သတင်း

Google က ဘာသာစကား ၁၀၀၀ သုံး AI တည်ဆောက်ရန် နီးစပ်လာ

ဉာဏ်ရည်တု (AI) နည်းပညာပြိုင်ပွဲတွင် မိုက်ခရိုဆော့ဖ်က အပေါ်စီးရနေခြင်းကို ပြောင်းလဲသွားစေရန် Google က လုပ်ဆောင်နေသည်။ Google သည် မိုက်ခရိုဆော့ဖ်ထက် ရည်မှန်းချက် အောင်မြင်ရန် ထင်ထားသည်ထက် ပိုမိုနီးစပ်နေပြီ ဖြစ်သည်။

၎င်း၏ ဘာသာစကား ၁,၀၀၀ အစီအစဉ်အကြောင်း နောက်ဆုံးထုတ်ပြန်ချက်တွင် Google က အကြွင်းမဲ့ဘာသာစကားစံပုံစံ (Universal Speech Model) နှင့် ပတ်သက်သည့် နောက်ထပ် သတင်းအချက်အလက်များကို ထုတ်ပြန်ခဲ့သည်။ Google သည် မေလ ၁၀ ရက်နေ့ I/O ပြပွဲတွင် AI နည်းပညာအသုံးပြုသည့် ထုတ်ကုန် ၂၀ ကျော်ကို ပြသရန် ပြင်ဆင်ထားသည်။

ဘာသာစကားပုံစံ မိသားစုတခုဖြစ်သော USM

အသုံးအများဆုံး ဘာသာစကား ၁,၀၀၀ ကို အထောက်အကူပြုပေးနိုင်သည့် ဘာသာစကားစံပုံစံတခုကို ဖန်တီးရန် အစီအစဉ်များကို Google က လွန်ခဲ့သော နိုဝင်ဘာလတွင် ကြေညာခဲ့သည်။ USM သည် ဘာသာစကား ၁၀၀၀ ကို အထောက်အပံ့ပေးရေးအတွက် အရေးပါသော ပထမခြေလှမ်းဖြစ်သည်ဟု Google က ပြောသည်။ USM သည် ဘာသာစကား နာရီ ၁၂ သန်းစာနှင့် ဘာသာစကား ၃၀၀ ကျော်မှ ဝါကျပေါင်း ၂၈ ဘီလီယံ လေ့ကျင့်ပေးထားသော ဘာသာစကားနယ်ပယ် ၂ ဘီလီယံရှိသည့် ဘာသာစကားစံပုံစံ အဆင့်မြင့် မိသားစုတခုဖြစ်သည်။

USM က ဘာသာစကား ၁၀၀ ကျော်ကို အလိုအလျောက် သိရှိနိုင်

YouTube သည် စာတန်းထိုးပြသရန် USM ကို အသုံးပြုနေပြီဖြစ်သည်။ AI နည်းပညာသည် ဘာသာစကားကို အလိုအလျောက်သိရှိခြင်း (automatic speech recognition – ASR) ကို လုပ်ဆောင်ပေးနိုင်သည်။ ၎င်းသည် အင်္ဂလိပ်၊ တရုတ်၊ အီသီယိုးပီးယား ဘာသာစကား အမ်ဟာရစ်၊ ဖိလစ်ပိုင်ရှိ ဘာသာစကားတမျိုးဖြစ်သော ဆီဘူအာနိုနှင့် အာသံ စသည့် ဘာသာစကားများကို သိရှိ ဘာသာပြန်ဆိုပေးနိုင်သည်။

USM သည် လက်ရှိအချိန်တွင် ဘာသာစကား ၁၀၀ ကျော်ကို အလိုအလျောက် ဘာသာပြန်ဆိုပေးနိုင်သည်။ USM သည် စကားလုံးမှားယွင်းမှုနှုန်း (word error rate – WER) ၃၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိကြောင်း Google က ပြောသည်။ တဘက်တွင်မူ OpenAI ၏ Whisper (large-v2) သည် စကားလုံးမှားယွင်းမှုနှုန်း (WER) ပိုမိုမြင့်မားသည်။

Google ၏ ရည်မှန်းချက် အောင်မြင်ရေး USM တိုးတက်မှု အရေးပါ

“USM တိုးတက်မှုသည် ကမ္ဘာ့သတင်းအချက်အလက်များ စီမံရေးနှင့် ထိုအချက်အလက်များကို အကြွင်းမဲ့ လူတိုင်းအသုံးပြုနိုင်ရေး Google ၏ ရည်မှန်းချက် အောင်မြင်ရေးအတွက် အရေးပါသော အားထုတ်မှုဖြစ်သည်” ဟု Google က ၎င်းတို့၏ ဘလော့တွင် ရေးသားထားသည်။

“နောက်ထပ် ဘာသာစကား ၁,၀၀၀ အတွက် ဘာသာစကားစံပုံစံ ချဲ့ထွင်ခြင်းကို လုပ်ဆောင်နိုင်သည့် အခြေခံအုတ်မြစ်တခု USM ၏ အခြေခံပုံစံ တည်ဆောက်မှုနှင့် လေ့ကျင့်မှုတွင် ပါဝင်သည်” ဟုလည်း ဖော်ပြသည်။

ဘာသာစကား ၁၀၀၀ ပုံစံ၏ အကျိုးကျေးဇူးများ

ဘာသာစကား ၁၀၀၀ ကျော်ကို ဘာသာပြန်နိုင်သည့် ကျယ်ပြန့်သော ဘာသာစကား စံပုံစံသည် ကြီးမားသော ခြေလှမ်းတခု ဖြစ်နိုင်သည်။ စတင် ရှာဖွေ ဆည်းပူးသူများအတွက် ဘာသာစကား အတားအဆီးများကြောင့် နားမလည်နိုင်သည့် အချက်အလက်များကို နားလည်နိုင်မည်ဖြစ်သည်။

ယင်းပုံစံသည် အပြောနည်းသော ဘာသာစကားများနှင့် ပျောက်ကွယ်လုနီးပါး ဘာသာစကားများအတွက်လည်း ကယ်တင်နိုင်မည်ဖြစ်သည်။ အချိန်နှင့် တပြေးညီ သိရှိဘာသာပြန်သည့် ကိရိယာများတွင် ထိုနည်းပညာကို အသုံးပြုနိုင်ဖွယ်ရှိသည်။

ကိုးကား ။ ။ NewsBytes သတင်း Google is close to building a 1,000-language revolutionary AI model

You may also like these stories:

Semisolid ဘက်ထရီ အများအပြား ထုတ်လုပ်မည်

အင်တာနက်မှတဆင့် အနမ်းပေးနိုင်ပြီ

Cloud Gaming နှင့် AI နည်းပညာအတွက် Microsoft နှင့် Sony တို့ ပူးပေါင်း

ဉာဏ်ရည်တုသုံး စစ်လက်နက်များ လာနေပြီ

Loading