• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကန့်ဘလူနယ်တွင် တနေ့တည်း ဒေသခံ ၉ဦး မိုင်းထိ၊ ကလေးတဦး သေဆုံး

by ဧရာဝတီ
2 March 2023
in သတင်း
A A
ကယားပြည်နယ်တွင် မြန်မာစစ်တပ်သုံး M 14 မိုင်းတလုံး ရှင်းလင်းတူးဖော်ရရှိစဉ် / AFP

ကယားပြည်နယ်တွင် မြန်မာစစ်တပ်သုံး M 14 မိုင်းတလုံး ရှင်းလင်းတူးဖော်ရရှိစဉ် / AFP

2.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်းတွင် စစ်တပ်က ထောင်သည့် မိုင်းများကြောင့် တရက်တည်းမှာပင် ဒေသခံ ၉ဦး မိုင်းထိပြီး ကလေးငယ်တဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

မိုင်းထိသူများမှာ ထန်းကုန်းတိုက်နယ် ညောင်ဇင်ရွာမှ ဦးကျော်မြိုင်၊ ဦးဖိုးပိန်၊ ဦးကျော်ခင်၊ ဦးလွမ်းချို၊ သင်းပေါင်းကျင်း ရွာ မှ အသက် ၁၅ နှစ်အရွယ် မောင်ပိုင်ပိုင်စိုး၊ မောင်ဖြိုးဝေအောင်၊ အသက် ၁၀ နှစ်အရွယ် မောင်တုတ်ပေါ နှင့် ကာဘိုးစံပြ ရွာမှ ဈေးသည်လင်မယား ၂ ဦးတို့ဖြစ်ပြီး မောင်ဖြိုးဝေအောင်မှာ မိုင်းထိသည်နေရာမှာပင် သေဆုံးခဲ့ကာ မောင်တုတ်ပေါမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
197
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
252
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.3k

စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများဖြစ်လာပြီး ရွာလုံးကျွတ် မီးတိုက်ခံနေရသည့် စစ်ကိုင်းတိုင်းသည် မြေမြှပ်မိုင်း ကြောင့် ထိခိုက်ခံစားရမှုတွင် တနိုင်ငံလုံး အတိုင်းအတာအရ ၁၇ ရာခိုင်နှုန်းရှိပြီး ဒုတိယအဆင့်သို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (Unicef) က အစီရင်ခံစာ ထုတ်ပြန်ထားပြီးဖြစ်သည်။

ဒေသတွင်းသတင်းရင်းမြစ်တဦးက “ကန့်ဘလူတောင်ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ ထောင်ထား တဲ့ မိုင်းနင်းမိပြီး အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်နေတာ အခုမှတော့ မဟုတ်ပါဘူး၊ ပြီးခဲ့နှစ်ထဲကလည်း ရှိ ပေမယ့် အလွန်နည်းပါတယ်၊ အခုက တရက်တည်းကို အရပ်သားပြည်သူ ၉ ဦးအထိရှိခဲ့တာပေါ့ ”ဟု ဧရာဝတီသို့ ပြော သည်။

မိုင်းထိမှန်သည့် ဖြစ်စဉ်မှာ ညောင်ဇင်ကျေးရွာနှင့် သင်ပေါင်းကျင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဇင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးလာရောင်းသည့် ဈေးသည် လင်မယား၊ ညောင်ဇင်ဒေသခံ ၄ ဦးတို့သည် ကျေးရွာ အဝင်အထွက်လမ်းများ၌ မိုင်းနင်းမိခြင်းဖြစ်သလို ညနေ ၄ နာရီဝန်းကျင်တွင်လည်း သင်ပေါင်းကျင်း ကျေးရွာအနီး လယ်တောဘက်၌ နွားကျောင်းနေသည့် ကလေးငယ် ၃ ဦးတို့မှာ မိုင်းနင်းမိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သင်ပေါင်းကျင်းဒေသခံတဦးက “မိုင်းနင်းမိတာတွေက ရွာအဝင်အထွက်နေရာတွေနဲ့ အနီးဝန်းကျင်က လမ်းတွေပေါ်မှာ ဖြစ်ခဲ့တာဗျ၊ ပထမ အုန်း ဆိုပြီး မိုင်းပေါက်ကွဲသံ ကြားရတယ်၊ မိုင်းသံနဲ့အတူ သေနတ်ပစ်ဖောက်သံတွေလည်း ကြားရ တယ်၊ နွားကျောင်းနေတဲ့ ကလေးတွေ မိုင်းနင်းမိတယ်ဆိုတာ ငြိမ်သွားမှ သိရတာ၊ ကလေး ၃ ယောက်မှာ သေတဲ့ကလေး နဲ့ ဒဏ်ရာပြင်းထန်တဲ့ကလေး ၂ ယောက် က ညီအစ်ကိုအရင်းတွေပါ”ဟု ပြောသည်။

ယခုနောက်ပိုင်းတွင် စစ်ကြောင်းပြန်လည် ဆုတ်ခွာသွားပါကလည်း ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်များတွင် မိုင်း များကို ထောင်ထားခဲ့သည်ကို တွေ့ရှိလာရသည့်အတွက် ထန်းကုန်းတိုက်နယ် ပျူစောထီးကျေးရွာများတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် အသွားအလာ အထူးသတိပြုကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန် ထားသည်။

ညောင်ဇင်ဒေသခံတဦးက “သူတို့တွေ(စစ်ကောင်စီ) မိုင်းထောင်ထားတယ်ဆိုတာကို အသိပေးတာမျိုးလည်း မရှိသလို ရွာနီးချုပ်စပ်တွေကို သွားလာရာမှာလည်း သတိ ဝီရိယနဲ့ သွားလာကြဖို့လည်း ပြောတာမျိုး မရှိဘူး၊ အခုလိုမျိုးဖြစ်တော့ ဘယ်သူကမှ တာဝန်ခံမှု တာဝန်ယူမှု မရှိကြဘူး ရယ်၊ အခုဆိုရင် အပြင်ကို အလုပ်သွားလုပ်ဖို့တောင် မဝံ့တော့ဘူးဗျ”ဟု ပြောသည်။

မြေမြုပ်မိုင်းအသုံးပြုမှုကို နိုင်ငံတကာက ပိတ်ပင်တားဆီးထားသော်လည်း မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း အများဆုံး အသုံးပြုနေသည့် နိုင်ငံစာရင်းတွင်လည်း ပါဝင်နေဆဲဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူ တနေ့လျှင် တယောက်နှုန်း ရှိနေသည်ဟု မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine Monitor ကဆိုသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ ထုတ်ပြန်ထားချက်အရ စစ်တပ်သည် ကိုယ်တိုင်ထုတ် M-14 နှင့် MM-2 မိုင်းအမျိုးအစားများကို အဓိက အသုံးပြုနေကြောင်း၊ M-14 သည် နင်းမိသူ၏ခြေထောက်ကို ခြေကျင်းဝတ်နေရာမှ ပြတ်တောက်စေပြီး MM-2 သည် ပေါက်ကွဲအား ပိုမိုပြင်းထန်ကာ နင်းမိသူ၏ ခြေထောက်ကို ဒူးခေါင်းနေရာမှ ပြတ် တောက် စေသည့်အပြင် နင်းမိသူ၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရစေသည့် မိုင်းအမျိုးအစား ဖြစ်ကြောင်း သိရသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်၌ မြေမြှုပ်မိုင်းများကြောင့် တိုင်းရင်းသား ဒေသများရှိ ဒေသခံများ မကြာခဏ မိုင်း နင်းမိသဖြင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများလည်း ရှိခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးနောက် ကရင်၊ ရခိုင်၊ မွန်၊ ကယား၊ ချင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းတို့တွင် မြေမြှုပ်မိုင်း ထိသူ ပိုမိုများပြားလာလျက်ရှိကြောင်း၊ ထိုသို့ မိုင်းအန္တရာယ်ဖြင့် ရင်ဆိုင်နေရသည့် ဒေသခံအများစုမှာ ကျေးလက်နေ ဆင်းရဲနွမ်းပါးကြသူများ ဖြစ်သောကြောင့် ဆေးဝါးကုသနိုင်ရန် ငွေကြေးလိုအပ်ချက်များလည်း ရှိနေကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ Landmine Monitor ကဆိုသည်။

Unicef ၏ မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဖြစ်ရပ် သတင်းအချက်အလက် အစီရင်ခံစာ အရ ၂၀၂၂ ခုတွင် နိုင်ငံတဝှမ်းလုံး၌ ထိခိုက်ခံစားရသူ ၃၉၀ ဦးအနက် သေဆုံး ၁၀၂ ဦး ရှိကြောင်း၊ ဒေသအလိုက်အနေဖြင့် ရှမ်းပြည် နယ်တွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ခဲ့ပြီး ထိခိုက်ခံစားရသူ ၁၂၃ ဦး အနက် သေဆုံး ၂၆ ဦး ရှိကြောင်း၊ စစ်ကိုင်းတိုင်းသည် ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ထိခိုက်ခံစား ရသူ ၆၈ ဦးအနက် သေဆုံး ၃၃ ဦး ရှိကြောင်း၊ ရခိုင်နှင့်ချင်းတွင် ၁၀ ရာခိုင်နှုန်းစီ၊ ကချင်တွင် ၉ ရာခိုင်နှုန်း၊ ကရင်တွင် ၆ ရာခိုင်နှုန်းနှင့် ကယားတွင် (၅) ရာခိုင်နှုန်းစီတို့ ရှိကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ထိခိုက်ခံစားရသူအရေအတွက်၏ ၃၄ ရာခိုင်နှုန်းမှာ ကလေးများဖြစ်ကြောင်း ဖော်ပြထားသည်။

You may also like these stories:

ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ

ရပ်ထဲရွာထဲအထိ ရောက်လာတဲ့ မြေမြှုပ်မိုင်း နဲ့ ကျီးလန့်စာစား ဘဝများ

ကန့်ဘလူ၊ ကျီစုရွာက ပြည်သူ အစုလိုက်သတ်ဖြတ်ခံရမှု

ကန့်ဘလူ၌ စစ်ကြောင်းထိုး နှိပ်စက်မှုများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ ရှိလာ

Your Thoughts …
Tags: ကန့်ဘလူစစ်ကောင်စီထိမှန်ပျူစောထီးမိုင်းထောင်သေဆုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရွာကို မီးရှို့ခံရပြီးနောက် စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြကြသော အညာက ရွာသူရွာသားများ

မီးရှို့ခံနေရသော တောင်သူလယ်သမားနေ့

၂၀၂၀ ရွေးကောက်ပွဲကာလ စစ်တွေမြို့တွင် တွေ့ရသည့် ရခိုင်ဦးဆောင်ပါတီ / ဧရာဝတီ

AA နှင့် ဆက်နွယ်သည့် ဗဟိုကော်မတီဝင်များ နုတ်ထွက်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆုံးဖြတ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate