လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ အနေနဲ့ သတ်မှတ်ခဲ့တဲ့ ပြည်ထောင်စုနေ့ဟာ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ၇၆ နှစ် ပြည့်မှာပါ။
လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုရဲ့ အနှစ်သာရကို အမှန်တကယ် မခံစားခဲ့ကြသေးပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံမှာ တန်းတူ ညီမျှမှုရှိတဲ့ ဖက်ဒရယ် စနစ်ကို သွားမယ်ဆို ဘာတွေကိုစတင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်မလဲ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။