• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကွတ်ခိုင်၌ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲထပ်ဖြစ်နိုင်

by ဧရာဝတီ
17 February 2023
in သတင်း
A A
KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

KIA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

7.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အရှေ့မြောက်ဘက်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) တို့ကြား ဖေဖေါ်ဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်ရှိအခြေအနေတွင် နှစ်ဖက်တပ်များ ရင်ဆိုင်ထားဆဲဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “အခြေအနေကတော့ သူတို့ လုံးဝ ဆုတ်သွားတာတော့ မရှိဘူး။ ရှေ့တန်းကနေနည်းနည်း ဆုတ် သွားတယ်လို့တော့ ပြောကြပါတယ်။ ဒါက အားလုံးပြီးသွားတဲ့ သဘောတော့ မဟုတ်ဘူး။ စစ်ရေးက တင်းမာတဲ့ အနေ အထား ဖြစ်ပါတယ်။ သူတို့ဘက်က စစ်ကြောင်းတော့ ပြန်တက်လာနိုင်တဲ့ အလားအလာတော့ ရှိပါတယ်” ဟု ဆိုသည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
94
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
47
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
37

ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အစပ်တွင် KIA နှင့် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မူဆယ်ပြည်သူ့ စစ်များ ပူးပေါင်းထားသည့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာရာမှ KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၉ နှင့် တွေ့ဆုံကာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း KIA ဘက်က ဆိုသည်။

ဖေဖော်ဝါရီ ၁၅ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သဖြင့် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KIA ထံမှ သိရသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီ၏ ကွတ်ခိုင်မြို့ အခြေချ စစ်ဗျူဟာ၊ ၁၀၅ မိုင်ရှိ တပ်ရင်း၊ နမ့်ဖတ်ကာ အခြေစိုက် တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် KIA တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA ဘက်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများ ရှိနိုင်ပြီး KIA ဘက်တွင်လည်း ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

၎င်းက “ထိခိုက်မှုကတော့ ကျနော်တို့လည်း မသိဘူး။ မနေ့ကတော့ သူတို့ တော်တော် အထိနာသွားတယ်လို့ သတင်း ထွက်ပါတယ်။ ဘယ်လောက် ထိခိုက်သွားသလဲတော့ တိတိကျကျ အတည်ပြုပြောလို့ မရသေးဘူး။ တိုက်ပွဲကြီးဖြစ်တဲ့ အတွက် KIA ဘက်မှာလည်း ထိခိုက်မှုကတော့ အနည်းနဲ့ အများရှိမှာပါ” ဟု ဆိုသည်။

ကွတ်ခိုင်မြို့မှ ဒေသခံတဦးကလည်း ဖေဖော်ဝါရီလ ၁၆ ရက်တွင် တိုက်ပွဲ ထပ်ဖြစ်သံ မကြားရသော်လည်း ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် တိုက်ပွဲဖြစ်သည်ဟု သတင်းကြားရကြောင်း ဆိုသည်။

၎င်းက “တိုက်ပွဲက ဒီနေ့တော့ မဖြစ်ဘူး။ ဟိုဘက်ရက်ကတော့ ကြိုကြားကြိုကြား ဖြစ်တယ်။ မြို့နဲ့တော့ နည်းနည်း လှမ်းတယ်။ ဟိုတနေ့က ဖြစ်တာကတော့ မိုင် ၂၀ လောက် ကွာတယ်။ အဲဒီနောက် မြို့နဲ့ ၃ မိုင်အကွာ၊ ၄ မိုင်အကွာမှာ ဖြစ်တာလည်း ရှိတယ်။ မူဆယ်-လမ်းမကြီးတကြောလို့ ပြောလို့ရတာပေါ့။ မူဆယ်ရဲ့ တောင်ဘက်မှာ ဖြစ်တာပါ” ဟု ဆိုသည်။

ဆက်လက်၍ ဒေသခံတဦးက ယင်းတိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ဘေးရှောင်လာသူများ ရောက်လာမှု မရှိသေးဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရေး လေ့လာသည့် သတင်းရင်းမြစ်များကလည်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ တပ် စစ်ကြောင်းထိုးခြင်းသည် အင်အားအများအပြားသုံးသည့် ထိုးစစ် မဟုတ်ဘဲ နယ်မြေရှင်းလင်းသည့် သာမန် စစ်ဆင်ရေး သာ ဖြစ်ကြောင်း ဆိုသည်။

ကွတ်ခိုင်မြို့နယ်သည် KIA တပ်မဟာ ၆ သာမက ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) နှင့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ လှုပ်ရှားရာ ဒေသဖြစ် သဖြင့် စစ်ကောင်စီတပ် နယ်မြေ ရှင်းလင်းရေးလုပ်ပါက အဆိုပါ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မြောက်ဘက်ရှိ ဆွန်လုံနှင့် ခိုမုန်းရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ ၆ တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲပြီးသည့်နောက်တွင် စစ်ကောင်စီဘက်က တပ် မဟာ ၆ လက်အောက်ခံ စခန်းအချို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

You may also like these stories:

ရှမ်းအမျိုးသားနေ့နှင့် ဖက်ဒရယ်အရေး

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့

တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်ဖို့ လိုတယ်

Your Thoughts …
Tags: KIAကွတ်ခိုင်စစ်ကောင်စီတိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရှမ်းနှင့်ရခိုင်မှ အချိန်မရွေးပေါက်ကွဲနိုင်သည့် “လက်နက်အသင့်ငြိမ်းချမ်းရေး”

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ကြံ့ခိုင်ရေးပါတီ မဲဆွယ်လှုပ်ရှားမှု / ဧရာဝတီ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်ပါတီတွေ မှတ်ပုံတင်ကြပြီလဲ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate