• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့

by ဧရာဝတီ
3 March 2023
in သတင်း
A A
ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံထားရသည့် တာတိုင် ဒေသခံများ၏ အလောင်းများကို သဂြိုဟ်နေစဉ် / CJ

ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံထားရသည့် တာတိုင် ဒေသခံများ၏ အလောင်းများကို သဂြိုဟ်နေစဉ် / CJ

7.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေလှေကျးရွာအုပ်စု၊ တာတိုင်ကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သတ် ဖြတ်ခံခဲ့ရသည့်သူများ၏ အလောင်း ၁၅ လောင်း ပြန်တွေ့ရကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံက သိရသည်။

မတ် ၁ ရက် မွန်းလွဲပိုင်းက အင်အား ၇၀ ခန့်ပါ တပ်မ ၃၃ မှ စစ်ကြောင်းသည် ရေလမ်းမှတဆင့် စစ်ကိုင်း မြို့နယ်ရှိ တာတိုင်၊ ပန်းချီကျေးရွာများကို ဝင်ရောက်စီးခဲ့ရာ တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော် မိုက်ကယ် (ခ) ကိုကျော်ဇော အဖမ်းခံခဲ့ရပြီး ခေါင်းနှင့်ခြေလက်များ ဖြတ်တောက်ခြင်း၊ ဗိုက်ဖောက်ထုတ်ခြင်း ပြုလုပ် ကာ ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး ရွာထဲတွင် အလောင်းကို ထားခဲ့ကြောင်း၊ မတ်လ ၂ ရက်တွင် တာတိုင်ရွာမှ ပြန်ထွက် ခွာရာ၌ ဒေသခံ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
75
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
744
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
15

အလောင်းများ ရှာဖွေရာတွင် ပါဝင်ခဲ့သည့် ဒေသကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေး တာဝန်ခံတဦးက “မနေ့က စစ် ကြောင်း ပြန်ထွက်သွားတဲ့အချိန်မှာ ကျနော်တို့တွေ ရွာတွေထဲ ပြန်ဝင်တော့ ကိုကျော်ဇောရဲ့ အလောင်းကို ရွာထဲမှာ တွေ့တယ်။ ဖမ်းခေါ်သွားတဲ့ဒေသခံတွေကို သူတို့ လမ်းမှာ သတ်ပစ်ခဲ့ပြီး ထားခဲ့တယ်။ ကျနော်တို့ မနေ့က ရှာဖွေ တွေ့ရှိခဲ့တဲ့ ၁၅ လောင်းကို ညနေ ၆ နာရီလောက်မှာ သဂြိုဟ်ပေးခဲ့ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ၂ လောင်း ထပ် တွေ့ရတယ်။ အားလုံး ဓားစာခံအဖြစ် အဖမ်းခံရတာ ကိုကျော်ဇောနဲ့ အရပ်သား ၁၈ ယောက်ပါ။ တယောက်ကတော့ အသက်ရှင်ရက် ထွက်ပြေး လွတ်မြောက်လာပြီးတော့ သူ့ရွာသူ ပြန်ရောက်နေပါပြီ” ဟု ဧရာဝတီကို ပြောသည်။

ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံထားရသည့် တာတိုင် ဒေသခံများ၏ အလောင်းများကို သဂြိုဟ်နေစဉ်/ CJ

တာတိုင်ကျေးရွာသည် အိမ်ခြေ ၇၈ လုံးရှိသည့် ဧရာဝတီမြစ်နှင့် မူးမြစ်ဆုံသောနေရာတွင် တည်ရှိပြီး စစ်ကိုင်းမြို့နယ် အတွင်း၌ ပါဝင်သော ကျေးရွာဖြစ်သည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများအနက် ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် အလောင်းတချို့ ကို ယမန်နေ့က မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတွင်လည်းကောင်း၊ ကျန်ဒေသခံပြည်သူ ၁၀ ဦးကို စစ်ကိုင်း နှင့် မြင်းမူမြို့နယ် အစပ်ရှိ ကျွန်းပေါ်တံတားအနီးတွင် ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် အမျိုးသမီး ၃ ဦး၊ အမျိုး သား ၅ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြရခြင်းဟု သိရသည်။

ယနေ့တွင်လည်း ဆက်လက် ရှာဖွေမှုများပြုလုပ်လျက်ရှိရာ အလောင်း ၂ လောင်း ထပ်မံတွေ့ရ၍ ၁၇ ဦးရှိလာပြီ ဖြစ် ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “၁ ရက် ညပိုင်းမှာ စစ်ကြောင်း ဝင်လာတာ၊၂ ရက်နေ့ မနက်ပိုင်း စစ်ကြောင်း ပြန်ထွက်တော့ အမျိုးသမီးတွေ အပါအဝင် ၁၅ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လမ်းမှာ သတ်ဖြတ်ခဲ့ ကြတာ၊ ရုပ်အလောင်းတွေကိုလည်း ဒီအတိုင်းစွန့်ပစ်ခဲ့ကြတာမျိုး မဟုတ်ဘူးဗျ၊ ရုပ်အလောင်းတွေ ကြားမှာ မိုင်းတွေ ထောင်ထားခဲ့ကြလို့ အဲဒါကို အရင်ရှင်းပြီး အလောင်းကောက်ကြရတာ” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တာတိုင်၊ မြင်းဆည်၊ ထားဝယ်တဲ၊ ဥယဉ်၊ မြစ် သာ၊ ပန်းချီ စသည့် ကျေးရွာများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံထားရသည့် တာတိုင် ဒေသခံများ၏ အလောင်းများကို သဂြိုဟ်နေစဉ် / CJ

တာတိုင်ကျေးရွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သောကြောင့် လက်ရှိတွင် ဒေသခံများမှာ ယာယီတဲများ ထိုး၍ နေထိုင်လျက် ရှိကြောင်း သိရသည်။

တာတိုင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက လည်း ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှု ပြုလုပ်ခြင်း သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေ ဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီးဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဟု NUG ထုတ်ပြန်ချက်တွင် ပါရှိသည်။

You may also like these stories :

ကန့်ဘလူနယ်တွင် တနေ့တည်း ဒေသခံ ၉ဦး မိုင်းထိ၊ ကလေးတဦး သေဆုံး

မြင်းမူနယ်တိုက်ပွဲ နှစ်ဖက် အကျအဆုံးရှိ

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

Your Thoughts …
Tags: စစ်ကိုင်းစစ်ကောင်စီစစ်ကြောင်းတာတိုင်ဓားစာခံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို

ကောလင်းမြို့တွင်းမှ စစ်ကောင်စီတပ်များ ပြန်ဆုတ်သွားဟုဆို

by ဧရာဝတီ
9 February 2024
7k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းထားသည့် စစ်ကိုင်းတိုင်း ကောလင်းမြို့တွင်းအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်နိုင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာပြီး ယမန်နေ့၌ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

by ဧရာဝတီ
19 February 2025
5.5k

လက်ရှိ တည်သီးတောရွာအပြင် ရွှေဘိုမြို့နယ်အတွင်းမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို တည်သီးတော ပျူစောထီးရွာမှ ပြည်သူများအနေဖြင့် ထပ်မံ ထွက်လာလိုပါက ချိတ်ဆက်ဆောင်ရွက် ကယ်ထုတ်ပေးမည်ဖြစပြီး ပျူစောထီးများ အလင်းဝင်လိုပါကလည်း လက်ခံပေး မည်ဖြစ်ကာ...

ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့  ၉၀ ရာခိုင်နှုန်း ပျက်စီးသွား

ရက်ဆက်ဖြစ်နေသည့် တိုက်ပွဲများကြောင့် ထီးချိုင့်မြို့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွား

by ဧရာဝတီ
24 January 2024
4.7k

ဇန်နဝါရီ ၁၃ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် ချပေးရာတွင် တော်လှန်ရေးအဖွဲ့များ ရှိရာဘက်သို့ ကျရာက်ခဲ့ခြင်းကြောင့် ၄၀ မမ အပါအဝင် လက်နက်ခဲယမ်းများကို ရရှိခဲ့သည်

Next Post
MNDAA ကိုးကန့်တပ်ဖွဲ့ဝင်များ / Global Times

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးတွင် ပတ်စ်ပို့ သက်တမ်းတိုးရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများ / Myanmar Embassy Bangkok

မြန်မာသံရုံး၏ ငွေကြေးတိုးမြှင့်ကောက်ခံမှု ထိုင်းရောက်မြန်မာများ ပို၍ အခက်ကြုံ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate