မန္တလေးသပိတ်အင်အားစုရဲ့ သပိတ်တက်ကြွလှုပ်ရှားသူများဖြစ်ကြတဲ့ ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး ၊ ကိုစိုးလင်းအောင် ၊ ကိုလှမျိုးအောင်တို့ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ညနေပိုင်းက မန္တလေးမြို့ အောင်မြေသာဇံ အနီးတဝိုက်မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရပြီးနောက် တနှစ်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့ပါတယ်။
သပိတ်အင်အားစု ၄ ဦးစလုံးဟာ အဖမ်းခံလိုက်ရစဉ်ကတည်းက စစ်ကောင်စီက အပြင်းအထန် ထိုးကြိတ် ရိုက်နှက်တာတွေကို ပြုလုပ်ခဲ့ပြီး၊ အဲဒီထဲကမှ ကိုသူရအောင်ကတော့ ခြေထောက်အရိုးတွေ ကျိုးကြေတဲ့အထိ စစ်ကြောရေးမှာ ညှင်းပန်း နှိပ်စက် ခံထားရတယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုသူရအောင်တို့ ၄ ဦးလိုပဲ စစ်ကြောရေးမှာ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ်မရရှိတဲ့သူတွေဟာ ဆယ်ဂဏန်းဝန်းကျင်အထိ ရှိနေပြီး၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့သူတွေကတော့ အယောက် ၁၀၀ ရှိနေတယ်လို့ အေအေပီပီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup