• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျုံဒိုးတွင် စစ်ကောင်စီတပ်များ ပြန်ဆုတ်ခွာ

by ဧရာဝတီ
27 January 2023
in သတင်း
A A
ကျုံဒိုး တိုက်ပွဲဆင်နွှဲနေကြသည့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များ  / Lion Battalion Commando

ကျုံဒိုး တိုက်ပွဲဆင်နွှဲနေကြသည့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်များ / Lion Battalion Commando

7.4k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနောက်ဘက် ဂျိုင်းမြစ်ဝှမ်းဒေသသို့ ဝင်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်များသည် ကျုံဒိုးမြို့ဘက်သို့ ယနေ့မှစ၍ တပ်ဆုတ်သွားကြောင်း ကရင် မဟာမိတ်တပ်အချို့နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ လက်အောက်ခံတပ်နှင့် အရှေ့တောင်ပိုင်းတိုင်း လက်အောက်ခံတပ် ပူးပေါင်းအင်အား ၁၅၀ က စစ်ကြောင်းထိုးဝင်လာသဖြင့် ဇန်နဝါရီလ၂၀ ရက်မှ စတင်ကာ ကရင်မဟာမိတ် ပူးပေါင်းတပ် များနှင့် ကျုံဒိုးမြို့ အနောက်ဘက်ရှိ ကော့ကျိုက်၊ မိဂလုံနှင့် ကမ်းနီ စသည့်ရွာများတွင် တိုက်ပွဲများ ဖြစ်နေခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
123
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
162
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
515

ကရင်ပူးပေါင်းတပ်များဘက်မှ ဗိုလ်ချုပ် စောနယ်ဒါးမြ၏ ကော်သူးလေတပ် (KTLA) လက်အောက်ခံ Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားများ ကာကွယ် ရေးတပ် (KNDO) တပ်ရင်း ၆၊ ဂဠုန်စစ်ကြောင်းနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ တပ်ဖွဲ့ဝင်များ ပါဝင် တိုက်ခိုက်ကြောင်း Lion စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Lion စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက “သူတို့ကို ကျနော်တို့က ပြန်တိုက်ထုတ်လိုက်လို့ သူတို့အကုန် ကျုံဒိုးဘက် ကမ်းကို ပြန်ဆုတ်သွားကြပြီ။ ကျနော်တို့လည်း နယ်မြေရှင်းလင်းရေးလုပ်ပြီး ချသင့်တဲ့ ကင်းတွေချပြီးတော့ အခုပြန်နား နေကြတာပေါ့။ သူတို့တွေကတော့ ဟိုဘက်ကမ်းမှာပဲ။ ရွာကို မီးရှို့ လက်နက်ကြီးနဲ့ နည်းနည်းပါးပါး ရမ်းပစ်တာလောက်ပဲ လုပ်နေတာပေါ့” ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားရာနေရာများသည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် မွန်ပြည်သစ်ပါတီ (NMSP) ၏ သထုံ ခရိုင်ထိန်းချုပ်နယ်မြေဖြစ်ပြီး မွန်တိုင်းရင်းသား အများစုနေထိုင်သည့် ဒေသဖြစ်သည်။

သို့သော်လည်း တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း NMSP တပ်ဖွဲ့ဝင်များသည် မည်သည့်ဘက်ကမှ ပါဝင်တိုက်ခိုက်ခြင်း မရှိပေ။

တိုက်ပွဲ ၆ ရက်တာကာလအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အချက်၂၀၀ ကျော် ပစ်ခတ်ပြီး တိုက်လေ ယာဉ်နှင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန် သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ကျော် သေဆုံးပြီး KNDO တပ်ရင်း ၆ မှ တပ်ခွဲမှူး ဗိုလ်စောလင်းဌေးနှင့် ရဲဘော် ၂ ဦး သေဆုံးကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းက ဆိုသော်လည်း ဧရာဝတီက သီးခြား အတည် မပြုနိုင်ပေ။

Lion Battalion Commando ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ဒီတပွဲက ကျနော်တို့ဘက်က အားရတယ်လို့ ပြောလို့ရတယ်။ သူများစခန်းကိုသွားတိုက်ရင် ကျနော်တို့ဘက်က တပန်း ရှုံးတယ်ဗျ။ သူတို့ အထိုင်စခန်းတွေ ကတုတ် ကျင်း ကောင်းတယ်။ ဘန်ကာကျင်းတွေ ကောင်းတယ်။ ဆက်သွယ်ရေးမြောင်းတွေ ရှိတယ်။ ဆွဲမိုင်းတွေ ထောင်ထား တာဆိုတော့ သွားတိုက်ရင် အခက်အခဲတွေ ရှိတယ်။ စခန်းနားကို ကပ်နိုင်သည့်တိုင်အောင် စခန်းထဲက ပြန်ပစ်တဲ့ဒဏ်၊ လေယာဉ်ပစ်တဲ့ဒဏ်တွေ ခံရတယ်။ အခုဖြစ်တာကတော့ ရင်ဆိုင်တိုက်ပွဲပေါ့။ တိုက်ပွဲကတော့ တော်တော် ပြင်းထန်ပါ တယ်” ဟု ဆိုသည်။

ကျုံဒိုးမြို့နယ်ရှိ ရွာတရွာမှ ဒေသခံတဦးကမူ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းမှ စတင်ကာ ကျုံဒိုးမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်သွားပြီ ဖြစ်ကြောင်း ဆိုသည်။

၎င်းက “ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာ မရှိတော့ဘူး။ မနေ့က နေ့လယ်ပိုင်းလောက်ကတည်းက တိုက်ပွဲကရပ်သွားပြီ။ တချို့ရွာတွေမှာလည်း မီးတွေဘာတွေ လောင်တာပေါ့။ ဂျိုင်းရွာတို့ ဘာတို့က မပြန်လောက်သေးဘူး။ ကမ်းနီလည်း မပြန် လောက်ကြသေးဘူး။ မိဂလုံကတော့ ကမ်းနီနဲ့ နီးတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်တော့ ဘယ်လိုလာမလဲ မသိဘူး။ စစ် ကောင်စီကလည်း လေကြောင်းပစ်ကူနဲ့ တိုက်တာပဲ။ အထိနာပြီး ပြန်ဆုတ်သွားတယ်ပေါ့။ လက်ရှိ ကမ်းနီတို့ဘာတို့က ကရင်ပူးပေါင်းတပ်တွေက သိမ်းထားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်များတွင်မူ ၆ ရက်တာ တိုက်ပွဲအတွင်း ကရင်ပူးပေါင်းတပ် ၁၅၀ ကျော် သေဆုံး ဒဏ်ရာရကြောင်း ရေးသားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ရေးသားဖော်ပြခြင်း မရှိပေ။

ထို့ပြင် ကရင်ပူးပေါင်းတပ်များသည် ကမ်းနီ၊ ညောင်ရိပ်သာ၊ တံတားဦး စသည့် ဂျိုင်းမြစ်ဝှမ်းရှိရွာများကို မီးရှို့ဖျက်ဆီး သွားကြောင်း စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များက စွပ်စွဲထားသည်။

Lion စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီ လော်ဘီများ၏ ပြောဆိုချက်သည် မမှန်ကန်သည့် ပြောဆိုချက်များ သာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

You may also like these stories:

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်နေ

ရွေးကောက်ပွဲကို ဟန့်တားရန် စစ်ကောင်စီစခန်းများ မတူပီ CDF တိုက်ခိုက်

ဖားကန့်မှ စစ်တပ်ဂိတ် ၃ ခု KIA ပူးပေါင်းတပ်များ တိုက်ခိုက်

Your Thoughts …
Tags: ကရင်မဟာမိတ်ကျုံဒိုးစစ်ကောင်စီတပ်တိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.5k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

Next Post
သင်္ကြန်က တဦးတည်း မူပိုင်မဟုတ်ဘူး (ရုပ်/သံ)

သင်္ကြန်က တဦးတည်း မူပိုင်မဟုတ်ဘူး (ရုပ်/သံ)

အမျိုးသမီးများအပေါ် နိုင်ငံရေး ပယောဂမကင်းသည့် အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုများသည် စစ်အာဏာသိမ်းမှုအပြီး ၅ ဆ တိုးလာသည်  / ဧရာဝတီ

စစ်ကောင်စီ ဆိုရှယ်မီဒီယာက အမျိုးသမီးများကို ပစ်မှတ်ထားခြိမ်းခြောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate