စစ်တပ်က အာဏာသိမ်းယူခဲ့တာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂ နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ဟာ တိုင်းရင်းသား လက်နက်ကိုင်(EROs) တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။
အာဏာသိမ်းအပြီး ၂ နှစ်ကာလအလွန် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ၊ တိုင်းရင်းသား လက်နက် ကိုင်(EROs) တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ထိန်းချုပ်နယ်မြေ အတွင်းက အစိုးရယန္တယား ဖွဲ့စည်းလည်ပတ်နေမှု အခြေအနေတွေ အပါအဝင် ၂၀၂၃ ခုနှစ်မှာ မျှော်မှန်းချက်တွေနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦကျော်ဇောကို ဧရာ၀တီက ဆက်သွယ်ပြီး မေးမြန်း ထားပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup