• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘုံသဘောတူညီချက်ကို ထောက်ခံ၍ တရုတ်ကို အင်ဒိုနီးရှား ကျေးဇူးတင်

by ဧရာဝတီ
23 February 2023
in သတင်း
A A
တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ဂေါင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီတို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ် / AFP

တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ဂေါင်နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီတို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ် / AFP

3.4k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်း မြန်မာတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် သဘောတူထားသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ဘုံသဘောတူညီချက် ၅ ချက်ကို တရုတ်က ထောက်ခံသောကြောင့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောသည်။

မစ္စ ရက်နိုသည် တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ဂေါင်နှင့် ဂျကာတာတွင် တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
219
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
481
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
190

“ဘုံသဘောတူညီချက် ၅ ချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အတွက် အင်ဒိုနီးရှားက ကျေးဇူးတင်တယ်။ ဒီဘုံသဘောတူညီချက် ၅ ချက်က မြန်မာကို နိုင်ငံရေးအကျပ်အတည်းတွေက လွတ်မြောက်စေဖို့ ASEAN အတွက် အဓိက ကိုးကားစရာဖြစ်တယ်” ဟု ၎င်းကပြောသည်။

၂၀၂၁ ခုနှစ်အစောပိုင်းတွင် အာဏာသိမ်းပြီးနောက် မြန်မာသည် အကြမ်းဖက်မှုများ၊ စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများတွင် ပိတ်မိနေသည်။

ယခုနှစ်တွင် အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန်ယူထားသော ASEAN သည် မြန်မာတွင် အာဏာသိမ်းပြီး မကြာမီ စစ်အာဏာသိမ်းခေါင်းဆောင် လက်မှတ်ထိုးထားသည့် ဘုံသဘောတူညီချက် ၅ ချက်တွင် ဖော်ပြထားသော အချက်များကို စစ်ကောင်စီက မလိုက်နာသောကြောင့် တစထက်တစ ပိုမိုစိတ်ပျက်နေသည်။

“ASEAN ဥက္ကဋ္ဌအနေနဲ့ အင်ဒိုနီးရှားဟာ မြန်မာမှာ အားလုံးပါဝင်တဲ့ အမျိုးသားတွေ့ဆုံဆွေးနွေးမှု ဖြစ်စေဖို့ မြန်မာက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်” ဟုလည်း မစ္စ ရက်နိုက ပြောသည်။

ဘုံသဘောတူညီချက်သည် မြန်မာအကျပ်အတည်းနှင့် ပတ်သက်သည့် တခုတည်းသော တရားဝင် သံတမန်ရေး နည်းလမ်းဖြစ်သော်လည်း ထိုလုပ်ငန်းစဉ် မတိုးတက်သောကြောင့် အနောက်နိုင်ငံများ စိတ်ပျက်နေကြသည်။

ဆယ်စုနှစ် နှစ်ခုကြာ ကြိုးစားနေရသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ် (COC) ဖန်တီးရေး ဆွေးနွေးပွဲများ ပိုမိုအရှိန်ရလာမည် ဖြစ်ကြောင်းလည်း ဝန်ကြီး မစ္စ ရက်နိုက ပြောသည်။

“အင်ဒိုနီးရှားနဲ့ ASEAN ဟာ ကြီးကြီးမားမား ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တဲ့ ကျင့်ဝတ်တခု ဖော်ထုတ်လိုတယ်” ဟုလည်း ၎င်းကပြောသည်။

တရုတ်နှင့် အင်ဒိုနီးရှားတို့သည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူတကွ လုပ်ဆောင်မည်ဖြစ်ကြောင်း မစ္စတာ ချင်က ပြောသည်။

အင်ဒိုနီးရှားသည် ထိုကျင့်ဝတ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို ယခုနှစ်အတွင်း လက်ခံကျင်းပရန် ပြင်ဆင်နေသည်။ ထိုသို့သော ဆွေးနွေးပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ASEAN နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး ကျင်းပပြီးနောက် မစ္စ ရက်နိုက ပြောသည်။

ကိုးကား ။ ။ Reuters သတင်း Indonesia appreciates China’s support for Myanmar peace consensus – foreign minister

You may also like these stories:

အင်ဒိုနီးရှား ဥက္ကဋ္ဌဖြစ်သည့် ၂၀၂၃ တွင် ASEAN သည် ခေတ်နှင့် ကိုက်ညီလာမည်လား

တရုတ်အထူးသံတမန်သစ် NUG နှင့် တွေ့ပါ

မြန်မာ့အိမ်နီးချင်းများ စစ်ကောင်စီကို ပစ်ပယ်ရန် အချိန်ကျပြီ

မြန်မာစစ်ကောင်စီနဲ့ တရုတ် ခွာပြဲကြပြီလား

Your Thoughts …
Tags: Aseanချင်ဂေါင်စစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တောင်တရုတ်ပင်လယ်ဘုံသဘောတူညီချက် ၅ ချက်ရက်နို မာဆူဒီသံတမန်ရေးအကြမ်းဖက်မှုအင်ဒိုနီးရှား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးအစည်းအဝေးသို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်စဉ်

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

မကွေးတိုင်း၊ မြိုင်-ပခုက္ကူကားလမ်းမပေါ်ရှိ PDF စစ်ဆေးရေးဂိတ်တခု / CJ

အခွန်ငွေခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို NUG ဘယ်လို ကိုင်တွယ်မလဲ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate