• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ

by ဧရာဝတီ
10 March 2023
in သတင်း
A A
ထိုင်း- မြန်မာနယ်စပ် မြဝတီရှိ ပြောင်းအဝယ်ဒိုင် (Ko Lwin)

ထိုင်း- မြန်မာနယ်စပ် မြဝတီရှိ ပြောင်းအဝယ်ဒိုင် (Ko Lwin)

4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ ပို့ကုန်သမားများအပေါ်တွင် တင်းကျပ်ထားသော မူဝါဒများကြောင့် ယခုနှစ် ပြောင်းတင်ပို့မှုရာသီအစ တွင်ပင် ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက တင်ပို့မှုနှုန်း ကျလာနေကြောင်း ကုန်သည်များထံက သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက် အထိ ကာလသတ်မှတ်ကာ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့နေရာတွင် ၂၀၂၂ ခုနှစ်က ယခုလို ကာလတွင် တရက်လျှင် တွဲကား အစီးရေ ၃၀၀ ခန့် ပို့နိုင်သော်လည်း ယခု နှစ်တွင် တရက်လျှင် တွဲကားအစီးရေ ၁၀၀ ဝန်းကျင်သာ တင်ပို့နိုင်ကြောင်း ကုန်သည်များက ဆိုသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
51
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
49
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
584

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတဦးက “ပြောင်းရာသီအစမှာပဲ တင်ပို့မှု အနေအထားက ပြီးခဲ့တဲ့နှစ် ထက်တင်ပို့မှုက နည်းသွားတာပေါ့။ နည်းသွားတယ်ဆိုတာက လက်ရှိ မူဝါဒတွေအရ ပို့ကုန်ဝင်ငွေကို ၁၀၀ ရာခိုင်နှုန်း ကြိုသွင်းရတဲ့ မူဝါဒနဲ့ ပို့ကုန်ရငွေကို ၆၅ ရာခိုင်နှုန်းပေးရတဲ့ မူဝါဒတွေရှိတာဖြစ်တဲ့အတွက် မနှစ်ကဆိုရင် ကျနော်တို့ က တရက်ကို တွဲကားအစီး ၃၀၀ လောက် ရောင်းတယ်ဆိုရင် ဒီနှစ်မှာ တရက်ကို တွဲကားအစီးရေ ၁၀၀ လောက်ပဲ ရောင်းနိုင်တာ ရှိတယ်။ မနှစ်ကနဲ့ ကာလတူနှိုင်းယှဉ်ရင်ပဲ နှစ်ဆ သုံးဆလောက်တော့ ကျသွားတယ်လို့ ပြောလို့ရ ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတွက် နှစ်စဉ် ပြည်ပသို့ ပြောင်းတင်ပို့မှုမှာ မတ်ထရစ်တန်ချိန်၂ သန်းကျော် တင်ပို့ရန် ရည်မှန်းထားသော်လည်း ယခုနှစ် ၂ သန်းအောက် တင်ပို့နိုင်မည်ဟု ကုန်သည်များက ခန့်မှန်းထားကြပြီး လက်ရှိ ဖြစ်ပေါ်နေသော အခက်အခဲ များကို အမြန်ဆုံးဖြေရှင်းနိုင်မှသာလျှင် ပြောင်းတင်ပို့မှုမှာ ရည်မှန်းချက်အတိုင်း ပြည့်မှီနိုင်မည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက သိရသည်။

မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်လိုအားရှိသော်လည်း စစ်ကောင်စီ၏ သတ်မှတ်ထား သည့် ကုန်ဖိုးရငွေ ၁၀၀ ရာခိုင်နှုန်းပေးသွင်းပြီးမှသာ တင်ပို့ခွင့်ပြုခြင်း၊ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေး ၂၁၀၀ ကျပ်နှင့် ဖြတ်ယူနေသဖြင့် ပြင်ပ ဒေါ်လာပေါက်ဈေးမှာ ၂၉၀၀ ကျပ် ဝန်းကျင်တွင်ရှိသော ကြောင့် အနည်းဆုံး ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ခန့် ဆုံးရှုံးမှု ရှိနေသည်။

ထိုသို့ ဗဟိုဘဏ် သတ်မှတ်ဈေးနှင့် ပြင်ပ သတ်မှတ်ဈေး ကွာဟမှုကြောင့်လည်း ပြောင်းစိုက်ပျိုးသည့် တောင်သူများ အမှန်တကယ် ရသင့်သည့် ဈေးထက် လျော့နည်းစေသည်ဟုလည်း ပြောင်းကုန်သည်များက သုံးသပ်ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “တောင်သူတွေအနေနဲ့လည်း အရင်းကတော့ ပြောင်း ၁ တန်ကို ကျပ် ၆ သိန်း/ ၇ သိန်း လောက်ရှိမှာပေါ့နော်။ အဲဒီတော့ ဒီဈေးအရဆိုရင်တော့ ရောင်းလို့တော့ ရနိုင်တယ်။ ဒါပေမယ့် ဈေးက ကောင်းမယ် ဆိုရင်တော့ တောင်သူအတွက် တွက်ချေ ပိုကိုက်နိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ပြောင်းဈေးနှုန်းအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစပိုင်းတွင် ၁ ပိဿာလျှင် ကျပ် ၁၃၀၀ ခန့်ရှိရာမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့် ယခု မတ်လ ပထမပတ်အတွင်း၌ ၁ပိဿာ ကျပ် ၁၂၀၀ ဈေးသာ ရှိကြောင်း ၎င်းက ပြောသည်။

ထိုသို့ ကုန်သွယ်ရေး မူဝါဒ အခက်အခဲများအပြင် လမ်းကြောင်း လုံခြုံရေးအခက်အခဲ၊ လမ်းခရီးတွင် ပေးဆောင်ရ သည့် အပိုကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်စရိတ်များကြောင့်လည်း ပြည်တွင်း ပြောင်းဈေးနှုန်းနှင့် ပြောင်း တင်ပို့မှုအပေါ် သက်ရောက်မှုများ ရှိနေသည်ဟု ကုန်သည်များထံက သိရသည်။

ရှမ်းပြည်နယ်အခြေစိုက် ပြောင်းကုန်သည်တဦးက “ပြောင်းမမြင်ရဘဲ ငွေအကျေပေးပြီး မှာယူဝယ်ဖို့ဆိုတာ သူတို့ (ပြည်ပ ကုန်သည်) အနေနဲ့ စဉ်းစားချင့်ချိန်စရာပါပဲ။ ငွေအကျေပေးပြီးမှ တင်ပို့ခွင့်ပြုထားတာဆိုတော့ နိုင်ငံခြားက ငွေအကျေ မထည့်ပေးရင် ကိုယ်ဘာသာ ထည့်ပေါ့။ ဒါကြောင့် ပြောင်းဝယ်ယူရတဲ့ ငွေကတရင်း၊ ကုန်သွယ်ဖို့ထည့် တဲ့ ငွေကတရင်း နှစ်ခါရင်းမှရမယ်။ ပြီးရင် ရလာတဲ့ငွေကိုလည်း ၆၅ ရာခိုင်နှုန်းက ဖြတ်ဦးမယ်” ဟု ပြောထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းအနေဖြင့် ယခုနှစ်တွင် ဖြစ်ပေါ်နေသော အခက်အခဲများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ကုန်ဖိုးကြိုသွင်းရသည့်စနစ်ကို ဖြုတ်ပေးရန် အလားအလာရှိနေကြောင်းလည်း အသင်း၏ တာဝန်ရှိသူက ပြောသည်။

မြန်မာ့ပြောင်းကို ထိုင်းနှင့်တရုတ်နိုင်ငံများက နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဝယ်ယူနေသလို ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် အိန္ဒိယနိုင်ငံတို့ကလည်း ပင်လယ်ရေကြောင်းမှတဆင့် ဝယ်ယူနေခြင်းဖြစ်ပြီး ဆန်တင်ပို့မှုပြီးပါက ပြောင်းသည် ပို့ကုန်ဝင်ငွေ ဒုတိယအများဆုံး ရရှိသော စိုက်ပျိုးရေးသီးနှံတခု ဖြစ်သည်။

ပြောင်းတင်ပို့မှုအနေဖြင့် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၆၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန်၂၁၇၃၀ ခန့် တင်ပို့ခဲ့ပြီး ရေကြောင်းမှ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၆၇၉၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းတန်ချိန် ၈၁၀ဝ၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၄၄၁၈ တန်နှင့် တရုတ်နိုင် ငံသို့ ပြောင်းတန်ချိန်၂၄၂၀ ခန့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

စစ်ကောင်စီ၏ မီနီဘတ်ဂျက်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၄၈၁ ဒသမ ၃၈၉ သန်း တင်ပို့ခဲ့ပြီး ယခု ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၂၄ ရက် အထိ တင်ပို့ မှုတွင် အမေရိကန် ဒေါ်လာ ၃၄၄၇ ဒသမ ၂၅၁ သန်း ကုန်သွယ်ထားသောကြောင့် နှိုင်းယှဉ်ပါက အမေရိ ကန် ဒေါ်လာ ၃၄ ဒသမ ၁၃၈ သန်း လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။

You may also like these stories:

ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား

အဝေးပြေးလမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ အကြီးအကျယ် ငွေညှစ်

ဖားကန့်၌ ဆန်နှင့် စက်သုံးဆီသွင်းခွင့် စစ်ကောင်စီပိတ်၍ ပြတ်လပ်မှုများ ဖြစ်နေ

Your Thoughts …
Tags: စစ်ကောင်စီထိုင်းပို့ကုန်မူဝါဒပြောင်းတင်ပို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒေါက်တာ မီမီဝင်းဘတ်သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ Daniel K. Inouye Asia Pacific Center for Security Studies (APCSS) မှ ပါမောက္ခ ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် ဒုဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်

နွေဦးတော်လှန်ရေးမှာ Strategic Communication အရေးကြီးတယ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေပြည်တော်တွင် လရောင်တော်စီမံကိန်းအဖြစ် အကောင်အထည်ဖော်မည့် အဆောက်အဦဒီဇိုင်း / Daw Khin Kyi Foundation Facebook

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနေရာ နိုင်ငံပိုင်သိမ်းရန် လျှောက်ထားချက် ပယ်ချခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate