• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နမ်းနိန်းရွာသားတွေ ဘယ်လို အသတ်ခံခဲ့ရလဲ

by ဧရာဝတီ
17 March 2023
in သတင်း
A A
မီးရှို့ခံထားရသည့် တောင်ကြီးခရိုင် ပင်လောင်းမြို့မှ နမ်းနိန်းရွာ(KNDF)

မီးရှို့ခံထားရသည့် တောင်ကြီးခရိုင် ပင်လောင်းမြို့မှ နမ်းနိန်းရွာ(KNDF)

4.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း တာတိုင်ရွာ အစုလိုက်အပြုံလိုက် အသတ်ခံရမှုအပြီး ရက်ပိုင်းမှာပင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နမ်းနိန်းရွာတွင်လည်း သံဃာတော် ၃ ပါး၊ အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံ ၂၂ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုတခု မတ်လ ၁၁ ရက်ညပိုင်းက ထပ်မံ ဖြစ်ပွားခဲ့သည်။

ထို့နမ်းနိန်းရွာ ဖြစ်ရပ်နှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ကဦးဆောင်ပြီး ကရင်နီအမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ယမန်နေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
55
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
100
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
87

ယင်း သတင်းစာရှင်းလင်းပွဲတွင် KNDF ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်၏ အဆိုအရ စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၉ ရက်က နမ်းနိန်းရွာ အရှေ့မြောက်ဘက် နဂါးစေတီတောင်တွင် တပ်စွဲခဲ့ကြောင်း၊ မတ်လ ၁၁ရက် နံနက် ၅နာရီ ဝန်းကျင်တွင် ရွာအတွင်းသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး အိမ်များကို မီးရှို့ကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသော နမ်းနိန်းကျေးရွာ လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု မှတ်တမ်းများ

“ဒီရွာသားတွေက စစ်မရှောင်ဘဲ ရွာကို စောင့်ဖို့ ကျန်ခဲ့တဲ့သူတွေဖြစ်တယ်။ ကျနော်တို့က စစ်ကောင်စီ စစ်ကြောင်း နီးလာ ပြီ ရောက်လာရင် လူထုကို ညှာမှာ မဟုတ်ဘူး။ ဖမ်းပြီး လူသားဒိုင်း လုပ်နိုင်တယ်ဆိုတာကို သံဃာ ၃ ပါးနဲ့ ကျန်ခဲ့တဲ့ ရွာသား ၃၀ ကို ပြောပေမယ့် သူတို့က ပြန်ပြောတာ တခုပဲရှိပါတယ်။ ကျနော်တို့က ရွာကို စောင့်ဖို့ ကျန်နေခဲ့ ရမယ်ဆိုတာ ပါပဲ” ဟု ၎င်းက ပြောသည်။

ပင်လောင်းဆိုသည်က တောင်ကြီးခရိုင်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတခုဖြစ်ပြီး ယင်းမှနေ၍ ပေါင်းလောင်းမြစ်ကို ကျော်လျှင် နေပြည်တော်သို့ ရောက်နိုင်ကာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များ အတွင်း စစ်ကောင်စီက စစ်ရှိန်မြှင့်လာသဖြင့် ဒေသခံတော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲများ ပြင်းထန်လျှက် ရှိသောနေရာ တခု ဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်း နမ်းနိန်းရွာကို ဝင်စီးချိန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ပအိုဝ့်တပ်မတော်(PA) ပအိုဝ့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF, KK) ပူးပေါင်းတပ်ဖွဲ့များနှင့် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း၊ ထို့နောက် ၎င်းတို့ တပ်စွဲရာ နဂါးစေတီတောင်သို့ ပြန်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်း ပြန်ဆုတ်သွားပြီးနောက် မတ်လ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ရွာတွင်း နယ်မြေရှင်းလင်းလုပ်ဆောင်ချိန် ဘုန်းကြီးကျောင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံး နေသော သံဃာတော် ၃ ပါးအပါအဝင် အရပ်သားပြည်သူ ၂၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထား ရသည်ကို စတင်တွေ့ရခြင်း ဖြစ်သည်။

အလောင်းများ၏ အခြေအနေနှင့် ဘုန်းကြီးကျောင်းနံရံတွင် တွေ့ရှိရသော ကျည်ဆံဝင်ပေါက်များစွာကို အခြေခံကာ ကျောင်းထိုင်ဘုန်းကြီးနှင့် ဦးဇင်း ၂ပါး အပါအဝင် ပုန်းခိုနေသော ဒေသခံ ၂၂ ဦးကို ဘုန်းကြီးကျောင်းနံရံ၌ တန်းစီရပ်ခိုင်း ပြီး စိတ်ကြိုက်ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF နှင့် ပူးပေါင်း တပ်ဖွဲ့များက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုအလောင်းများ ဘေးတွင် မြန်မာစစ်တပ်ကိုင်ဆောင်သည့် MA 1 ချေမှုန်းရေး ရိုင်ဖယ်များတွင် သုံးသော ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) ထုတ် ၅.၅၆ ကျည်ဆံခွံများ များ ပြန့်ကျဲနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ပြောပြချက်များနှင့် မှတ်တမ်းဓာတ်ပုံများအရ သိရသည်။

လတ်တလော အလောင်း ၂၂ လောင်းသာ တွေ့ရသေးပြီး အရပ်သား ၁၀ ဦးကျော်လည်း ပျောက်ဆုံးနေဆဲဖြစ်သလို စစ်ကောင်စီ စစ်ကြောင်း တပ်စွဲထားသော နဂါးစေတီတောင်ပတ်ဝန်းကျင်တွင် အလောင်း ၇ လောင်းဟုယူဆရသော အရာများကို ဝေဟင်မှ ဒရုန်းဖြင့် ကင်းထောက်ထားသည့် မှတ်တမ်းအရ သိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဆိုသည်။

အလောင်းများကို စစ်ဆေးကြည့်ရာ သတ်ဖြတ်မခံရမီ မျက်နှာများတွင် ဖူးယောင်အောင် ရိုက်နှိက်ခံထားရသည့် ဒဏ်ရာ များ၊ ခြေထောက်နှင့် ဒူးဆစ်များကို မာကျောသော အရာဝတ္ထုများကို ရိုက်နှက်ထားသည့် ဒဏ်ရာများ၊ ချွန်ထက်သော အရာများဖြင့် ထိုးသွင်းဒဏ်ရာများ၊ ပေါင်တွင် သေနတ်ဒဏ်ရာများ တွေ့ရသလို အနီးကပ် သေနတ်ဖြင့် ပစ်သတ်ထား သည့် အခြေအနေများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ကွင်းဆင်းစစ်ဆေးခဲ့သော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကရင်နီပြည်နယ် ကျန်းမာရေးဝာဝန်ခံ ဒေါက်တာရဲဇော် က ပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသော နမ်းနိန်းကျေးရွာ လူအစုလိုက် အပြုံလိုက် အသတ်ခံရမှု မှတ်တမ်းများ

“ကျည်ဆံဒဏ်ရာလေးတခုတည်းနဲ့ သေဆုံးသွားရတယ်ဆိုတဲ့ လူသေအလောင်းဟာ မရှိပါဘူး။ အားလုံးဟာ အနည်းဆုံး ၃ ချက် အများဆုံး ၄၊ ၅၊ ၆ ချက်လောက်နဲ့ အပစ်ခံ၊ အနှိပ်စက်ခံ ရက်ရက်စက်စက်သတ်ဖြတ် ခံရတဲ့ ပုံစံမျိုးတွေဖြစ်နေတဲ့ လက္ခဏာမျိုးတွေကြီးပါပဲ” ဟု ၎င်းကပြောသည်။

အလောင်းများကို မတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် အခင်းဖြစ်ပွားရာနေရာတွင်ပင် ချက်ချင်းစစ်ဆေးနိုင်ခဲ့ပြီး ရင်ခွဲစစ်ဆေး စရာ မလိုအောင်ပင် ပြင်ပတွင်တွေ့ရသော ဒဏ်ရာဒဏ်ချက်များက နှိပ်စက်ညဉ်းပန်းပြီး သတ်ဖြတ်ခံရသည့် အခြေအနေ များ ကို ပေါ်လွင်နေကြောင်း ဒေါက်တာရဲဇော် ရှင်းပြသည်။

စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြလာသော ဓာတ်ပုံများအရ မြေပြင်တွင် စီးနေသော သွေး အရောင်အနေအထား၊ မီးရှို့ထားသော နောက်ခံပုံများနှင့် ဓာတ်ပုံပါ အချိန်အရ မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီ ၅၁ မိနစ်ဝန်းကျင်ခန့် ဖြစ်ကြောင်း ဖော်ပြနေပြီး၊ ထိုတယ်လီဂရမ်ချန်နယ်များကပင် အသတ်ခံရသော အလောင်း များဘေးတွင် လက်လုပ်လေသေနတ်များထားရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လုပ်ခဲ့သယောင် ပုံဖော်ကာ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရိုက်ကူးထားသော ဓာတ်ပုံများတွင်မူ ရုပ်အလောင်းများ ဘေးတွင် သွေးများခြောက် သွေ့နေသလို တချို့ရုပ်အလောင်းများသည် ရုပ်ပျက်ဆင်းပျက်အခြေအနေများဖြစ်ပေါ်နေပြီဖြစ်၍ စစ်ကောင်စီတပ်များသည် ၎င်းတို့၏ ကျူးလွန်မှုများကို ကိုယ့်ဘာသာဝန်ခံနေလျက်ရှိကြောင်း ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ KNDF ၊ ပအိုဝ့် တပ်မတော်(PA) နှင့် ပအိုဝ့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF,KK) ပူးပေါင်းတပ်ဖွဲ့များဘက်က ပြောဆိုသည်။

စစ်ကောင်စီ၏ လိုလားသူများက တော်လှန်ရေးအင်အားစုများက ဒေသခံများကို သတ်ဖြတ်သွားသယောင် ထပ်မံဖြန့် ဝေ နေသလို ပအိုဝ့်လူမျိုးများနှင့် တော်လှန်အင်အားစုများကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်နေသည့်အပြင် ယမန်နေ့ထုတ် စစ်ကောင်စီသတင်းစာတွင် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ကွင်းတွင် ပအိုဝ်း ဒေသခံများနှင့် ဘုန်းတော်ကြီးများက “ပအိုဝ်းဒေသတွင်း ကျူးကျော်စစ်တလင်း ဖန်တီးမှုအလိုမရှိ၊ အပြစ်မဲ့ ပအိုဝ်းသံဃာ တော်များနှင့် ပအိုဝ်းလူမျိုးများသတ်ဖြတ်မှု အလိုမရှိ၊ သတင်းမှန်ဖုံးကွယ်ရေးသားသော မီဒီယာများ အလိုမရှိ၊ လူထုပိုင် ပစ္စည်းများ အကြမ်းဖက်သမားများ အလိုမရှိ” စသည်တို့ကို ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၇ရက်က စစ်ကောင်စီဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ကြီးခရိုင် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) ခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နေအိမ်သို့ သွားရောက်ကာ တွေ့ဆုံဂါရ၀ပြုကာ စည်းရုံးမှုပြုလုပ်ခဲ့သည်။

ယခု နမ်းနိန်းရွာ လူသတ်မှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ မိုင်းနောင်မြို့ အခြေစိုက် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ)ရှိ ခြေမြန်တပ်ရင်း (ခမရ) ၅၁၈ က ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဘက်က ပြောသည်။

ယခုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသော ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်သည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တခုဖြစ်သော ပအိုဝ်းအမျိုးသားပြည်သူ့စစ်အဖွဲ့ (PNO/PNA) ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက “ စစ်ကောင်စီက ရွာတရွာ၊ လူမျိုးတမျိုး အဖြစ်အပျက်တခုဆိုပြီး ကောက်ချလို့မရတော့ပါဘူး။ ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ စစ်ဗျူဟာထဲမှာ ထည့်သွင်းပြီး တော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ အချက်အလက်တွေအများကြီးထင်ရှားနေပါတယ်။ လုံခြုံရေးအကြောင်းပြပြီး တိုက်ခိုက်တာတင်မကဘဲနဲ့ စစ်ကြောင်းတခုနဲ့ ထိုးပြီး စစ်ဗျူဟာတရပ်အနေနဲ့ စစ်ဒေသရှေ့တန်း တခုလို တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ကောင်စီက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်နေ တယ်ဆိုတာ သိသာထင်ရှားစေတဲ့ အချက်တွေ ဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာတွင် ဒေသခံများနှင့်သံဃာတော် ၃ပါး အစုလိုက်အပြုံလိုက် အသတ်ခံရသောဘုန်းကြီးကျောင်းကို ဒရုန်းမှတဆင့် မြင်ရပုံ

စစ်ကောင်စီသည် အကြမ်းဖက်မှုလုပ်ရပ်များကို ပိုမိုတိုးပြီး လုပ်ဆောင်လာလျက်ရှိပြီး ယခုမတ်လအတွင်းမှာပင် စစ်ကိုင်း၊ ကယားပြည်နယ်(ကရင်နီ) နှင့် တနင်္သာရီတိုင်းတို့တွင် လူ ၅ ဦးနှင့်အထက် သတ်ဖြတ်ခဲ့သော လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄ ခုကို ကျူးလွန်ထားပြီး NUG အနေဖြင့် မြေပြင်မှ အဖွဲ့များ၏ မှတ်တမ်းအချက်အလက်များစုစည်းပြီး နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့ တိုင်ကြားသွားနိုင်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူများအပေါ် အကြမ်း ဖက်တိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိရာတွင် ငါးဦးနှင့်အထက် အစုလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် အကြိမ်အရေအတွက်မှာ ၆၄ ကြိမ်အထိရှိလာပြီဖြစ်ပြီး ပြည်သူ ၇၆၆ ဦး သေဆုံးခဲ့ ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာ ထား သည်။

အစုလိုက်သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား ၄၈၂ ဦး၊ အမျိုးသမီး ၇၈ ဦး ပါဝင်ခဲ့ပြီး ၂၀၆ ဦးမှာ ကျား/မ စစ်ဆေးရန် မလွယ်ကူတော့သည့် အခြေအနေဖြစ် ကြောင်းလည်း NUG က ဆိုထားသည်။ ထိုသို့ သတ်ဖြတ်ခံရသူများတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၂ ဦးလည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမှာ စစ်ကိုင်းတိုင်းအတွင်း အများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အကြိမ်ရေ ၄၆ ကြိမ်တွင် ပြည်သူ ၄၄၉ ဦးသတ်ဖြတ်ခံ ခဲ့ရသည်။

နမ်းနိန်းကျေးရွာက ဒေသခံများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး ခွန်သူရိန်၊ ဦးခွန်မြင့်ထွန်းတို့ ဦးဆောင်သော ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) ကလည်း ယခုလို စစ်ရာဇဝတ်မှုလုပ်ရပ်ကို ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

PNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက “ ဒီလုပ်ရပ်ကို ကျနော်တို့က အကြမ်းဖက်လုပ်ရပ် အဖြစ်ရှုမြင်တယ်။ စစ်တိုက်တာလည်း စစ်တိုက်ကြပေါ့။ ဒါပေမဲ့ မဆီမဆိုင်တဲ့ ကျေးရွာသားတွေ၊ အရပ်သားပစ်မှတ်တွေကို မထိခိုက်အောင် တော့ ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းကြဖို့လိုပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းနေဆဲဖြစ်ခြင်းကြောင့် မည့်သည့်အဖွဲ့အစည်းက ကျူးလွန် သွားသည်ဆိုသော မှတ်ချက်ကို ပေးရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

You may also like these stories:

တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ

စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ

Your Thoughts …
Tags: စစ်ရာဇဝတ်မှုနမ်းနိန်းပအိုဝ်းဒေသအစုလိုက်အပြုံလိုက်သတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

by ဧရာဝတီ
28 December 2023
20.6k

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် အဖြစ်အပျက်များကို ပုံဖော်ပေးသည့် အဓိကကျသော လူများ၊ နိုင်ငံများနှင့် အင်အားစုများ စုစုပေါင်း ၁၀ မျိုးကို ဧရာဝတီက ရွေးထုတ်ထားသည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

Next Post
၂၀၂၂ ခုနှစ်၊ မတ်လက ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား၌ စစ်ဘုရင်သုံးပါး ရုပ်တုရှေ့တွင် စစ်ရေးပြနေစဉ်

ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ

ပုဂံ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ / ဧရာဝတီ

ပုဂံရှေးဟောင်းဇုန်အတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate