ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ယာဉ်တန်းများ လက်ရှိအချိန်အထိ မတိုက်ခိုက်ခံရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) ၏ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုကြောင့်သာ ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့၏ စစ်ယာဉ်တန်းများကို ကုလသမဂ္ဂယာဉ်တန်းအဖြစ် ရုပ်ဖျက်သွားလာနေပြီး ကုလသမဂ္ဂသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ညှိနှိုင်းခြင်းမရှိပေ။ ထို့ကြောင့် မြေပြင်မှ ဒေသခံကာကွယ်ရေးတပ်များ (LDF) အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။
“စစ်ကောင်စီသည် ချင်းပြည်နယ်သို့လာသော ၎င်းတို့ယာဉ်တန်းများ တိုက်ခိုက်ခံရပါက ချင်းတော်လှန်ရေး အင်အားစုများကို အပြစ်တင်ရန် ကြိုတင်ကြံစည်သည့်အနေဖြင့် သိမ်းယူထားသော အရပ်သားယာဉ်များကို အရပ်ဝတ် လက်နက်ကိုင်စစ်သားများအား မောင်းနှင်စေကာ ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေသည်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က မတ်လ ၁၀ ရက်နေ့ အစီရင်ခံချက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သော မတ်လ ၉ ရက်နေ့တွင် ထရပ်ကား ခုနစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တခုက ဒရုန်းဖြင့် တိုက်ခိုက်သည်။ ထရပ်ကားနှစ်စီး ပျက်စီးသွားသော်လည်း ဒဏ်ရာရသူမရှိဘဲ အခြားထရပ်ကား ငါးစီး လှည့်ပြန်ရသည်။ ထရပ်ကား နှစ်စီးကို ပြန်လည်ယူဆောင်ရန် အကူယာဉ်တစီး စေလွှတ်ရသည်။ ထရပ်ကားတစီးတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) စာတန်း ချိတ်ဆွဲထားသော်လည်း PDF များက ထိုယာဉ်တန်းသည် ကုလသမဂ္ဂယာဉ်တန်း မဟုတ်မှန်းသိသည်။ ၎င်းတို့၏ ယူဆချက်မှန်သောကြောင့် ကံကောင်းသွားခြင်း ဖြစ်သည်။
ပြီးခဲ့သော မတ်လ ၉ ရက်နေ့တွင် ထရပ်ကား ခုနစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) တခုက ဒရုန်းဖြင့် တိုက်ခိုက်သည်။ ထရပ်ကားနှစ်စီး ပျက်စီးသွားသော်လည်း ဒဏ်ရာရသူမရှိဘဲ အခြားထရပ်ကား ငါးစီး လှည့်ပြန်ရသည်။ ထရပ်ကား နှစ်စီးကို ပြန်လည်ယူဆောင်ရန် အကူယာဉ်တစီး စေလွှတ်ရသည်။ ထရပ်ကားတစီးတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) စာတန်း ချိတ်ဆွဲထားသည်။
သို့သော် PDF များအနေဖြင့် ယာဉ်တန်းတခုသည် ကုလသမဂ္ဂယာဉ်တန်း ဟုတ်၊ မဟုတ် အမြဲတမ်း သေချာပေါက်သိရန် ခက်ခဲသည်။ ထိုသို့မဖြစ်အောင် ရှောင်ရှားရမည့်နည်းလမ်းမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ (UNCT) သည် ၎င်းတို့၏ ခရီးသွားလာမှုများကို NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ကို ဆက်သွယ် အကြောင်းကြားထားရန်သာ ဖြစ်သည်။ သို့သော် UNCT သည် ထိုသို့လုပ်ဆောင်ခြင်း မရှိပေ။
WFP နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) တို့အနေဖြင့် NUG ထိန်းချုပ်ဒေသတွင် အကြိမ်ပေါင်းများစွာ ခရီးသွားနေသည့် ၎င်းတို့၏ယာဉ်တန်းများနှင့် ပတ်သက်ပြီး NUG ကို သတင်မပေးပို့သည့် အန္တရာယ်ကို သတိပေးထားပြီးဖြစ်သည်။ WFP နှင့် UNHCR သို့မဟုတ် UNCT အနေဖြင့် ၎င်းတို့ယာဉ်တန်းများအကြောင်း NUG ကို ဆက်သွယ်ပြောကြားရန် အသိပေးထားပြီး ထိုသို့မလုပ်လျှင် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သတိပေးထားပြီး ဖြစ်သည်။ သို့သော် UNCT က ထိုကိစ္စကို လျစ်လျူရှုထားရန် ဆုံးဖြတ်ခဲ့သည်။
စာရေးသူကလည်း ထိုကိစ္စကို WFP, UNHCR, ဌာနေညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) အုပ်စု အီးမေးလ်အပြင် ကုလသမဂ္ဂနှင့် အလှူရှင်များကိုပါ အကြောင်းကြားထားသော်လည်း မည်သည့်ရလဒ်မျှ ဖြစ်လာခြင်းမရှိပေ။
ထိုသို့လုပ်ခြင်းသည် မလေးစားခြင်း၊ မထေမဲ့မြင်လုပ်ခြင်းဖြစ်ပြီး အန္တရာယ်များသည်။ နိုင်ငံတကာ ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတခု၏ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာပါက ထိုအဖွဲ့အစည်းသို့ အကြောင်းကြားရမည်ကို သိကြသည်။ ထိုကိစ္စသည် နိုင်ငံရေးဆိုင်ရာ စဉ်းစားသုံးချက်များအပြင် အခြေခံလုပ်ထုံးလုပ်နည်းနှင့် မိမိ၏ ဝန်ထမ်းများကို အကာအကွယ်ပေးရေး သာမန် အသိတရားသာ ဖြစ်သည်။
နိုင်ငံတကာ ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတခု၏ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာပါက ထိုအဖွဲ့အစည်းသို့ အကြောင်းကြားရမည်ကို သိကြသည်။ ထိုကိစ္စသည် နိုင်ငံရေးဆိုင်ရာ စဉ်းစားသုံးချက်များအပြင် အခြေခံလုပ်ထုံးလုပ်နည်းနှင့် မိမိ၏ ဝန်ထမ်းများကို အကာအကွယ်ပေးရေး သာမန် အသိတရားသာ ဖြစ်သည်။
ဇန်နဝါရီလတွင် ထိုကိစ္စကို NUG က UNCT သို့ အသိပေးခဲ့ပြီး အကြောင်းကြားရန်သာလိုကြောင်း၊ ထိုကိစ္စသည် အားလုံး၏ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စာရေးသူသည် UNHCR အုပ်စု အီးမေးလ်မှ WFP နှင့် UNCHR လိပ်စာများသို့ ပေးပို့ခဲ့သည်။
“WFP နှင့် UNHCR တို့သည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် စစ်ကိုင်းတိုင်းကို ဖြတ်သန်းပြီး ကချင်ပြည်နယ်သို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့သည်ဆိုသည့် စိတ်အနှောက်အယှက်ဖြစ်ဖွယ် သတင်းကို ယခုပင်ကြားသိရသည်။ NUG သည် စစ်ကိုင်းတိုင်းတွင် ဒေသအများစုကို ထိန်းချုပ်ထားကြောင်း မိမိတို့ သိရှိပြီး WFP, UNHCR နှင့် ကြက်ခြေနီအဖွဲ့ (RC) တို့ကို မေတ္တာရပ်ခံထားသော်လည်း ၎င်းတို့သည် NUG ကို ဆက်သွယ်ခြင်း မရှိကြပေ။ ၎င်းတို့သည် NUG ထိန်းချုပ်မှုကို ကျော်ဖြတ်ပြီး လျစ်လျူရှုနေကြသည်။ ထိုယာဉ်တန်းများကို စစ်ဆေးပြီး စာရွက်စာတမ်း အများအပြား ပြုလုပ်ပေးကာ လူသားချင်းစာနာမှုအရ ဆက်လက် သွားလာခွင့်ပြုသည်။ သို့သော် မြေပြင်မှ NUG တပ်များ ဒေါသထွက်မည်ကို နားလည်နိုင်ပေသည်။ ကုလသမဂ္ဂယာဉ်များ စစ်ကိုင်းတိုင်းကို ဖြတ်သန်းရန် စီစဉ်ထားပါက NUG အနေဖြင့် သတင်းအချက်အလက်များကို အနည်းဆုံးရသင့်သည်။ ထိုအချက်သည် ကုလသမဂ္ဂ အေဂျင်စီများအတွက် သာမန် အသိတရားသာဖြစ်ကြောင်းနှင့် ပဋိပက္ခနှင့်ပတ်သက်သည့် နိုးကြားမှုသာဖြစ်ပြီး မည်သည့် အန္တရာယ်မျှ ကျရောက်မည်မဟုတ်ပေ” ဟု စာရေးသူက ရေးသားခဲ့သည်။
NUG နှင့် ဆက်သွယ်ရန် ပျက်ကွက်ခြင်းသည် ၎င်းတို့၏ဝန်ထမ်းများကို အန္တရာယ်ကျရောက်စေခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စာရေးသူသည် မြန်မာနိုင်ငံဆိုင်ရာ UNHCR ဒုတိယကိုယ်စားလှယ်နှင့် ခေတ္တကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူ အက်ဒရီနီ ဝါဂျန်တိုထံ စာရေးသားပေးပို့သော်လည်း သာမန်လုပ်ရိုးလုပ်စဉ် တုံ့ပြန်မှုသာ ပြန်လည်ရရှိပြီး နောက်ထပ်မည်သည့် ပြန်ကြားချက်မျှ မလုပ်တော့ပေ။ NUG သည် စစ်ကောင်စီက လုပ်သကဲ့သို့ ရှုပ်ထွေးသော ဗျူရိုကရက်တစ် စနစ်ဖြစ်သည့် ခရီးသွားလာခွင့်ပြုချက်ကို မလိုလားကြောင်း၊ ခုခံတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများမှ ဖြတ်သန်းလျှင် အသိပေးစေလိုခြင်းသာဖြစ်ကြောင်းနှင့် ထိုကိစ္စသည် အားလုံးအတွက် အကျိုးရှိသော ကိစ္စဖြစ်ကြောင်း စာရေးသူက ထပ်လောင်းပြောကြားခဲ့သည်။
NUG က အကူအညီပေးရေး ယာဉ်တန်းများကို မတိုက်ရန် LDF များကို ညွှန်ကြားထားသော်လည်း ယာဉ်တန်းတခုသည် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဖြစ်ပြီး စစ်ကောင်စီတပ်များ ရိက္ခာ သယ်ဆောင်လာလျှင် မည်သို့သိနိုင်မည်နည်း။
NUG က အကူအညီပေးရေး ယာဉ်တန်းများကို မတိုက်ရန် LDF များကို ညွှန်ကြားထားသော်လည်း ယာဉ်တန်းတခုသည် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဖြစ်ပြီး စစ်ကောင်စီတပ်များ ရိက္ခာ သယ်ဆောင်လာလျှင် မည်သို့သိနိုင်မည်နည်း။ အီးမေးလ်တစောင်ကို NUG သို့ ပေးပို့အသိပေးခြင်းသည် ဗျူရိုကရက်တစ် ဝန်ထုတ်ဝန်ပိုးတခု မဟုတ်ပေ။ အထူးသဖြင့် စစ်ကောင်စီထံမှ ခရီးသွားလာခွင့်ရယူရသည့် ရှုပ်ထွေးသောစနစ်နှင့် ယှဉ်ထိုးစဉ်းစားကြည့်နိုင်သည်။
သို့သော် ကံမကောင်းအကြောင်းမလှစွာပင် UNCT သည် တရားဝင်သော NUG အပေါ် သဘောထားမှာ မထေမဲ့မြင် လျစ်လျူရှုခြင်းဖြစ်ပြီး တရားမဝင်သော စစ်ကောင်စီ၏ တောင်းဆိုသမျှကိုမူ လိုက်နာသည်။ ကိုယ့်ပြည်သူကိုယ် ပြန်သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်၊ အဓမ္မပြုကျင့်၊ မီးရှို့သည့် ရာဇဝတ်စစ်တပ်ကို မြန်မာ၏ တရားဝင်အစိုးရသဖွယ် ဆက်ဆံနေသည်။ ယာဉ်တန်းများနှင့်ပတ်သက်ပြီး UNCT က NUG ကို အကြောင်းမကြားပါက ထိုယာဉ်တန်းများသည့် အနှေးနှင့် အမြန်ဆိုလို မှားယွင်းတိုက်ခိုက် ခံရမည်ဖြစ်ပြီး ထိုကိစ္စသည် UNCT ၏ အမှားသာ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Paul Greening ၏ UN’s Refusal to Talk to Myanmar’s NUG Will Lead to Convoy Attacks ကို ဘာသာပြန် ဖော်ပြသည်။ Paul Greening သည် ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် IOM အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တရားမဝင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ထိခိုက်ရသူများကို အကူအညီပေးနေသည်။)
You may also like these stories:
စစ်ကောင်စီနဲ့ ဆက်လက်အကျိုးဖြစ်ထွန်းနေတဲ့ IOM
မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ
ကလေးသန်းပေါင်းများစွာ အသက်အန္တရာယ် စိုးရိမ်ရဖို့ ရှိတယ်
ကုလသမဂ္ဂက ကန့်ကွက်သောကြောင့် Global Town Hall ဆွေးနွေးပွဲ NUG တက်ခွင့်မရ