• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးမှ တက်ကြွလှုပ်ရှားသူ ၄ ဦး အဖမ်းခံရပြီး တနှစ်ကြာအထိ သတင်းပျောက်နေ

by ဧရာဝတီ
10 February 2023
in သတင်း
A A
ဖမ်းဆီးခံထားရသည့် မန္တလေး သပိတ်စစ်ကြောင်း ဦးဆောင်သူအချို့

ဖမ်းဆီးခံထားရသည့် မန္တလေး သပိတ်စစ်ကြောင်း ဦးဆောင်သူအချို့

1.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးသပိတ်အင်အားစုမှ ကိုသူရအောင်၊ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်းနှင့် အလွတ်တန်းသတင်းထောက် ကိုစိုးလင်း အောင်၊ ကိုလှမျိုးအောင်တို့အား စစ်ကောင်စီက ဖမ်းထားသည်မှာ ၁ နှစ်ကြာပြီ ဖြစ်သော်လည်း မိသားစုနှင့် အဆက် အသွယ် မရဘဲ သတင်းအစအန ပျောက်နေသည်။

၎င်းတို့ကို ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်ဝါရီ ၉ ရက်က မဟာအောင်မြေမြို့နယ်အတွင်းရှိ နေအိမ်တလုံးတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ရိုက်နှက်ထိုးကြိတ် နှိပ်စက်ကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
853
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
64
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
876

ထိုအတွက် ဖမ်းဆီးခံရချိန်မှစ၍ လက်ရှိတိုင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရှိရသဖြင့် ၎င်းတို့၏ ကျန်းမာရေး နှင့် အသက်အန္တရာယ်အတွက် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း၊ ဖမ်းဆီးခြင်းခံရချိန်ထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရေး ကောင်းမွန်သူများ ဖြစ်သောကြောင့် ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်တပ်၏ လူမဆန်သော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုရာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဖြစ်ပေါ်လာမည့် အဖြစ်အပျက် အားလုံးကို စစ်ကောင်စီ အနေဖြင့် တာဝန်ယူ၊ တာဝန်ခံရ မည်ဟု မန္တလေးစုသပိတ်အင်အားစုက ထုတ်ပြန်ထားသည်။

ဒေါက်တာတေဇာဆန်းက “အဖမ်းခံရတာ ၁ နှစ်တင်းတင်းပြည့်တဲ့အထိ ကျနော်တို့ ရဲဘော်တွေရဲ့ သတင်းကို လုံးဝစုံစမ်း လို့မရနိုင် ဖြစ်နေပါတယ်။ အိုးဘိုထောင်ထဲမှာလည်း မရှိဘူးလို့ သိရတယ်။ နောက် နန်းတွင်းစစ်ကြောရေးမှာ ကျဆုံးတယ် ဆိုတဲ့ သတင်းတွေလည်း ကြားသိနေရတယ်။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်အန္တရာယ်၊ လုံခြုံရေး အကုန်လုံးကို အကြမ်းဖက်စစ်အုပ်စုက လုံး၀ အပြည့်အ၀ တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ရဲဘော်တွေဟာ လူငယ်လူ ရွယ်တွေ ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့အတွက် ကျနော်တို့အပြင် တနိုင်ငံလုံးကပါ အထူးပဲ စိုးရိမ်နေကြရပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများအနက် ကိုသူရအောင်သည် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ကို ပို့ဆောင်ခံရပြီးနောက် ပြီးခဲ့သည့် နှစ် မေလအတွင်းက ကိုဗစ်-၁၉ ပိုး တွေ့ရှိသည် ဟုဆိုကာ နန်းတွင်းစစ်ကြောရေးသို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း၊ မန္တလေးနန်းတွင်း စစ်ကြောရေး၌ ကိုသူရအောင်အား ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးခဲ့ခြင်းကြောင့် ခြေထောက်များ ကျိုးကြေနေသော်လည်း ဆေးကုသမှုများ မရရှိခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်သပိတ်အင်အားစုမှ ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသက “နောက်ဆုံး သိထားရတာက ကိုသူရအောင်ကို အိုးဘိုထောင်ပို့ပြီးမှ ပြန်ခေါ်ထုတ်သွားကြတယ်။ခေါ်သွားတဲ့ အချိန်မှာလည်း ကိုသူရအောင်က ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေအပြင် ခြေထောက်ပါ ကျိုးနေတယ်လို့ပဲ သိရတယ်။ အဲဒီကနေ ဘာသတင်းမှ ဆက်မသိရတာ အခု တနှစ်ပြည့် တဲ့ အထိပဲ။ ဦးဇင်းတို့ အနေနဲ့ကတော့ ကိုသူရအောင်တို့ကို အသက်ရှင်လျက်ရှိပါစေလို့ပဲ ဆုတောင်းပေးနေရသလို ဖမ်းဆီးခံထားရသူတွေအားလုံး သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရစေချင်တယ်” ဟု မိန့်ကြားသည်။

မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်တဦးကလည်း စစ်ကောင်စီက တော်လှန်ရေး အင်အားစုများကို နည်းမျိုးစုံဖြင့် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုများ မိသားစုနှင့် အဆက်ဖြတ်ခြင်းများ၊ အလောင်းဖျောက်ဖျက်ခြင်းများ ရှိသဖြင့် ၎င်းတို့ ၄ဦးအတွက် စိုးရိမ်ကြောင်းဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်ကြောရေး စခန်းများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ ပါဝင်သူများ၊ သပိတ်ခေါင်းဆောင်များ ဖမ်းဆီးခံရလျှင် လူမဆန်စွာ နှိပ်စက်၍ စစ်မေးခြင်းများ ပြုလုပ်လေ့ရှိပြီး ဘာသာခြားများ၊ လိင်စိတ်ကွဲပြားသူများ၊ ကျောင်းသားသမဂ္ဂနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ထောက်ခံသူများဆိုလျှင် ပိုပြီး ပြင်းထန်စွာ နှိပ်စက်လေ့ ရှိကြောင်း စစ်ကြောရေးစခန်းများမှ ပြန်လည် လွတ်မြောက်လာသူများ၏ ပြောကြားချက်များအရ မိသားစုဝင်များမှာ ပိုမို ပူပန်နေရသည်ဟုလည်း နီးစပ်သူများက ဆိုသည်။

မန္တလေးအမျိုးသမီးသပိတ်စစ်ကြောင်းမှ တက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်က “သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီးသွားရုံနဲ့ တော်လှန်ရေးဟာ အရှိန်အဟုန် ပျက်မသွားဘူး။ တဗိုလ်ကျရင် တဗိုလ်တက်လာပါလိမ့်မယ်။ နောက်ထပ် ခေါင်းဆောင်တွေ အများကြီး ရှိပါသေးတယ်။ ခေါင်းဆောင်ပိုင်းတွေ ပါသွားလို့ မန္တလေးက ပြိုလဲသွားပြီလို့ အားလုံးက တော့ တွေးကောင်း တွေးကြလိမ့်မယ်။ မန္တလေးက ပြိုလဲသွားမဲ့အထဲမှာ မပါဘူး။ ပြောက်ကျားစနစ်နဲ့ ရတဲ့နေရာကနေပြီး တော့ လှုပ်ရှားနေဆဲပဲ ဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ စစ်တပ် အာဏာသိမ်းချိန်မှ ဖေဖော်ဝါရီ ၉ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၃,၈၇၀ ဦးအနက် ၂,၃၉၉ ဦးမှာ ထောင်ဒဏ် ချခံထားရကြောင်း၊ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၄၃ ဦးထိ သေဒဏ် ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချခံရသူ ၁၀၁ ဦးထိ ရှိကြောင်း၊ စစ်တပ် အာဏာသိမ်းမှုကို ဆန့် ကျင်ခဲ့ကြသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၂,၉၈၁ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

ပစ်မှတ်ထား နှိပ်ကွပ်ခံနေရသည့် မန္တလေး သပိတ်စစ်ကြောင်းများ

မန္တလေးသပိတ်အင်အားစုမှ လူငယ် ၉ ဦး ဖမ်းခံရ

မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး

မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ

Your Thoughts …
Tags: စစ်ကောင်စီစစ်ကြောရေးမန္တလေးဗဟိုအကျဉ်းထောင်မန္တလေးသပိတ်အင်အားစု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖမ်းဆီးခံ သပိတ်အဖွဲ့ဝင် ၄ ဦး အသက်ရှင်လျက်ရှိနေသေးရဲ့လား (ရုပ်/သံ)

ဖမ်းဆီးခံ သပိတ်အဖွဲ့ဝင် ၄ ဦး အသက်ရှင်လျက်ရှိနေသေးရဲ့လား (ရုပ်/သံ)

ထိုင်းက ပေးတဲ့ သင်ခန်းစာ (ရုပ်/သံ)

ထိုင်းက ပေးတဲ့ သင်ခန်းစာ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate