• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်း သစ်ခိုးထုတ်မှုများ PDF အခွန်ကောက်ပြီး ခွင့်ပြုနေ

by ဧရာဝတီ
26 March 2023
in သတင်း
A A
အခွန်ကောက်ပြီး ခိုးသစ်များကို ကားစင်းလုံးလိုက် သယ်ခွင့်ပြုနေ/ CJ

အခွန်ကောက်ပြီး ခိုးသစ်များကို ကားစင်းလုံးလိုက် သယ်ခွင့်ပြုနေ/ CJ

7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများအတွင်းမှ သစ်ခိုးထုတ်မှုများကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) များ အခွန်ကောက်ပြီး ခွင့်ပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ သစ်ထုတ်လုပ်မှုများကို ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ စီးမှော်၊ သောင်ကြီးကျေးရွာများအနီး သစ်တောကြိုးဝိုင်းများအပြင် မြောက်ပိုင်းရှိ မံပင်၊ မံကပ်၊ မဲတော၊ ပန်းတော၊ နောင်မှီ၊ ကလပ်ကျေးရွာများအနီးနှင့် အင်းတော်မြို့နယ် အရှေ့ခြမ်းရှိ ရွာဟောင်း၊ ဂဟဲနေရာများ၊ ဗန်းမောက်မြို့နယ်အစပ် အင်းတော်ဘက်ခြမ်း စသည့် သစ်တောကြိုးဝိုင်းဧရိယာများတွင် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
81
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
697
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

အင်းတော်ဒေသခံတဦးက “သစ်တွေကို အဓိကထုတ်နေတာ သစ်တောကြိုးဝိုင်းဧရိယာတွေမှာ ထုတ်နေတာ။ အဓိကတော့ ပအဖ၊ ပကဖခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတာဗျ။ ဒေသခံတွေကို လုပ်စားခွင့် ပိတ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေကို Export ထုတ်ခွင့်ပြု ပေးထားတာတွေပါ။ ကျွန်းစိုက်ခင်းအရမ်းပေါတဲ့ နေရာတွေမှာ ရွေးထုတ်နေကြတာ။ Eco Tourism အရ အရေးပါတဲ့ ထိန်းသိမ်းရမယ့် ဇလုံတောင် သစ်တောကြိုးဝိုင်းမှာပါ အလွန်အကျွံ ထုတ်နေတာ။ သစ်တွေကို တွဲကား၊ ၁၂ ဘီးကား တွေနဲ့ သယ်နေကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

သစ်ခိုးထုတ်မှုများတွင် တော်လှန်ရေးအဖွဲ့အချို့ ပါဝင် ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်အပေါ် အဆိုပါ ဒေသများသည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များဘက်မှ နယ်မြေစိုးမိုးမှု အလုံးစုံ မရရှိသေးဘဲ မြေပြင်တွင် စစ်ကောင်စီနှင့် PDF များ အားပြိုင်နေဆဲ အခြေအနေဖြစ်နေသောကြောင့် ပြောရခက်ကြောင်း အင်းတော်မြို့နယ် ပအဖ တာဝန်ခံက ဆိုသည်။

၎င်းက “သစ်ခိုးထုတ်တာမျိုးတော့ မဟုတ်ဘူးဗျ၊ အခုဖြစ်နေတဲ့နေရာတွေကလည်း ကာကွယ်ရေးအဖွဲ့တွေ အလုံးစုံ စိုးမိုးထားနိုင်တဲ့ နေရာမျိုးတွေ မဟုတ်တော့ ပြောရတာ အတော်ခက်ပါတယ်၊ လက်ရှိ မြေပြင်မှာက စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးရေး အားပြိုင်နေတဲ့ အချိန်မျိုးမှာ သဘာဝသယံဇာတကို စီးပွားရေးလာလုပ်တဲ့ ပုဂ္ဂိုလ်တွေက ရအောင် လုပ်နေကြတာမျိုးပဲဗျ၊ အချို့သော ကာကွယ်ရေးအဖွဲ့တွေက သစ်ခိုးထုတ်နေတာကို မိတဲ့အခါမျိုး မှာ ထိန်းသိမ်းထားဖို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအပေါ်မှာ အခွန်ကောက်တာမျိုး ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ သစ်ခိုးထုတ် နေတာကို ပါဝင်ပတ်သက်နေတာမျိုးတော့ မဟုတ်ဘူးဗျ”ဟု ပြောသည်။

သစ်ထုတ်ရာတွင် ကားတစီးလျှင် ၁၅ တန်မှ တန် ၂၀ ထိပါ တွဲကား၊ ၁၂ ဘီးကားများဖြင့် ထုတ်ယူနေကြခြင်းဖြစ်ပြီး တရက်လျှင် ကား ၁၀ စီးခန့်ထိ ပုံမှန်ထွက်ရှိနေကြောင်း၊ တရုတ်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များက တော်လှန်ရေးအဖွဲ့များထံ Export သစ် ၁ တန်လျှင် ကျပ် ၃ သိန်းနှုန်းခန့်ထိ အခွန်ပေးဆောင်ကာ လုပ်ဆောင်နေကြရကြောင်း လုပ်ငန်းရှင်များဘက်မှ သိရသည်။

ဒေသခံတဦးက “သစ်ထုတ်တာကို တရုတ်နိုင်ငံသားတွေ လာလုပ်ကြတာ။ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်နဲ့ အကျိုးတူပူးပေါင်းထားတဲ့ မြန်မာစီးပွားရေးသမားတွေလည်း ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး သစ်ထုတ်ရောင်းစားတာ၊ တရုတ်နိုင်ငံကို တင်ပို့ရောင်းချတာတွေကို အလွန်အကျွံလုပ်လာကြတာ။ သစ်ထုတ်တဲ့အခါ နယ်မြေခံ ပကဖ၊ ပအဖတွေကို အခွန်ပေးရတယ်။ ပြီးတော့ သစ်သယ်တဲ့ လမ်းကြောင်းတလျှောက်မှာရှိတဲ့ ပကဖ၊ ပအဖ ဂိတ်တွေကိုလည်း ပေးရတယ်”ဟု ပြောသည်။

သစ်ကားများမှာ အင်းတော်နှင့် ဗန်းမောက်မြို့နယ်မှ တဆင့် ကသာ၊ ကသာမြို့နယ်မှတဆင့် မံစီနှင့် ချောင်းဝမှ ရွှေကူလမ်းဘက် တောလမ်းအတိုင်း ဖြတ်သန်းကာ ကချင်ပြည်နယ် စသည်ဖြင့် အဆင့်ဆင့် ဖြတ်သန်းကာ တရုတ်ပြည်နယ်စပ်ဂိတ်ထိ သယ်ယူတင်ပို့နေကြခြင်းဖြစ်သလို သစ်ကားများ ဖြတ်သန်းရာ လမ်းကြောင်းတလျောက်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေထိန်းချုပ်ထားသည့်နေရာများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းတလျောက်ဖြစ်သော ဗန်းမောက်၊ အင်းတော်နှင့် ကသာမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင်လည်း ဂိတ်ကြေး အနေဖြင့် သစ် ၁ တန်လျှင် အနည်းဆုံး ငွေကျပ် ၃ သောင်းနှုန်းဖြင့် ကောက်ခံခြင်းများကိုလည်း ပြုလုပ်နေကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း သစ်ကားတန်းကို ဒေသခံကာကွယ်ရေးတပ်များက စစ်ဆေးနေပုံ/ CJ

ဗန်းမောက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ တော်လှန်ရေးအင်အားစု အများစုကတော့ ဒါတွေကို လက်မခံကြပါဘူး၊ လက်ရှိက တော်လှန်ရေးကာလဆို တော့ ထိထိရောက်ရောက် ထိန်းကြောင်းနိုင်မှု မရှိတာမျိုးပေါ့၊ ဒီလိုပြဿနာတွေက စနစ်တကျဖြစ်နေတဲ့ အချိန်မျိုးမှာတောင် ရှိနေတာဆိုတော့ အခုလိုမျိုးကာလမှာ တော်လှန်ရေးအင်အားစုတွေမှ မဟုတ်ဘူး၊ ဒေသခံတွေပါ တက်ညီလက်ညီ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိမှ အဆင်ပြေမယ့် အနေအထားပါ၊ ပြည်သူလူထု တရပ်လုံး ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မျိုးဖြစ်ဖို့ လိုပါတယ်”ဟု ပြောသည်။

လက်ရှိတွင်မူ သစ်ထုတ်လုပ်ငန်းများတွင် အင်းတော်နှင့် ဗန်းမောက်မြို့နယ်မှ ဒေသခံများကို အခြေခံလုပ်သားများအဖြစ် အသုံးပြုနေပြီး လုပ်ငန်းရှင်များက သစ်တလုံး လှဲခ ငွေကျပ် ၃ သောင်းမှ ၄ သောင်းထိ၊ နေ့စားခအဖြစ် တရက်လျှင် ကျပ် ၂ သောင်းနှုန်းဖြင့် ငှားရမ်းအသုံးပြုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သစ်ခိုးထုတ်နေတဲ့ လမ်းကြောင်းပေါ်မှာက ကျနော်တို့ တော်လှန်ရေးအတွက် ငြိစွန်းနိုင်တဲ့ အမည်ဖော်လို့ အဆင်မပြေတဲ့ အခြား အခြားသောအကြောင်းတရားတွေ ရှိနေတာမို့ ဖမ်းမိတဲ့သစ်တွေကို လွှတ်ပေးလိုက်ရတာမျိုးတွေ ရှိတယ်၊ ဥပမာ အနေနဲ့ပြောရမယ်ဆိုရင် တန် ၁၀၀ လောက်မိတာမျိုးကို တန် ၂၀ လောက် အဖမ်းပြပြီး လွှတ်ပေးရတာမျိုးတွေ ရှိတယ်၊ အဓိကတော့ တော်လှန်ရေးကို ထိခိုက်မှုတွေ မဖြစ်စေချင်လို့ လုပ်ပေးနေကြရတာမျိုးပေါ့၊ ဒါကို ပြည်သူတွေအနေနဲ့ သိရှိစေချင်တယ်”ဟု ပြောသည်။

အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ဒေသခံများသည် သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းများဖြင့် အဓိက အသက် မွေးကြခြင်းဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အဆိုပါ ဒေသများတွင် လုပ်ကိုင်နေသော သစ်စက်တလုံးလျှင် တလ ကျပ် ၁၀ သိန်းခန့်ထိ အခွန်ကောက်ခံမှုများ ရှိခဲ့ပြီး ယခုအခါ ဒေသခံများအနေဖြင့် လုပ်ကိုင်လိုပါက တရက်လျှင် ကျပ် ၁ သိန်းနှုန်း အခွန်ပေးဆောင်ရမည်ဟု ဆိုသောကြောင့် လုပ်ငန်းများ ရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။

အင်းတော်မြို့နယ် ပအဖ တာဝန်ခံက “အခုဖြစ်နေတာက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးယန္တရားပျက်ပြားတဲ့ကာလမှ ဝိသမလောဘသား စီးပွားရေးသမားတွေ လုပ်စားကြလို့ ဖြစ်နေတာမျိုးပေါ့၊ ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းလို့ရသလောက်တော့ ထိန်းသိမ်းနေကြပေမယ့် မရနိုင်တဲ့အခြေအနေမျိုးမှာ တော်လှန်ရေးအတွက် အခွန်ကောက်တာမျိုးတွေတော့ ရှိတယ်၊ ဒီလို အခြေအနေကို ကျနော်တို့ ပြည်သူတွေအနေနဲ့ နားလည်သဘောပေါက် လက်ခံပေးကြဖို့ လိုပါတယ်”ဟု ဆိုသည်။

ယင်းဒေသအတွင်းရှိ သစ်တောကြိုးဝိုင်းများအတွင်းမှ အလွန်အကျွံ သစ်ခိုးထုတ်နေမှုများကို ရပ်တန့်ပေးကြရန်နှင့် တော်လှန်ရေးအဖွဲ့များ ပါဝင်ပတ်သက်နေသည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။

ဒေသခံတဦးက “NUG အစိုးရအနေနဲ့ သစ်တောကြိုးဝိုင်းနေရာတွေမှာ ကျွန်းသစ် အလွန်အကျွံထုတ်ယူနေတာတွေနဲ့ ဒေသခံတွေကို လုပ်စားခွင့်မပြုဘဲ တရုတ်လုပ်ငန်းရှင်တွေကိုပဲ လုပ်ကိုင်ခွင့်ပြုနေတဲ့အပေါ် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးစေချင်တယ်၊ ဒေသတွင်း တာဝန်ရှိသူတွေအနေနဲ့လည်း အမြန်ဆုံး တားဆီးပေးရမယ့် ကိစ္စတစ်ခုလို့ပဲ မြင်တယ်၊ ထိန်းသိမ်း ရမယ့် သစ်တောတွေကို ဆက်လက်ထိန်းသိမ်းပြီး ထုတ်လုပ်ခွင့်ပြုမယ်ဆိုရင်လည်း အားလုံးကို စနစ်တကျနဲ့ ကြပ်မတ်ပြီး ထုတ်လုပ်စေချင်ပါတယ်” ဟု ပြောသည်။

အင်းတော်မြို့နယ် ပအဖတာဝန်ခံကမူ လက်ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသောအခြေအနေများကို NUG ၏ သဘာဝနှင့် သယံဇာတဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း၊ ယခု ပြဿနာ ဖြစ်ပွားနေသော နေရာသည် ကချင်ပြည်နယ်နှင့် ထိစပ်နေ၍ သက်ဆိုင်ရာ တာဝန်ရှိ တိုင်းရင်းသားလက်နက်ကိုင် EAOs များနှင့်ပါ ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုများအတိုင်း ဆက်လက် ဆောင်ရွက်နေကြောင်း ပြောသည်။

သို့သော် ဝန်ကြီးဌာနက မည်သို့ စီမံခန့်ခွဲနေပြီး မည်ကဲ့သို့ လုပ်ဆောင်ပေးနေသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောပြခြင်း မရှိသလို ကောက်ခံရရှိသည့် အခွန်အခကို မည်သည့်နေရာတွင် မည်မျှသုံးစွဲနေသည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဒေသခံများကမူ သစ်ထုတ်လုပ်ခြင်းမှ ရရှိသည့် အခွန်အခငွေများကို ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုစေချင်သလို ကိုယ်ကျိုးအတွက် သုံစွဲမှု ရှိနေခြင်းများကိုလည်း စစ်ဆေးအရေးယူပေးစေချင်ကြောင်း၊ သစ်ထုတ်လုပ်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း ဖြစ်ပေါ်စေသည့်အတွက် ရပ်တန့်ပေးစေလိုကြောင်း ပြောသည်။

လက်ရှိသစ်ခိုးထုတ်မှုများ ဖြစ်ပွားနေသည့် နေရာများသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဒေသများ ဖြစ်သည့်အပြင် ယခုအခါ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် ကာကွယ်ရေးအဖွဲ့များဘက်က စိုးမိုးထားသော လမ်းကြောင်းများကို ပြန်လည်စွန့်ခွာပေးရသည့် အခြေအနေရှိနေရာ ထိန်းချုပ်ထားနိုင်သည့် နေရာများတွင်မူ အကောင်းဆုံး လုပ်ဆောင်ပေးလျက်ရှိ သည်ဟုလည်း ကသာခရိုင်ပအဖအဖွဲ့က ပြောသည်။

ကသာခရိုင် ပအဖမှ တာဝန်ရှိသူတဦးက “ကချင်ပြည်နယ်အစပ်ဖြစ်တဲ့အတွက် EAOs များနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ရတာတွေ၊ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရတာတွေရှိတယ်၊ ပြီးတော့ အခွန် ဘဏ္ဍာရရှိရေးအပါအဝင် အခြားသောလုပ်ငန်းများကိုလည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေရတာတွေ ရှိတယ်၊ ကျနော်တို့ အောက်ခြေ အဖွဲ့တွေက NUG အစိုးရရဲ့ လမ်းညွှန်မှုတွေအတိုင်း ဖြစ်နေတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနေပါတယ်၊ အဲဒီလိုဖြေရှင်းပေးနေပေမယ့် အခုဖြစ်နေတဲ့ ဒေသတွေက စစ်ရေး အရ အရမ်းရှုပ်ထွေးနေတာဆိုတော့ ခက်ခက်ခဲခဲကို ရသလောက် ထိန်းချုပ်ပေးနေပါတယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်ဒေသနှင့် ဗန်းမောက်ဒေသများသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း တရားမဝင် ကျွန်းသစ်ခိုးထုတ်မှုများ ပိုမိုများပြားလာသည့်အပြင် တရားမဝင် ရွှေတူးဖော်မှုများလည်း အများအပြားရှိနေပြီး မြေပြင်တွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများကြား အခွန်အကောက်များနှင့် ပတ်သက်၍လည်း ပြဿနာများ မကြာခဏ ဖြစ်ပွားနေသော ဒေသဖြစ်သည်။

You may also like these stories:

အခွန်ငွေခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို NUG ဘယ်လို ကိုင်တွယ်မလဲ

တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်ဖို့ လိုတယ်

အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်တလျှောက် တရားမဝင်စီးပွားဖြစ် ရွှေမျှောလုပ်သူများလာ

အင်းတော်ရှိ ရွှေမျောလုပ်ကွက်တချို့ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပိတ်

အင်းတော် ပ.က.ဖ အဖွဲ့က အမျိုးသမီးတဦးကို ရိုက်နှက်မှုဖြစ်ပွား

Your Thoughts …
Tags: NUGစစ်ကိုင်းတိုင်းပကဖပအဖသစ်ခိုးထုတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျုံဒိုး၊ ကွက်သစ်ပိုင်းတွင်  မတ်လ ၂၅ ရက်နေ့က မီးလောင်နေသော အဆောက်အအုံများ / Min Chit Soe Facebook

ကော့ကရိတ် တိုက်ပွဲပြင်းထန် စစ်ရှောင် ၁ ထောင်နီးပါးရှိလာ

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းခဲ့သည် (ဧရာဝတီ)

Standard Army ဆိုသော်လည်း မြန်မာစစ်တပ် စိတ်ဓာတ်ပိုင်း ပိုမိုနိမ့်ကျလာ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate