• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို CDF တိုက်ခိုက်

by ဧရာဝတီ
13 March 2023
in သတင်း
A A
တီးတိန်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညတွင် PDF Zoland တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ- CJ)

တီးတိန်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညတွင် PDF Zoland တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ- CJ)

9k
VIEWS
Share on FacebookShare on Twitter

တပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ်အတွင်း လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပို့ အနေဖြင့် တက်လာသည့် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများအား ကြားဖြတ် တိုက်ခိုက်သည့်အတွက် ထိခိုက်သေဆုံးမှုများရှိကြောင်း ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ (CDM-Siyin) ပြောခွင့်ရှိသူက ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ်၊ မြောက်ပိုင်း ထန်တလန်- ဖလမ်း လမ်းကြောင်းသို့ ကလေးမြို့ဘက်မှ မတ်လ ၇ ရက်က စတင် တက်လာသည့် စစ်ကောင်စီယာဉ်တန်းအား CDM-Siyin နှင့် Mountain Eagle Defense Force (MEDF) ပူးပေါင်းအဖွဲ့တို့က မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တွင် ၁၈ ကြိမ်ခန့် မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရကြောင်းလည်း ၎င်းက ပြောသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
180
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
3.2k
အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
316

CDM-Siyin ပြောခွင့်ရှိသူက “ကျနော်တို့ Siyin နယ်မြေထဲမှာ ငါးရက် လောက်ကြာခဲ့တယ်။ ထန်တလန်မြို့ကို စစ်ကူနဲ့ ရိက္ခာပို့ဖို့ တက်လာတာလို့ သတင်းရထားတာ။ ကျနော်တို့ နယ်မြေကို လွယ်လွယ်နဲ့ ဖြတ်ကျော်လို့ မရစေရဘူးလို့ သိစေချင်တယ်” ဟု ပြောသည်။

ကလေးမြို့မှ တက်လာသည့် စစ်ကြောင်းမှာ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းများဖြစ်ပြီး အင်အား ၁၅၀ ခန့် ပါဝင် ကြောင်းနှင့် စစ်ကြောင်းတွင် သံချပ်ကာတစီး၊ တင့်ကားတစီးနှင့် ၎င်းတို့ ပေါ်တာဆွဲလာသည့် အရပ်သားကားများ အပါ အဝင် စုစုပေါင်း ကားအစီးရေ ၃၀ ကျော် ပါဝင်ကြောင်းလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

တီးတိန်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညတွင် PDF Zoland တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ- CJ)

လက်ရှိတွင် အဆိုပါ စစ်ကြောင်းအနေဖြင့် ယမန်နေ့က ဗားလုံကျေးရွာမှ ဖလမ်းမြို့ဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် လုမ်ဘန်း (Lumbang) ကျေးရွာတဝိုက်သို့ ရောက်ရှိနိုင်ကြောင်းလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက ခန့်မှန်းထားသည်။

ချင်းဒေသ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းကာကွယ်ရေး ပူးတွဲကော်မတီ (CJDC) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းတင်မီက “ စစ်ကောင်စီက ကုန်းလမ်းကြောင်းကို ထောက်ပို့ မလုပ်တာ တနှစ်လောက်ရှိပြီ။ အဓိက မြောက်ပိုင်းမှာပေါ့၊ ထန်တလန်ဆိုရင် မြေပြင်လမ်းကြောင်းက ထောက်ပို့လုပ်ဖို့က တော်တော်ခက်ခဲတယ်။ ရဟတ်ယာဉ်နဲ့ ကျတော့လည်း ကျနော်တို့က ဒရုန်းနဲ့ တိုက်ခိုက်တာလုပ်တယ်။ အမြဲတမ်း ရဟတ်ယာဉ်နဲ့ ပို့ဖို့ကျတော့ ခက်ခဲတယ်။ အခုကတော့ မြေပြင်ကနေ ပြန်ထိုးလာတဲ့ အခြေအနေရှိတယ်။ လမ်းကြောင်းကိုတော့ တားလို့ရအောင် ပြင်ဆင်ထားတာတော့ ရှိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်ကလည်း ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်စခန်းကုန်းတခုသို့ ထောက်ပို့လာသည့် စစ် ရဟတ်ယာဉ်တစီး ဆင်းသက်နေစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ရဟတ်ယာဉ် ထိခိုက်ပျက်စီးမှုရှိခဲ့သည့်အပြင် ခဲယမ်းရိက္ခာများ ထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်းလည်း ဗီဒီယိုဖိုင်နှင့်တကွ ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းတက်လာသည်နှင့် တချိန်တည်းမှာလည်း တောင်ပိုင်းဒေသ ဖြစ်သည့် မင်းတပ် – မတူပီဒေသသို့ ကျောက်ထုမှတဆင့် ကားအစီးရေ ၈၀ ခန့်ဖြင့် စစ်ကြောင်းတက်လာရန် စစ် ကောင်စီဘက်က ပြင်ဆင်နေသည့် သတင်းများ ရထားကြောင်းလည်း CJDC ထံက သိရသည်။

ယင်းပြင် ပလက်ဝမြို့နယ်၊ ဆမီးဒေသသို့လည်း ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တဆင့် တက်လာသည့် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်နှင့် ပလက်ဝအခြေစိုက်၂၈၉ တပ်ရင်းမှ အင်အား ပူးပေါင်းကာ ဆမီးဒေသအတွင်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝ(CDF- Paletwa)က သတိပေး ထုတ်ပြန် ထားသည်။

တီးတိန်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညတွင် PDF Zoland တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ- CJ)

ပြီးခဲ့သည့် မတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင်လည်း CDF-Paletwa နှင့် ချင်းအမျိုးသား တပ်မတော် (CNA) ပူးပေါင်း တပ်များက လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ရှိ ထေဘွေစစ်စခန်းသို့ အင်အားဖြည့်တင်းရန်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာ အနီးတဝိုက်တွင် ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်းလည်း CDF-Paletwa က ဆိုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တပြည်နယ်လုံး အတိုင်းအတာဖြင့် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် ချင်းပြည်နယ်အား ပလက်ဝမြို့ နယ်မှလွဲ၍ မြို့နယ်အားလုံးအား စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး နေ့စဉ်နီးပါး ထိတွေ့တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက်ရှိနေသည်။

ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်အရ ချင်းပြည်နယ်အတွင်း မြို့ပေါ်နေရာများမှ လွဲ၍ ကျေးလက် ဒေသ၏ ၇၀ ရာခိုင်နှုန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ချင်းပြည်နယ်အတွင်း စစ်ကောင်စီက ပြုလုပ်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပါအဝင် စစ်အစိုးရအုပ်ချုပ်ရေး ယန္တရား ရပ်ဆိုင်းသွားရေးနှင့် စစ်ကြောင်းထိုးမှုများအား တားဆီးတိုက်ခိုက်နိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းလည်း ၎င်းတို့က ဆိုကြသည်။

CJDC အထွေထွေအတွင်းရေးမှူး ဆလိုင်းတင်မီက “ချင်းပြည်နယ်ရဲ့ ကျေးလက် ၇၀ ရာခိုင်နှုန်းလောက်ကို ကျနော်တို့ ထိန်းချုပ်ထားတယ်။ ထန်တလန်ဆိုရင် မြို့တဝက်နီးပါး ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိနေတယ်။ ရွေးကောက်ပွဲ ရော တခြားဟာတွေရော လုပ်လို့ မရအောင် ကျနော်တို့ တားဆီးနိုင်ဖို့ ကြိုးစားနေတယ်။ စစ်ရဲ့ ပြင်းထန်မှုကတော့ ၂၀၂၂ ထက်အများကြီး ပြင်းထန်မှုရှိလိမ့်မယ်။ ကျနော်တို့ဘက်က အများကြီး ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ယမန်နေ့ မတ်လ ၁၂ ရက် ညပိုင်းကလည်း တီးတိန်မြို့နယ် ဆေးရုံကြီးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား PDF Zoland တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည့်အတွက် ထိခိုက်ဒဏ်ရာမှု အခြေအနေအား အတည်မပြုနိုင်သော်လည်း ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ထားသည်။

You may also like these stories :

ပေါက်မြို့နယ်ကျေးရွာများ စစ်တပ်ဝင်စီး၊ ဒေသခံများ အဖမ်းခံထားရ

“အဆုံးအဖြတ်ကျတဲ့ နှစ်တောင်မှ ဖြစ်နိုင်တယ်”

စစ်တပ်က သတ်သွားသည့် တာတိုင်ရွာဒေသခံ ၁၇ ဦး အလောင်း ပြန်တွေ့

Your Thoughts …
Tags: CDFချင်းပြည်နယ်စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကရင်ပြည်နယ်၊ ဘားအံခရိုင် သယုကျိုးရွာတွင် ၂၀၂၃ ခုနှစ် မတ်လ ၁၀ရက်နေ့က ပြုလုပ်သည့် ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံ ပြည်သူ တွေ့ဆုံပွဲ/ Nawtayar Media

BGF နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံမှု ကရင်အရပ်ဘက်အဖွဲ့များ ဝေဖန်

စစ်ကောင်စီလက်ချက်ကြောင့် ဖမ်းဆီးခံရ၊ သေဆုံးခဲ့ရသည့် သားသမီးများ - ကိုခိုင်မြဲ၊ ကိုအောင်မျိုးလင်း၊ ကိုနိုင်နိုင်၊ ကိုစိုးပြည့်အောင်၊ မလူစီယာ၊ မအန်ကောညက်၊ ကိုဟိန်းဖြိုးဦး၊ ကိုသန်းထက်အောင်

မိခင်သောကနှင့် တော်လှန်ရေး ဆုတောင်း

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate