွဲခန့်ရှိသော ထိုမြို့၏ လူဦးရေသည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း ၄ သောင်း ကျဆင်းသွားကြောင်း နောက်ဆုံး သန်းခေါင်စာရင်းများက ပြသနေသည်။

အခြား ရတနာကုန်သည်တဦးဖြစ်သော ဟူအန်က သူသည် အလွန်ဝေးသော ရှန်ရှီပြည်နယ်မှ ယောက္ခမ၏ နာရေးသို့ သွားရောက်ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလာမှု ပိတ်ပင်လိုက်သောကြောင့် ရွှေလီသို့ မပြန်နိုင်တော့ကြောင်း ပြောသည်။ လွန်ခဲ့သောလတွင် ပိတ်ပင်ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်သောအခါ မိဘများနှင့်အတူ နှစ်သစ်ကူးကျင်းပရန် အလျင်အမြန် ပြန်လာရသည်။

တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ လူများ နယ်စပ်ဖြတ်ကျော်ခြင်းကို ခွင့်မပြုသေးကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။ တရုတ်အာဏာပိုင်များက စစ်ဆေးရေးစခန်းများ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုထားသော်လည်း မြန်မာဘက်က ခရီးသွားလာခြင်းကို ခွင့်မပြုသေးခြင်းဖြစ်ကြောင်း ရွှေလီမှလူများက ပြောသည်။

ရွှေလီမြို့ရှိ တရုတ်နှစ်သစ်ကူးအလှဆင်ပစ္စည်း အရောင်းဆိုင်တဆိုင်/ AFP

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသောကြောင့် မူဆယ်ဒေသခံများ စိုးရိမ်နေကြသည်။ “၂၀၂၁ ခုနှစ်တုန်းက ကိုဗစ်နိုင်တင်းကြောင့် မူဆယ်မှာ လူ ၁၀၀ လောက် သေဆုံးတာကြောင့် မြို့ကလူတွေ အရမ်းစိုးရိမ်နေတယ်” ဟု ရေပိုက်ရောင်းသူတဦးက ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ မြန်မာဘက်တွင် ရောဂါစစ်ဆေးမှု မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း သူက ဝေဖန်သည်။ “အာဏာပိုင်တွေက စနစ်တကျ ဂရုတစိုက်လုပ်ပေးရင် ကျနော်တို့ စိုးရိမ်စရာ မလိုဘူး” ဟုပြောသည်။

နယ်စပ် ပြန်လည် ဖွင့်လှစ်ခြင်းသည် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို မြှင့်တင်ရန်အတွက် အရေးကြီးကြောင်း သူအပါအဝင် အခြားသူများက ပြောသည်။ “စီးပွားရေးနာလန်ထပြီး အရင်လိုပြန်ဖြစ်လာဖို့ မျှော်လင့်တယ်” ဟု တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသူ မစိုးစိုးအေးက ပြောသည်။

ခရီးသည်များသည် ရွှေလီရှိညဈေးတွင် ဒေသခံများနှင့်အတူ သွားလာပြီး မုန့်လုံးနှင့် အသားတုတ်ထိုးများ စားသောက်နေကြသည်။ ထိုဈေးမှ ထိုင်းဘာဘီကျူးနှင့် ဟော့ပေါ့ရောင်းသူ ကျန်က ကိုဗစ်စည်းကမ်းချက်များ ရုတ်သိမ်းပြီးနောက် လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်း ပြောသည်။

သို့သော် မြန်မာမှ လူများ လာရောက်မှု မရှိသေးဘဲ မကြာမီ ခြေလျင်သွားလာသည့် မြန်မာများ တိုးလာမည်ဟု မျှော်လင့်ကြောင်း ဆိုင်ရှင်အများအပြားက ပြောသည်။

တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်သောကြောင့် စိတ်သက်သာရာရနေကြသည်။ “အခြေအနေ ပြန်ပွင့်လာမယ်၊ ဘယ်အချိန် အမှန်တကယ် ပွင့်လာမယ်ဆိုတာကို စဉ်းစားဖို့တောင် မရဲဘူး။ အခုတော့ ပျော်ရွှင်မှုက အလျင်အမြန်ရောက်လာတယ်” ဟု ကျန်က ပြောသည်။

ကိုးကား ။ ။ AFP သတင်း Coronavirus: China-Myanmar border towns eye revival after Covid

ကိုဗစ်နှင့် လုံခြုံရေးကြောင့် နယ်စပ်ဂိတ်များ ဖွင့်ရန် မြန်မာစောင့်ကြည့်နေဆဲ

ကိုဗစ်ပိုး ပါသည်ဟုဆိုကာ မြန်မာ့ကုန်စည် ၇ မျိုး တရုတ် တင်သွင်းခွင့်ပိတ်

ကိုဗစ်ကူးမှု မြင့်နေသည့် တရုတ်နိုင်ငံမှ ဝင်မည့်ခရီးသွားများအတွက် မြန်မာ ပြင်ဆင်မှု မရှိ

အာရှလမ်းပိတ်ထား၍ မြဝတီနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်

Your Thoughts …
Tags: ကပ်ရောဂါကိုရိုနာဗိုင်းရပ်စ်စီးပွားရေးတရုတ်-မြန်မာနယ်စပ်ရွှေလီမြို့လော့ဒေါင်းပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.9k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
19.7k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
၂၀၁၉ ဘန်ကောက်လက်နက်ပြပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ရာ ထွန်းမင်းလတ် (လည်စီးအဝါ ဝတ်ဆင်ထားသူ) လိုက်ပါလာခဲ့သည်

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

ထားဝယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် လူဦးရေစာရင်း ကောက်ယူနေစဉ်  /  Daweiwatch

ရွေးကောက်ပွဲအတွက် ဆိုကာ လူဦးရေစာရင်းကောက်မှုမှာ PDF ချေမှုန်းရေးသာဖြစ်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate