• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြေပုံဒေသခံ ၂ ဦးကို AA ရိုက်နှက်မှု အရေးယူပေးရန် ချင်းနိုင်ငံရေးအဖွဲ့ တောင်းဆို

by ဧရာဝတီ
10 February 2023
in သတင်း
A A
၂၀၂၀ ခုနှစ်က ချင်းပြည်နယ် ပလက်၀ဒေသတွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

၂၀၂၀ ခုနှစ်က ချင်းပြည်နယ် ပလက်၀ဒေသတွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

3.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ချင်းတိုင်းရင်းသားများ နေထိုင်ရာ တုတ်ချောင်းရွာမှ ဒေသခံ ၂ ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူပေးရန် ရခိုင် အခြေစိုက် ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီက တောင်းဆိုလိုက်သည်။

အဆိုပါ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ၏ ဖေဖော်ဝါရီ ၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် မြေပုံမြို့နယ်၊ တုတ်ချောင်း ချင်းတိုင်းရင်းသားကျေးရွာမှ ဒေသခံ ၂ ဦးကို ယခုနှစ် ဇန်နဝါရီ ၃၀ ရက်၊ ည ၈ နာရီခန့်၌ AA တပ်ဖွဲ့ဝင်များက ရွာအပြင်သို့ လာရောက်ရန် ဖုန်းဆက်ခေါ်ယူပြီးနောက် လက်နောက်ပြန် ကြိုးတုပ်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

RelatedPosts

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေလျှော့ရန် လိုအပ်

25 June 2025
0
စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်

25 June 2025
268
တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား

25 June 2025
145

ထိုသို့ ဖမ်းဆီး ရိုက်နှက်ခံရသည့် ချင်းရွာသား ၂ ဦးအနက် ၁ ဦးမှာ နေရာ၌ပင် သတိမေ့မျောသွားပြီး ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် လက်ရှိအချိန်ထိ ဆေးရုံတခုတွင် ဆေးကုသမှု ခံယူနေရကြောင်း ချင်းနိုင်ငံရေး ဦးဆောင် ကော်မတီ၏ ဥက္ကဋ္ဌ ဆလိုင်းပိုင်ထွန်းက ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့ သိရတာက AA အောက်ခြေ စစ်သား သုံးယောက်လောက်က အဲဒီ ရွာသားနှစ်ယောက်ကို ဖုန်းနဲ့ခေါ် တယ်။ ပြီးတော့ နောက်ပြန်ကြိုးတုပ်ပြီး ရိုက်တယ်။ နှစ်ယောက်မှာ တယောက်ကတော့ တော်တော် အရိုက်ခံရတဲ့အတွက် ဆေးရုံ တင်ထားရတယ်။ ကျနော်တို့ ဒေသခံတွေ လိုလားတာက အရိုက်ခံရတဲ့ ရွာသားနှစ်ယောက်အတွက် တရားမျှတမှု ရဖို့ရယ်၊ နောက်တခုက ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူဆောက်ရွက်မှုတွေလုပ်ဖို့ ကျနော်တို့က တောင်း ဆိုထားတယ်” ဟု ဆိုသည်။

လက်ရှိ အခြေအနေတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) သည် ရခိုင်ပြည်နယ်အတွင်း သြဇာလွှမ်းမိုးထားပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် ချင်းနိုင်ငံရေး ဦးဆောင် ကော်မတီအဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ချင်းတိုင်းရင်းသားအရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ULA/ AA ခေါင်း ဆောင်များနှင့် တွေ့ဆုံကာ ပြဿနာများကို ပြေလည်အောင် ဆောင်ရွက်လိုကြောင်းလည်း ဆလိုင်းပိုင်ထွန်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အဆိုပါ ချင်းရွာသား ၂ ဦး ဖမ်းဆီးရိုက်နှက်ခံရမှုနှင့် ပတ်သက် ပြီး စနစ်တကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “သူတို့ဘက်က စွပ်စွဲထားသလိုမျိုး မြေပြင်မှာ တကယ် ကျူးလွန်ခဲ့ခြင်း ရှိမရှိဆိုတဲ့ ကိစ္စကို ကျနော်တို့ဘက်က စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာ ရှိတယ်။ ဒါကြောင့်မို့ အခုလောလောဆယ်ကတော့ မြေပြင်မှာ အမှန်တကယ် ကျူးလွန်ခဲ့ခြင်းရှိမရှိ ဆိုတာကို ပြောဖို့ အချိန်စောပါသေးတယ်။ အခုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုမှာ စွပ်စွဲထားသလိုမျိုး ပေါ်ပေါက်ရင်တော့ ကျနော်တို့ရဲ့ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတိုင်း လိုအပ်သလို အရေးယူလုပ်ဆောင်သွားပါ မယ်” ဟု ဆိုသည်။

ယခုလ ဖေဖော်ဝါရီ ၂ ရက်ကလည်း မင်းပြားမြို့နယ်၊ တောင်ရှည်ပြင် ချင်းတိုင်းရင်းသားကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်စဉ် တခုနှင့် ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘခင်နှင့် ဗီတာ (၂) ဒုစစ်ဒေသမှူး ဗိုလ်မှူး ခိုင်ကျော်တို့ကြား အငြင်းပွား ခဲ့ကြရာ ဗိုလ်မှူး ခိုင်ကျော်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘခင်ကို ရိုက်နှက်ခဲ့သလို ကျေးရွာသားများအားလည်း သေနတ် ထုတ်ပြပြီး ခြိမ်းခြောက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိကြောင်း ချင်းနိုင်ငံရေးဦးဆောင်ကော်မတီအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ ဖြစ်စဉ်မှာ ဗီတာ (၂) စစ်ဒေသမှ တာဝန်ရှိသူများ ကျေးရွာသို့ လာရောက်ပြီး တောင်းပန်ကြသည့်အတွက် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မြေပုံမြို့နယ်၊ တုတ်ချောင်း ချင်းတိုင်းရင်းသားကျေးရွာအတွင်း AA တပ်ဖွဲ့ဝင် အောက်ခြေ တပ်သားများသည် ညအချိန်များ တွင် ကျေးရွာအတွင်းသို့ ဝင်ထွက်သွားလာခြင်း၊ ကျေးရွာရှိ ဈေးဆိုင်များတွင် ပစ္စည်းများကို အကြွေးဝယ်ယူခြင်းများ ရှိသည့်အတွက် ကျေးရွာသားတချို့နှင့် AA တပ်ဖွဲ့ဝင်တို့ကြား အဆင်မပြေမှုများ ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရ သည်။

You may also like these stories:

အာဏာအားပြိုင်မှုကြားက ရခိုင် လူဖမ်းပွဲ

ရခိုင်စစ်ပွဲ ပြန်ဖြစ်တဲ့အခါ

အာဏာသိမ်းစစ်တပ်နှင့် AA တိုက်ပွဲဖြစ်

ရခိုင်တွင် စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ပိတ်ထားဆဲဟုဆို

Your Thoughts …
Tags: AAချင်းတိုင်းရင်းသားကျေးရွာချင်းနိုင်ငံရေး ဦးဆောင်ကော်မတီမြေပုံမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ပြည်မ ပြည်နယ် စဉ်းစားချက်ကိုက မှားနေတာ (ရုပ်/သံ)

ပြည်မ ပြည်နယ် စဉ်းစားချက်ကိုက မှားနေတာ (ရုပ်/သံ)

“စစ်အုပ်ချုပ်ရေး သက်တမ်းတိုးတာ အာဏာမထိမ်းနိုင်ဘူးဆိုတာ ဝန်ခံလိုက်တာ” (ရုပ်/သံ)

"စစ်အုပ်ချုပ်ရေး သက်တမ်းတိုးတာ အာဏာမထိမ်းနိုင်ဘူးဆိုတာ ဝန်ခံလိုက်တာ" (ရုပ်/သံ)

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate