• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကောလင်းဒေသခံ ၁၈ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

by ဧရာဝတီ
25 February 2023
in သတင်း
A A
၂၀၂၂ ဒီဇင်ဘာလက စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူ့နေအိမ်များ / ကောလင်းမြို့နယ် ပကဖ

၂၀၂၂ ဒီဇင်ဘာလက စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူ့နေအိမ်များ / ကောလင်းမြို့နယ် ပကဖ

5.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ရှိ ကသစ်ကုန်း၊ လှည်းပွဲ၊ ကျခတ်အိုက်ရွာများမှ ဒေသခံ ၁၈ ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဖမ်းခေါ်သွားပြီးနောက် သတ်ဖြတ်ကာ အလောင်းများအား မီးရှို့ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ကသစ်ကုန်းကျေးရွာမှ ဦးကျော်တင့်၊ ကိုအောင်ဇော်ဦး၊ ကိုအောင်သက်နိုင်၊ ကိုရန်အောင်၊ ကိုတာတီး၊ ဦးထွန်းဌေး၊ ကိုချဲဘို၊ ကိုဖိုးမဲ၊ ကိုမျိုးထက်ဦး၊ ကိုမြင့်ဇော်ဦး၊ ကိုမျိုးထက်နိုင်၊ ကိုနန်းကိုဦး၊ ကိုမောင်ခိုင်၊ ကိုဇင်ကိုမင်း၊ ကိုဝင်းဇော်၊ ကျခတ်အိုက်ကျေးရွာမှ ဦးစိုးတင့်၊ ဦးစိုးမြင့်၊ လှည်းပွဲကျေးရွာမှ ကိုအောင်မျိုးတို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
48
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
80
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
291

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “၁၇ ရက်နေ့က တောင်ပလူ ဘုရားတောင်ရိုးနားမှာ တိုက်ပွဲ ဖြစ်ပြီးတော့ အထိနာသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ကသစ်ကုန်း၊ လှည်းပွဲ၊ ကျခတ်အိုက်က ဒေသခံရွာသားတွေကို ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်ကြတာပါ။ အဖမ်းခံရတာက ၂၀ ပေါ့။ ၂ ယောက်က ထွက်ပြေး လာလို့ ပြန်လွတ်လာတယ်။ ကိုးတောင်ဘို့ အထိုင်စခန်းကို ဖမ်းခေါ်သွားကြတာ။ အလောင်းတွေကို မီးရှို့လိုက်ပြီလို့ ကျနော် တို့ရဲ့ အတွင်းသတင်းပေးတွေကနေတဆင့် သိရတာပေါ့” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် တောင်ပလူတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးပြီး ပြန် ဆုတ်ခွာချိန် ဒေသခံ ၂၀ ကို ကို့တောင်ဘို့ အထိုင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ် ကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကဆိုသည်။

ကောလင်းမြို့နယ် ပကဖအဖွဲ့ဝင် တဦးက “လူသားဒိုင်းအနေနဲ့ အဖမ်းခံလိုက်ရတဲ့ ၂၀ ထဲကနေ ၂ ယောက်က အိမ်သာ သွားချင်လို့ဆိုပြီး ထွက်ပြေးခဲ့ရာက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြန်လွတ်လာလို့ အခြေအနေတွေကို သိရတာပေါ့။ ကျန်တဲ့ သူတွေအားလုံး အသတ်ခံလိုက်ရတယ် ဆိုတာကိုလည်း ပျူတွေကို တဖက်လှည့်နဲ့ မေးမြန်းရာကတဆင့် သိခဲ့ရတာ။ ဦးကျော်တင့် ဆိုတဲ့သူက ဖမ်းသွားတဲ့ညမှာပဲ လည်ပင်းတွေကို ခြေထောက်နဲ့တက်နင်းပြီး စစ်မေးရင်းကနေ အသက် ထွက်သွားတာလို့ သိရတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဖမ်းသွားတဲ့သူတွေကို ကိုတောင်ဘို့စခန်းမှာ ရေမတိုက်၊ ထမင်းမကျွေးဘဲ ထားတာကို ပျူအဖွဲ့ထဲက အသိမိတ်ဆွေက ရေခိုးတိုက်၊ အစာခိုးကျွေး လုပ်ပေးခဲ့ကြတယ်။ အချို့က ပျူစောထီးအဖွဲ့ထဲကို မရောက်ချင်ဘဲ ရောက်နေ ကြရတာမျိုးဆိုတော့၊ တနယ်တည်းသား အချင်းချင်းဆိုတော့ ကိုယ်ချင်းစာစိတ် ရှိတဲ့သူတွေက ခိုးဝှက်လုပ်ပေးတာမျိုးပေါ့။ စစ်တပ်ကကောင်တွေက အားလုံးကို သတ်လိုက်တာလို့ သိရတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၇ ရက်က ကိုတောင်ဘို့ရွာရှိ စစ်ကောင်စီတပ်စခန်းမှ ထွက်လာသော အင်အား ၅၀ ကျော်ပါ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၃ တပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့များကို ကောလင်းမြို့နယ်၊ ကျောက်ပျဉ်သာတိုက်နယ်၊ တောင်ပလူကျေးရွာ ဘုရားတောင်အနီးတွင် ကောလင်းခရိုင် တပ်ရင်း ၁ မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ်နှင့် ကောလင်းမြို့နယ် ပကဖ၊ ကျောက်ပျဉ်သာတိုက်နယ် ပကဖ အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

နံနက် ၉ နာရီခန့်မှ စတင် ဖြစ်ပွားခဲ့သော တောင်ပလူတိုက်ပွဲသည် နေ့လယ် ၂ နာရီခွဲခန့်ထိ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းပစ်ကူများအပြင် ညနေ ၆ နာရီခန့်တွင် တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုအခြေစိုက် ခမရ ၁၂၀ တပ်တွင်းမှ လက်နက်ကြီးများဖြင့်ပါ ပစ်ကူပေးပြီး ခမရ ၃၆၃ စစ်ကြောင်းကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းမှ ဗိုလ်ကြီးအဆင့် ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များလည်း ရှိခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရခဲ့ပြီး လေကြောင်းပစ်ကူ ကြောင့် ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “တိုက်ပွဲက ၅ နာရီကျော် ကြာလာတဲ့အချိန်မှာ လေကြောင်းပစ်ကူတွေ ရောက်လာတဲ့အပြင် ကောလင်းရွာမမှာ ရောက်နေတဲ့ စစ်ကြောင်းကလည်း မြေပြင်တပ်ကူ ရောက် လာတယ်။ မြေပြင်တပ်ကူအဖွဲ့က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တကြောင်းက သေဆုံး ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ရဟတ်ယာဉ်နဲ့ သယ်ထုတ်သွားကြတယ်။ နောက်တကြောင်းက တောင်ပလူရွာကို မီးတိုက်ပြီး ဒေသခံတွေကို ဓားစာခံ လူသားဒိုင်း အနေနဲ့ ဖမ်းခေါ်သွားကြတာပဲ။ စစ်ကောင်စီဘက်က ဗိုလ်ကြီးဧရာမင်း ဆိုတဲ့သူအပါ ၁၇ ယောက် သေတယ်။ သေတဲ့ရုပ်အလောင်းတွေကို တောင်ပလူရွာက ဦးသောကြာရဲ့အိမ်မှာ ကျကျနနတင်ပြီး မီးရှို့ထားခဲ့တယ်လို့ သိရတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ သေဆုံးမှုအား ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသိုဒေသတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခလရ ၈၇၊ ခလရ ၈၉၊ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုအခြေစိုက် ခမရ ၁၁၁၊ ခမရ ၁၂၀၊ အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မော်လိုက်မြို့ အခြေစိုက် ခမရ ၃၆၆၊ ဖောင်းပြင်အခြေစိုက် ခမရ ၃၆၇၊ ဟုမ္မလင်း အခြေစိုက် ခမရ ၃၆၉ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးလျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ဖြင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများအား စီးနင်းဝင်ရောက်ရာတွင် စစ်အာဏာရှင် တော်လှန်ရေးနှင့် ပတ်သက်၍ နာမည်ထွက်ရှိထားသူများ၏ နေအိမ်များကို ပစ်မှတ်ထား ဖျက်ဆီးနေသလို တန်ဖိုးရှိပစ္စည်များကိုလည်း လုယက်ယူဆောင်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးက “စစ်ကြောင်းတွေက ရွာတွေကို မီးတိုက်တာတွေအပြင် သူတို့နဲ့ ထိပ်တိုက်တွေ့တာနဲ့ ဖမ်းဆီးပြီး ရက်ရက် စက်စက် နှိပ်စက်သတ်ဖြတ်တာတွေကို လုပ်နေကြတာ။ သူတို့က ရွာတွေကိုမဝင်ခင် အရင် လက်နက်ကြီးတွေနဲ့ ထုပြီးမှ ဝင်ကြတာ။ ပြီးရင် အိမ်တွေကို မီးတိုက်။ ဖမ်းခံရရင်လည်း စစ်ကြောင်းသွားရာတလျှောက် ပေါ်တာပုံစံမျိုး လိုက်နေကြရ တာ။ အဲဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကြောင်းမဲ့ နှိပ်စက်ဖျက်ဆီးနေတာတွေကြောင့် ဒေသခံတော်တော်များများ စိတ်ဒဏ်ရာတွေ ရနေကြပြီးတော့ စစ်တပ်ကို ပိုပိုပြီး ရွံကြောက်ဖြစ်နေကြပြီ” ဟု ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဆားလင်းကြီး မြို့နယ်များကို ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ် ရေး (Martial Law) ကြေညာခဲ့ပြီး ရက်ပေါင်း ၂၀ အကြာ (ဖေဖော်ဝါရီ ၂၂ ရက်) တွင် ရွှေဘို၊ ဝက်လက်နှင့် အရာတော် မြို့နယ်များကိုပါ စစ်အုပ်ချုပ်ရေးအဖြစ် ထပ်မံ ကြေညာခဲ့ရာ မြို့နယ် ၃၈ မြို့နယ် ရှိသည့် စစ်ကိုင်းတိုင်း၌ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားသည့် မြို့နယ်မှာ ၁၄ မြို့နယ် ရှိလာပြီ ဖြစ်သည်။

အဆိုပါ ဒေသများမှာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသများ ဖြစ်သလို စစ်ကောင်စီတပ်က မထိန်းချုပ်နိုင်သည့် ဒေသများလည်း ဖြစ်သည်။

You may also like these stories :

စစ်ကောင်စီ မီးရှို့တာ နေအိမ် ၅ သောင်းခွဲကျော် ရှိပြီ

ဝက်လက်နယ်တွင်၂ ပတ်အတွင်း အိမ် ၂ ထောင်ခန့် မီးရှို့ခံရ

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ

Your Thoughts …
Tags: ကောလင်းစစ်ကောင်စီတောင်ပလူတိုက်ပွဲပျူစောထီးဖမ်းဆီးသတ်ဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွေးနွန်ခန်းနှင့် မိခင် / ရွှေဖီမြေ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

၂၀၁၉ ခုနှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒေါက်တာ ဆမ်ဆွန် သွားရောက်တွေ့ဆုံစဉ်

ကချင်ခရစ်ယာန်ခေါင်းဆောင်ကို စစ်ကောင်စီ ဖမ်းဆီးမှု အမေရိကန် ရှုတ်ချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate