• English
Wednesday, November 29, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

    ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

    ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီးသေဆုံး

    မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

    မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

    ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    ရန်ကုန်၊ မန္တလေးတို့၌ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား

          by ဧရာဝတီ
          27 January 2023
          in သတင်း
          Reading Time: 1 min read
          A A
          ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာဆိုကာ သတင်းထောက်များအား လူသိရှင်ကြား ပြောခဲ့သော်လည်း နောက်ပိုင်းတွင် မဲမသာမှုရှိသည်ဆိုကာ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

          ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာဆိုကာ သတင်းထောက်များအား လူသိရှင်ကြား ပြောခဲ့သော်လည်း နောက်ပိုင်းတွင် မဲမသာမှုရှိသည်ဆိုကာ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ

          6.3k
          VIEWS
          Share on FacebookShare on Twitter

          စစ်ကောင်စီက အရေးပေါ်ကာလပြီးနောက် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေချိန် နိုင်ငံရေးပါတီများ အပေါ် ကန့်သတ် ထိန်းချုပ်ရန် စည်းမျဉ်းအသစ်များ ပါဝင်သည့် နိုင်ငံရေးပါတီမှတ်ပုံတင်ရေး ဥပဒေသစ်တရပ်ကို ယမန်နေ့က ထုတ်ပြန် လိုက်သည်။

          ယခု ဥပဒေသစ်အရ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများ ပြန်လည် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင် ပြန်လည် လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်သည်ဟု ဆိုထားရာ ဤ ဥပဒေသစ် အရဆိုလျှင် NLD ပါတီသည် အလိုအလျောက် ပျက်ပြယ်မည့် အခြေအနေဖြစ်နေသည်။

          RelatedPosts

          လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

          လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

          29 November 2023
          0
          တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

          တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

          29 November 2023
          727
          နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

          နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

          29 November 2023
          339

          NLD ပါတီ စမ်းချောင်းမြို့နယ် လုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးက “NLD က ၂၀၁၀ တုန်းကလည်း ဒီလို အတွေ့ အကြုံရှိခဲ့တယ်။ အခု ၂၀၂၃ မှာလည်း ၂၀၁၀ တုန်းကအတိုင်း လာချိုးပြီး အကြမ်းဖက်ခေါင်းဆောင်ဟာ သူ့ရဲ့ နိုင်ငံရေး ထွက်ပေါက်ကို ရှာတယ်။ လူထုအကျိုးအားလုံး မျက်ကွယ်ပြုတယ်။ ပိုဆိုးတာက ၂၀၁၀ တုန်းက NLD ပါတီဝင်တွေက လက်ဖက်ရည်ဆိုင်ထိုင်ပြီး အစည်းအဝေး ကျင်းပလို့ ရသေးတယ်။ အခု ၂၀၂၃ အခြေအနေက တခြားစီပါ။ အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေ ရတာပါ” ဟု ပြောသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းသည်ဆိုကာ အာဏာသိမ်းသည့် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်သည်။

          ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များအား ဖမ်းဆီးထောင်ချခံထားရရုံသာမက ပါတီရုံးများပါ ပစ်မှတ်ထားတိုက်ခိုက် ဖျက်ဆီးခံရသည့်အတွက် NLD အနေဖြင့် လတ်တလောတွင် ပါတီအား ပြန်လည် မှတ်ပုံတင်ရေး လုပ်ဆောင်ဖွယ် မရှိကြောင်း သိရသည်။

          ပါတီပိုင်ဆိုင်မှုများ စစ်ဆေးမှုခံယူခြင်း မရှိသည့် အပေါ် NLD ပါတီအပေါ် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က အရေးယူမည်ဟု အသံပြုခဲ့သော်လည်း လက်တွေ့၌မူ တစုံတရာ အရေးယူခြင်း မရှိခဲ့ပေ။

          နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “NLD လို ပါတီကတော့ အစကတည်းက ဒီရွေးကောက်ပွဲကို သပိတ်မှောက် တယ်၊ မပါဝင်ကြဖို့လည်း လှုံ့ဆော်တယ်ဆိုတော့ ပါတီ ပြန်လည် မှတ်ပုံတင်ရမယ်ဆိုတဲ့ စည်းကမ်းချက်အသစ် ကိစ္စမှာ ကျတော့ သူက လုံးဝ မပါရတော့ဘဲနဲ့ ဖျက်သိမ်းခံရမယ့် အနေအထား ဖြစ်သွားတာပေါ့” ဟု သုံးသပ်ပြောဆိုသည်။

          ယခင် စစ်အစိုးရလက်ထက် ၂၀၁၀ ကလည်း နိုင်ငံရေးပါတီမှတ်ပုံတင်ရေး ဥပဒေတရပ် ပြဋ္ဌာန်းကာ ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း NLD ပါတီအနေဖြင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးပြစ်ဒဏ်ချထားသဖြင့် ပါတီ မှတ်ပုံတင်ခြင်း မလုပ်ခဲ့ပေ။

          NLD ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ အောက်တိုဘာလကုန်ထိ ဖမ်းခံ ရသည့် လွှတ်တော်ကိုယ်စားလှယ် ၉၀ အပါအဝင် ပါတီဝင် စုစုပေါင်း ၁၁၆၉ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၆၇ ဦးမှာ ဖမ်းထားစဉ် သေဆုံးခဲ့ရသည်။

          ထို့ပြင် ပါတီရုံးများအား ကျူးကျော်ဝင်ရောက်ဖျက်ဆီးမှု အကြိမ်ရေ ၁၂၀ ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင် စုစုပေါင်း ၂၇၄ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများလည်း ချိပ်ပိတ်သိမ်းဆည်းခံထားရကြောင်း NLD က ထုတ်ပြန်ထားသည်။

          ယခုစစ်ကောင်စီ ပြဋ္ဌာန်းလိုက်သည့် ပါတီမှတ်ပုံတင်ရေး ဥပဒေသစ်တွင် ပြည်ထောင်စု တဝန်းလုံး စည်းရုံးမည့် ပါတီသည် မှတ်ပုံတင်အပြီး ရက် ၉၀ အတွင်း ပါတီဝင်ဦးရေ ၁ သိန်းနှင့် ပါတီရန်ပုံငွေ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၌ ကျပ်သိန်း ၁၀၀၀ ဘဏ်စာရင်း ဖွင့်ရမည် ဖြစ်ကြောင်း၊ ပါတီရုံးများ အနေဖြင့် အနည်းဆုံး မြို့နယ်အားလုံး၏ ထက်ဝက်တွင် ရုံးခွဲများ ဖွင့်လှစ်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်လည်း အနည်းဆုံး မဲဆန္ဒနယ်စုစုပေါင်း၏ ထက်ဝက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

          ထို့ပြင် တိုင်း (သို့) ပြည်နယ် တခုတွင်သာ စည်းရုံးမည့်ပါတီ အနေဖြင့်လည်း ပါတီဝင်ဦးရေ ၁၀၀၀ နှင့် ရန်ပုံငွေ ကျပ် သိန်း ၁၀၀ အား ဘဏ်စာရင်း ဖွင့်လှစ်ထားရမည် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တွင် အနည်းဆုံး ၅ မြို့နယ်၌ ရုံးများ ဖွင့်လှစ်ရမည် ဖြစ်ကာ ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ်တခု၌ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ ယင်းစည်းမျဉ်း ကန့်သတ်ချက်အား ဆောင်ရွက်နိုင်ခြင်း မရှိပါက ပါတီဖျက်သိမ်းခံရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

          ယခင် ဥပဒေတွင် ပြည်ထောင်စုတဝန်းလုံး စည်းရုံးမည့်ပါတီသည် ပါတီဝင်ဦးရေ ၁၀၀၀ နှင့် တိုင်း (သို့) ပြည်နယ် တခု၌ သာ စည်းရုံးမည့်ပါတီ အနေဖြင့် ပါတီဝင်ဦးရေ ၅၀၀ သတ်မှတ်ထားပြီး အထွေထွေရွေးကောက်ပွဲများတွင် အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာသာ ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်ကြောင်း သတ်မှတ်ထားကာ ပါတီရန်ပုံငွေ ငွေစာရင်း ဖွင့်ထားရန် သတ် မှတ်ထားခြင်း မရှိပေ။

          အဆိုပါ ပြဋ္ဌာန်းချက်များကြောင့် စစ်တပ် ကျောထောက်နောက်ခံဖြင့် ပေါက်ဖွားလာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည့် ပါတီကြီး အနည်းငယ်သာ ပြည်ထောင်စုအဆင့်ပါတီ အဖြစ် ဆက်လက် ရပ်တည်နိုင်ဖွယ်ရှိနေပြီး အခြားသော ပါတီငယ်များမှာ တိုင်း (သို့) ပြည်နယ် တခုတွင်သာ ရုန်းကန်ရပ်တည် ရဖွယ် ရှိနေသည်။

          ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနေသည့် အစ္စလာမ်ဘာသာရေးဝန်ထမ်းတဦး(ဧရာဝတီ)

          အထူးသဖြင့် လူမျိုးအလိုက် ပြည်နယ်နှင့် တိုင်းများတွင် ပျံ့နှံ့နေထိုင်သည့် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများမှာ အခြေစိုက်ပြည်နယ်မှထွက်၍ အခြားသော တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာများတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အခက်အခဲ ရှိလာမည် ဖြစ်သည်။

          နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “တပြည်လုံးအတိုင်းအတာနဲ့ လှုပ်ရှားမယ်ဆိုတဲ့ ပါတီတွေအတွက် အခက်အခဲကြီး ဖြစ်သွားတာပေါ့။ တချို့လည်း ဆက်မလှုပ်ရှားတော့ဘဲ ဖျက်သိမ်းတာ၊ ပါတီချင်းပူးပေါင်းတာ၊ တချို့ကလည်း တိုင်းဒေသ ကြီး/ပြည်နယ် တခုအတွင်းမှာပဲ လှုပ်ရှားတော့မယ်ဆိုတာတွေ ဖြစ်လာနိုင်တာပေါ့။ ဘောလုံးစကားနဲ့ ပြောရရင် အထက် တန်းကနေ အောက်တန်း ဆင်းကန်ရတဲ့ အနေအထားတွေ ဖြစ်သွားလိမ့်မယ်လို့ ယူဆရပါတယ်။ အလယ်အလတ်ပါတီ တွေအတွက် သတ်မှတ်ချက် မပါဘူး ဖြစ်နေတယ်။ ဒီဥပဒေရဲ့ အားနည်းချက်ပေါ့။ တပြည်လုံး ထောက်ခံတဲ့ပါတီဖြစ်အောင် ကြီးထွားဖို့အတွက် ချုပ်ချယ်ကန့်သတ်လိုက်သလို ဖြစ်သွားတာပေါ့” ဟု မှတ်ချက်ပြုသည်။

          လူမျိုး၊ ဒေသ ကိုယ်စားပြု ပါတီငယ်များ အနေဖြင့် ယခုပြဋ္ဌာန်းချက် အသစ်များကြောင့် ပါတီရပ်တည်ရန် ပိုမိုခက်ခဲသည့် အခြေအနေ ဖြစ်လာပြီး ပါတီငယ်များအချင်းချင်း ပူးပေါင်းနိုင်ခြင်း မရှိပါက ဖျက်သိမ်းသည့် အခြေအနေများ ကြုံလာရနိုင် ကြောင်းလည်း ၎င်းက ပြောသည်။

          စစ်တပ် အာဏာမသိမ်းမီ စစ်ခေါင်းဆောင်နှင့် သွားရောက် တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် လူထုပါတီတို့ကမူ ဥပဒေအသစ်ပြဌာန်းချက်များနှင့် ပတ်သက်ပြီး ကန့်ကွက်ခွင့် မရှိတော့သည့်အတွက် ရည်မှန်းချက် တူသည့် ပါတီများနှင့် ပူးပေါင်းကာ ဆက်လက် ရပ်တည်သွားရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသည်။

          လူထုပါတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း (ခ) ပါစီပြည်ဟိန်းက “ကျနော်တို့ ပါတီကိုတော့ ဆက်လက် ရပ်တည်ရေး လုပ်သွားမှာပါ။ သူ့ရဲ့ လုပ်နိုင်စွမ်းရှိသလောက် လုပ်ကြတာပဲ ကောင်းပါတယ်။ ကျနော်ကတော့ ဒီဥပဒေသစ်ကို ကြိုဆိုပါတယ်။ ပါတီကြီး၊ ပါတီငယ်က လုံးဝ ကွဲသွားတာပေါ့။ ကိုယ်လုပ်နိုင်သလောက် လုပ်ပေါ့ဗျာ။ မလုပ်နိုင်တဲ့ ပါတီကတော့ ပါတီဖျက်သိမ်းပေး ပေါ့။ မဟုတ်လည်း သူ့အလိုလို ပျက်သွားမှာပါပဲ” ဟု ဆိုသည်။

          ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ အထွေထွေအတွင်းရေးမှူး (သတင်းနှင့်ပြန်ကြာရေး) ဦးရန်နိုင်ဝင်းကလည်း ပါတီများ ပေါင်းစည်းရန် စီစဉ်ထားမှုများ ရှိသော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ ရန်ကုန်ကဲ့သို့ မြို့ကြီးများ၌ပင် ပါတီဆိုင်း ဘုတ်များ ဖြုတ်ထားရသည့် အခြေအနေကြောင့် ပြည်ထောင်စုတဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မြို့နယ်စုစုပေါင်း၏ ထက်ဝက် (၁၆၅ မြို့နယ်) တွင် ရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်မှာ အခက်အခဲများ ရှိနေကြောင်း ပြောသည်။

          စစ်ကောင်စီသည် ရွေးကောက်ပွဲအား အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ယခုနှစ် ဩဂုတ်လတွင် ကျင်းပရန် ဆောင်ရွက် လျက်ရှိရာ ယခုကဲ့သို့ ပါတီများအပေါ် ကန့်သတ်ထိန်းချုပ်သည့် မှတ်ပုံတင်ဥပဒေသစ် ပြဋ္ဌာန်းခြင်းဖြင့် စစ်တပ်ကျော ထောက်ခံဖြင့် ရပ်တည်ပြီး နိုင်ငံတဝှမ်း ရုံးခန်းများ ဖွင့်လှစ်လှုပ်ရှားနိုင်သည့် ပါတီကြီးများသာ အချိုးကျစနစ်ဖြင့် ကိုယ်စား လှယ်နေရာ ပိုမိုရနိုင်မည် ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသူတဦးက ဆိုသည်။

          ၎င်းက “တနိုင်ငံလုံး လှုပ်ရှားမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတဲ့ ပါတီတွေက တိုင်းဒေသကြီး၊ ပြည်နယ်တခုမှာပဲ လှုပ်ရှားပါမယ် ဆိုတဲ့ အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။ တနိုင်ငံလုံးပြိုင်မယ့် ပါတီကြီးတွေက အချိုးကျနေရာတွေ ရနိုင်မယ်။ သူတို့က တနိုင်ငံလုံးက မဲတွေ၊ နေရာတိုင်းမှာရှိတဲ့ မဲဆန္ဒနယ်တိုင်းမှာ ကိုယ်စားလှယ်တွေ ရွေးချယ်ခံရနိုင်တဲ့ အလားအလာ ရှိတာ ပေါ့” ဟု သုံးသပ်သည်။

          ယခု ဥပဒေသစ်၌ “မော်လစီ (သို့) မော်လာနာ၊ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် (သို့) မရှာအိခ် အပါအဝင် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်းများ”ကိုလည်း တခြားဘာသာများ နည်းတူ မဲပေးပိုင်ခွင့် မရှိသူများ စာရင်းတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

          လက်ရှိတွင် စစ်ကောင်စီ အနေဖြင့် ရွေးကောက်ပွဲ မဲစာရင်းကောက်ယူမှု အနေဖြင့် မြေပြင်လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၃၁ ရက်ထိ တအိမ်တက်ဆင်း ကောက်ယူမှုများ ပြုလုပ်နေသည်။

          သို့သော် စစ်ကောင်စီသည် တရားမဝင် အစိုးရ ဖြစ်သည့်အတွက် ၎င်းတို့ ကျင်းပသည့် ရွေးကောက်ပွဲအား ပါဝင်ခြင်း မပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေး ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲကော်မရှင်ရုံးများနှင့် လူဝင်မှုကြီး ကြပ်ရေးရုံး (လဝက) များ၊ မြေပြင်လူဦးရေစာရင်း ကောက်ရာတွင် ပါဝင်သူများကိုလည်း တိုက်ခိုက်လျက် ရှိသည်။

          ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

          You may also like these stories:

          ရွေးကောက်ပွဲအတုကျင်းပရေး စစ်ခေါင်းဆောင် တွန်းအားဆက်ပေးနေ

          ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို

          စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ

          စစ်ကိုင်းတိုင်းမှ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် လဝကရုံးများ တိုက်ခိုက်ခံရ

          Your Thoughts …
          Tags: NLDစစ်ကောင်စီနိုင်ငံရေးပါတီမှတ်ပုံတင်ရေး ဥပဒေရွေးကောက်ပွဲ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          49.8k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          46.3k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.2k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          36.7k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.1k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          34.7k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          Next Post
          ကျုံဒိုး တိုက်ပွဲဆင်နွှဲနေကြသည့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များ  / Lion Battalion Commando

          ကျုံဒိုးတွင် စစ်ကောင်စီတပ်များ ပြန်ဆုတ်ခွာ

          သင်္ကြန်က တဦးတည်း မူပိုင်မဟုတ်ဘူး (ရုပ်/သံ)

          သင်္ကြန်က တဦးတည်း မူပိုင်မဟုတ်ဘူး (ရုပ်/သံ)

          No Result
          View All Result

          Recommended

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          6 days ago
          13.7k
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          1 day ago
          11.5k

          Most Read

          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

            ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

            shares
            Share 0 Tweet 0
          • ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved