• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဝေးပြေးလမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ အကြီးအကျယ် ငွေညှစ်

by ဧရာဝတီ
27 February 2023
in သတင်း
A A
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် စစ်ကောင်စီဂိတ်တခုတွင် အရပ်သားကားတစီးကို စစ်ဆေးနေစဉ် / CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် စစ်ကောင်စီဂိတ်တခုတွင် အရပ်သားကားတစီးကို စစ်ဆေးနေစဉ် / CJ

15.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတဝန်းရှိ အသစ်ထူထောင်ထားသော စစ်တပ်စစ်ဆေးရေး ဂိတ်များတွင် အရပ်သားကားမောင်းသူများနှင့် ခရီးသွားများထံမှ ငွေညှစ်ပြီး စစ်ကောင်စီတပ်များသည် အကျိုးအမြတ်များသော လုပ်ငန်းများကို တွေ့ရှိနေကြသည်။

စစ်ကောင်စီသည် ကြီးထွားလာနေသည့် လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသောကြောင့် ထောင်နှင့်ချီသော စစ်တပ်စစ်ဆေးရေးဂိတ်များကို မြို့တိုင်း၊ မြို့နယ်တိုင်းသို့အဝင်နှင့် တနိုင်ငံလုံးမှ အဝေးပြေးလမ်းများတွင် ထူထောင်ထားသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
331
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
4.1k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
330

လုံခြုံရေးကို အကြောင်းပြပြီး ယာဉ်တိုင်းကို ရပ်တန့်ခိုင်းကာ ယာဉ်ပေါ်ပါသူအားလုံးသည် ကိုဗစ်နိုင်တင်းစည်းကမ်း လိုက်နာခြင်း ရှိ မရှိ၊ အမျိုးသားမှတ်ပုံတင်ကတ်များနှင့် ခရီးသွားလာခွင့်များ ယူဆောင်လာခြင်း ရှိ မရှိ စစ်ဆေးကြသည်။ ယာဉ်မှတ်ပုံတင်သက်တမ်း ကုန် မကုန်ပင် စစ်ဆေးကြသည်။

သို့သော် ထိုစစ်ဆေးမှုအားလုံးမှာ လမ်းအသုံးပြုသည့် နိုင်ငံသားများထံမှ ငွေညှစ်ရန် အကြောင်းပြချက်မျှသာ ဖြစ်သည်ဟု ရဲနှင့်စစ်သားများရှိသည့် စစ်ဆေးရေးစခန်းများတွင် ငွေတောင်းရမ်းခံရသည့် ကုန်ကားမောင်းသူများနှင့် အရပ်သားများက ပြောသည်။

ရပ်မပေးသည့် ကားများသည် ပစ်ခတ်ခံရမည့် အန္တရာယ်ရှိကြောင်းလည်း ၎င်းတို့က ပြောသည်။ ထို့အပြင် အဝေးပြေးကားကြီးများဖြင့် ခရီးသွားသော ခရီးသည်များအပါအဝင် ပြည်သူများကို ၎င်းတို့၏ သက်သေခံကတ်များ သက်တမ်းကုန်နေပါက သို့မဟုတ် အသေးအဖွဲ စည်းကမ်းချိုးဖောက်ပါက မလိုအပ်ဘဲ မေးခွန်းများမေးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်ဟု သိရသည်။ ထိုသို့သော စစ်ဆေးရေးစခန်းများကို ဖြတ်သန်းရန် တခုတည်းသော နည်းလမ်းမှာ စစ်ကောင်စီတပ်များတောင်းသည့် ငွေကိုပေးရန်သာဖြစ်သည်။

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကြား စစ်ဆေးရေးဂိတ်တွင် တန်းစီနေသော ယာဉ်များ / CJ

မကြာသေးမီက ခရီးတကြောင်းလျှင် စစ်ဆေးရေးဂိတ် ၂၀ ကျော် ဖြတ်သန်းရပြီး စစ်ကောင်စီ စစ်သားများနှင့် ရဲများကို ကျပ် ၇ သိန်း (၃၃၃ ဒေါ်လာ) ခန့်ပေးရကြောင်း မန္တလေးတိုင်း မြို့နယ်တခုမှ ကုန်ပစ္စည်းများနှင့် မီးသွေးအိတ်များကို စီးပွားရေးမြို့တော် ရန်ကုန်သို့ သယ်ယူပို့ဆောင်သည့် ထရပ်ကားမောင်းသမားများက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ရန်ကုန်-မန္တလေး အဝေးပြေးလမ်း၊ အဝေးပြေးလမ်းနှင့် မြို့ကိုဆက်သွယ်ထားသည့် လမ်းတလျှောက်မှ စစ်တပ် စစ်ဆေးရေးစခန်းတခုလျှင် ကျပ်ငွေ အနည်းဆုံး ၂ သောင်းမှ ၅ သောင်းအထိ ပေးနေရသည်။

ရန်ကုန်-မန္တလေး အဝေးပြေးလမ်းကြောင်းသည် မြန်မာတွင် လူသုံးအများဆုံး လမ်းကြောင်းဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ် ရာပေါင်းများစွာ သွားလာရသည်။ ထိုအတိုင်းဆိုပါက ရန်ကုန်-မန္တလေးလမ်းကြောင်းမှ စစ်တပ်နှင့်ရဲများသည် စခန်းတခုတွင် ကုန်ကား ၅၀၀ မျှကို ရပ်တန့်စေလျှင် တနေ့လျှင် အနည်းဆုံး ကျပ် သိန်း ၃,၅၀၀ ဝင်ငွေရနေသည်။

စစ်ကောင်စီက ထိန်းချုပ်ထားသည့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော် အဝင်အနီး အဝေးပြေးလမ်းပေါ်ရှိ ပလွေး စစ်တပ်စစ်ဆေးရေးစခန်းမှ ရဲများအပါအဝင် စစ်ကောင်စီတပ်များသည် ထရပ်ကားမောင်းသမားများနှင့် ပုဂ္ဂလိက အရပ်သားယာဉ်များထံမှ ငွေညှစ်ပြီး ချမ်းသာကြွယ်ဝလာကြောင်း ပြည်တွင်းသတင်းများက ဒေသခံများကို ကိုးကား ဖော်ပြကြသည်။

ထိုစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်များသည် ကုန်ကားနှင့် အခြားယာဉ်မောင်းများထံမှ လာဘ်ငွေကို လူသိရှင်ကြား တောင်းခံနေပြီး ရဲနှင့်စစ်သားတဦးလျှင် တနေ့ ကျပ် ၅ သောင်း ရရှိနေကြောင်း ဒေသခံတဦးက မီဒီယာများသို့ ပြောသည်။

ခရီးသွားလာခွင့်လက်မှတ်ပါသော ယာဉ်များသည်ပင် ငွေပေးရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီထုတ်ပေးသည့် နေပြည်တော်ဒေသ ဖြတ်သန်းခွင့်တစောင်လျှင် ငွေကျပ် ၄ သောင်း ပေးရကြောင်း ရန်ကုန်-မန္တလေးလမ်းဟောင်းမှ ကုန်စည်ပို့ဆောင်နေသည့် ကုန်သေတ္တာ ယာဉ်မောင်းတဦးက ပြောသည်။

သွားလာခွင့် ပါမစ်ပါသော ကုန်ကားများသည် နေပြည်တော်ကို ဖြတ်သန်းလျှင် စစ်ဆေးရေးစခန်းများတွင် အစစ်ဆေးမခံရဘဲ ဖြတ်သန်းနိုင်ကြောင်း၊ သို့သော် ထိုသို့သော သွားလာခွင့်၏ သက်တမ်းမှာ တလသာ ရှိကြောင်း သိရသည်။

“ဒီအလုပ်တွေက သူတို့အလုပ် မဟုတ်ပေမယ့် စစ်သားတွေက ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်မှတ်ပုံတင်ကို စစ်တယ်။ တခုခုအမှားအယွင်းတွေ့ရင် ငွေတောင်းတယ်။ ငွေမပေးရင် ကျနော်တို့ကိုဖမ်းမယ်၊ ကျနော်တို့ ပစ္စည်းကို သိမ်းမယ်လို့လည်း ခြိမ်းခြောက်တယ်” ဟု ၎င်းကပြောသည်။

စစ်ကိုင်း-မုံရွာ အဝေးပြေးလမ်းမှ စစ်တပ်စစ်ဆေးရေးဂိတ် တခုစီသည် မော်တော်ယာဉ်များနှင့် ကုန်ကားများထံမှ အနည်ဆုံး ၅ ထောင်ကျပ်မှ ၃ သောင်းကျပ်အထိ တောင်းခံနေကြောင်း မန္တလေးနှင့် စစ်ကိုင်းတိုင်းများရှိ မြို့နယ်အချို့တွင် လှုပ်ရှားနေသည့် ဒေသခံခုခံတော်လှန်ရေး ဇီးရိုးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီသို့ ပြောသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ကုန်ကားနှင့် ယာဉ်များ ရာချီ ပိတ်မိနေသည်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ် / CJ

“ရပ်မပေးတဲ့ကားတွေကို စစ်တပ်စစ်ဆေးရေး စခန်းတွေကနေ ပစ်ခတ်တယ်” ဟုလည်း ကိုသက်ကြီးက ပြောသည်။

“စစ်ဆေးရေးစခန်းတခုမှာ တာဝန်ကျတဲ့ စစ်ဗိုလ်တယောက်က မိသားစုဆီကို တလ သိန်း ၂၀ လောက် ပြန်ပို့နိုင်တယ်” ဟု ကိုသက်ကြီးက ပြောသည်။ သို့သော် ထိုအချက်ကို ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ တရားဝင်အရဆိုပါက မြန်မာစစ်ဗိုလ်များသည် တလလျှင် လစာ ကျပ်ငွေ ၂ သိန်းမှ ၃ သိန်းအထိသာ ရရှိကြသည်။

လွန်ခဲ့သောနှစ် ဇွန်လက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ဆင်ဖြူရှင်တံတား စစ်တပ်စစ်ဆေးရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက် သိမ်းပိုက်သောအခါ လက်နက်ခဲယမ်းများနှင့်အတူ ယာဉ်မောင်းများနှင့် အခြားအရပ်သားများထံမှ ငွေညှစ်ထားသည့် ငွေကျပ် သိန်း ၁၁၀ ကိုပါ သိမ်းဆည်းမိသည်။

တနိုင်ငံလုံးမှ ကုန်စည် သယ်ယူပို့ဆောင်ရေး ကွန်ရက်အသုံးပြုသူများကို စစ်ကောင်စီတပ်များက တနိုင်ငံလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် ငွေညှစ်နေခြင်းသည် စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများ ၃ ဆ တက်လာသည့် အကြောင်းရင်းများတွင် ပါဝင်သည်။ မန္တလေးတွင် မီးသွေးတအိတ်လျှင် ကျပ် ၄ ထောင်မှ ၅ ထောင်အထိသာ ရှိသော်လည်း လာဘ်ပေးရမှုအပါအဝင် သယ်ယူပို့ဆောင်ရေး စရိတ်စကများကြောင့် ရန်ကုန်အရောက်တွင် ဈေး နှစ်ဆဖြစ်သွားကြောင်း မီးသွေးကုန်သည်တဦးက ရှင်းပြသည်။

တချိန်တည်းတွင် စစ်ကောင်စီတပ်များသည် နိုင်ငံဝန်းမှ အထူးသဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းများနှင့် ချင်းပြည်နယ်မှ ကျေးရွာများကို ဝင်ရောက် စီးနင်းသောအခါ အရပ်သားနေအိမ်များကို မီးမရှို့မီ ပစ္စည်းများကို လုယက်နေသည်။

စစ်ကောင်စီစစ်သားများနှင့် အပေါင်းအပါများသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖမ်းဆီးပြီးနောက် ၎င်းတို့မိသားစုများထံမှ ငွေညှစ်ကြသည်။ ထိုသို့ ဖမ်းဆီးထားသူများကို စွဲချက်တင်ရန် အထောက်အထားမတွေ့ရသောအခါ လွှတ်ပေးရန် စာရင်းတွင် သွင်းထားသည်။ ထိုစာရင်းကို သိရှိသော စစ်သားများနှင့် ရဲများသည် နိုင်ငံရေးအရ ဖမ်းဆီးထားသူများ၏ မိဘဆွေမျိုးများကို ဆက်သွယ်ပြီး လွှတ်ပေးရန်အတွက် ငွေကြေးလိမ်လည် တောင်းခံကြသည်။

ထိုရဲများနှင့် စစ်သားများက နိုင်ငံရေးနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများ လွတ်မြောက်အောင် ကူညီနိုင်သည်ဟု ပြောဆိုပြီး ဆွေမျိုးများထံမှ ငွေတောင်းခံသည်။ အာဏာပိုင်များက ထိုသို့သော အကျဉ်းသားကို ဖမ်းဆီးထားရန် အထောက်အထား မတွေ့ဆိုသည့်အချက်ကို ဆွေမျိုးများ မသိကြပေ။

“လောလောဆယ် ကျနော်တို့နိုင်ငံက မင်းမဲ့အခြေအနေ ဖြစ်နေတယ်။ ဥပဒေ စည်းမျဉ်း မရှိဘူး။ ဒါကြောင့် စစ်ကောင်စီတပ်တွေက လုပ်ချင်ရာလုပ်နေတယ်” ဟု ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

You may also like these stories:

ရခိုင်ပြည်နယ်ရှိ စက်လှေများကို စစ်တပ်ဂိတ်များ ငွေအဆမတန် တောင်းခံ

ရွှေဘိုတွင် သီးနှံရောင်းချရာ၌ အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါက စစ်ကောင်စီ သိမ်းယူ

ခရီးသည်တင်ကားဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်

Your Thoughts …
Tags: ကုန်ဈေးနှုန်းခုခံတော်လှန်ရေး အင်အားစုငွေညှစ်ခြင်းစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်စစ်အာဏာသိမ်းမှုစီးပွားရေးနေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မန္တလေးရန်ကုန်-မန္တလေး အဝေးပြေးလမ်းလာဘ်ပေးလာဘ်ယူသယ်ယူပို့ဆောင်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဝါရှင်တန်၌ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စ ဝင်ဒီ ရှားမင်းသည် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံသည် / NUG Foreign Ministry

မြန်မာအဝေးရောက်အစိုးရများသမိုင်း

NUG အစိုးရ ဒုတိယ ပညာရေးဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း / ဧရာဝတီ

ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

6 hours ago
4.1k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate