• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကနီတွင် ကလေးငယ်များ အရေပြားရောဂါအဖြစ်များနေပြီး ဆေးကုသရေးခက်ခဲနေ

by ဧရာဝတီ
29 March 2023
in သတင်း
A A
အရေးပြားရောဂါ ဖြစ်ပွားနေကြသည့် ကနီစစ်ရှောင်ကလေးငယ်များ (ဓာတ်ပုံ- CJ)

အရေးပြားရောဂါ ဖြစ်ပွားနေကြသည့် ကနီစစ်ရှောင်ကလေးငယ်များ (ဓာတ်ပုံ- CJ)

3.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ဘေးရှောင်ကလေးများ၏ ခန္ဓာကိုယ်၌ အရည်ကြည်ဖုများ ထွက်ကာ ကူးစက်သည့် အရေပြားရောဂါများ ဖြစ်ပွားနေရာ ဆရာဝန်နှင့် ဆေးဝါးမရှိသည့်အတွက် ကုသရေးခက်ခဲ နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

အသက် ၅ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးငယ်များတွင် အများဆုံးဖြစ်ပြီး စစ်ဘေးရှောင်ကလေးများသာမက ပြည်သူ့ အခြေပြုကျောင်းများတွင် စာသင်ကြားနေသာ ကလေးများပါ ဖြစ်ပွားနေကြောင်း၊ ကူးစက်မှုမှာ ယခင်နှစ်များကထက် ပိုမိုပြီး၊ စစ်ဘေးရှောင်အများစုမှာ မသန့်ရှင်းသည့်ရေကို သုံးစွဲနေရခြင်း၊ တကိုယ်ရည် သန့်ရှင်းမှုကို ယခင်ကဲ့သို့ အားစိုက်နိုင်မှု မရှိခြင်းတို့ကို ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
104
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
946
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
22

ကနီမြို့နယ် လူထုတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က “ပြည်သူ့ အခြေပြုကျောင်းမှာ စာသင်နေကြတဲ့ ကလေးတွေမှာ ဖြစ်တာ၊ သူငယ်တန်းကနေ ဆယ်တန်းအထိ ပေါက်တဲ့လူကပေါက် ပျောက်တဲ့လူက ပျောက်ပေါ့။ ကျောင်းတိုင်းလို ပေါက်နေတယ်လို့ သိထားတယ်။ ၁ ယောက်စ၊၂ ယောက်စကနေ ၄၀ ၊ ၅၀ လောက် အထိ။ ဒီနှစ်က အရေပြားရောဂါ ပေါက်တာ အဆိုးရွားဆုံးနှစ်လို့ ပြောနိုင်တယ်” ဟု ပြောသည်။

ကနီမြို့နယ်အတွင်းက ပြည်သူ့အခြေပြုကျောင်း ၉ ကျောင်းက အချက်အလက်များကို အခြေခံပြီး ကိုပြည့်အောင်နိုင်က ပြောခြင်းဖြစ်ပြီး အဆိုပါ ကလေးငယ်များတွင် အဖုပေါက်ခြင်းအပြင် ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျောခြင်းများကို ခံစားရ ကြောင်း သိရသည်။

ထိုသို့ အရေပြား ရောဂါ ဖြစ်ပွားနေသော ဒေသများသည် စစ်ပဋိပက္ခများ ဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် ဆေးခန်း ပြရန်ခက်ခဲခြင်း၊ လိမ်းဆေး၊ သောက်ဆေးရရှိရေးကိုပင် ခက်ခဲနေကြသည့်အပြင် စစ်ကောင်စီက နည်းအမျိုးမျိုးဖြင့် ဆေးဝါးများကို ပိတ်ဆို့စစ်ဆေးရှာဖွေ ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ အခက်အခဲများကြောင့် ဆေးမြီးတိုဖြစ်သည့် အရေပြား အနာပေါ်တွင် ကျောက်မီးသွေး သွေးလိမ်း ခြင်း၊ သစ်သီးသစ်ဖု အရွက်များ ကြိတ်ချေအုပ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများက ဆိုသည်။

“ကျနော်တို့က ဆေးတွေဝယ်လိုက် ခွေးတွေ (စစ်ကောင်စီတပ်) က မ သွားလိုက်နဲ့ဆိုတော့ ဆေးတွေက ပြတ်တာ။ ကျနော်တို့ တောမယ် ကျောက်မီးသွေးကို သွေးလိမ်းတာမျိုးတို့ လုပ်တယ်။ အင်္ဂလိပ်လိမ်းဆေး လိမ်းတာက နည်းပါ တယ်။ ဆေးဝါးက လောလောဆယ် မလွယ်ဘူးလေ။ နီးစပ်ရာ တောဆရာတွေဆီ သွားတော့ သောက်ဆေးလေး ဘာလေး ရတာပေါ့” ဟု ဒေသခံတဦးက ပြောသည်။

ထိုကဲ့သို့ ကူးစက်ရောဂါဖြစ်သဖြင့် အနာကို သန့်ရှင်းစွာ ထားရန် လိုအပ်ကြောင်း၊ ဆေးမြီးတိုဖြင့် ကုသခြင်း မလုပ်သင့် ကြောင်း၊ ဆေးဝါးလက်လှမ်းမီသည့် နေရာတွင် ဖြစ်ပါက အရေပြားရောဂါ လိမ်းဆေးများ ဖြစ်သည့် Calamine lotion နှင့် Neomycin Cream အစရှိသည်များကို လိမ်းသင့်ကြောင်း မြောင်မြို့နယ်တွင် ပုံစံတူအရေပြား ရောဂါကို ကုသခဲ့ရသည့် ဒေါက်တာ ဖီးနစ်က အကြုံပြုသည်။

“ကျောက်မီးသွေး လိမ်းတာတွေက မလိမ်းသင့်ဘူး။ အခန့်မသင့်ရင် အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ရနိုင်တယ်။ အရွက်တွေဆိုတာ ရေဘယ်လောက်ပဲ ဆေးဆေး မမြင်ရတဲ့ ဘက်တီးရီးယားတွေ ကပ်နေနိုင်တယ်။ အရေပြားပေါက် သွားတဲ့အခါမှာ အရွက်ကို ကြိတ်ပြီးတော့ သွားထည့်မယ်ဆိုရင် အနာကို ပိုဆိုးစေနိုင်တယ်။ အဓိကကတော့ လိမ်း ဆေး၊ သောက်ဆေးရရင်တော့ အကောင်းဆုံးပေါ့” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ဒေါက်တာဖီးနစ်က “အဲဒါမရဘူးဆိုရင်တော့ ကျနော်တို့ လုပ်လို့ရတာက အနာကို သန့်သန့်ရှင်းရှင်း ထားပါ။ ရေကျက်အေးကို အဝတ်သန့်သန့်နဲ့ သေချာလေး သန့်ရှင်းပေးရင် ကောင်းတယ်။ အနာထဲကို ဖုန်တွေသဲတွေ မဝင်လေ ကောင်းလေ။ အဲဒီအတိုင်း ထားမယ်ဆိုရင် အချိန်တခုရောက်ရင် သူ့သဘာဝအရ ညှိုးကျ သွားလိမ့်မယ်။ အဲဒီအချိန်မှာ ကိုယ်က ကိုယ်ခံအား ကောင်းအောင် နေရမယ် အချဉ်ပါတာ အစာများများ စားပေးရမယ်” ဟု ပြော သည်။

ယခုနွေရာသီတွင် ကနီမြို့နယ် တောင်ဘက်ခြမ်းတွင် ရေရှားပါးမှုကို ပိုမိုကြုံတွေ့နေရပြီး စစ်ရှောင်များအနေဖြင့် တောတောင်ထဲရှိ စိမ့်စမ်းရေများကို ကြုံသလို အသုံးပြုရကြောင်း၊ ရပ်ရွာများတွင် ရှိသော ဒေသခံများ အနေဖြင့် တွင်းရေကို အသုံးပြုရပြီး ရေရှားပါးလာပါက လက်တွန်းလှည်းဖြင့် ရောင်းချခြင်းကိုပင် ဝယ်ယူအသုံးပြုရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကနီမြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ ရှိပြီး စစ်ကောင်စီလက်ချက်ကြောင့် နေအိမ် ၁,၅၀၀ ကျော် မီးလောင်ပျက်စီးထားသော မြို့နယ် ဖြစ်သည်။

အလားတူ အရေပြားရောဂါများကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ရှောင်ရသည့် စစ်ဘေးရှောင် ကလေးများတွင် ယခုနှစ် မတ်လဆန်းပိုင်း၌ ဆိုးရွားစွာ ခံစားနေရကြောင်း စစ်ရှောင်များကို ကူညီ ဆောင်ရွက်ပေးနေသည့် Job For Kayah အဖွဲ့ထံမှ သိရသည်။

You may also like these stories:

ဘုတလင်တွင် ဒေသခံ ၄၀ ခန့်ကို စစ်တပ်ကဖမ်း၍ ဓားစာခံအဖြစ် သုံးနေ

ကရင်နီစစ်ရှောင်များ ရေရှားမှုကြောင့် ကျန်းမာရေးပြဿနာများ ကြုံနေရ

Your Thoughts …
Tags: ကနီစစ်ရှောင်အရေပြားရောဂါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

by ရိုးကျော်
19 August 2024
6.5k

သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန်လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မန္တလေးကို အမြန်ရောက်ချင်တယ်

မန္တလေးကို အမြန်ရောက်ချင်တယ်

by စောလွင်
4 July 2024
6.2k

ကျနော်တို့ထက်စောပြီး အရှေ့က ရောက်နေတဲ့ကားတွေလည်း အကုန်လုံး ပိတ်မိနေတာပဲ။ တချို့ဆို ကားပေါ်မှာ အိပ် ကားပေါ်မှာနေရတယ်။ ဘုန်းကြီးကျောင်းတွေလည်း ပြည့်နေပြီ ပြောတယ်။ တည်းခိုခန်းတွေလည်း တခုမှမရတော့ဘူး ပြောတယ်။ ကားတွေက ခန့်မှန်းဆို ၃၀၀၊ ၄၀၀ လောက်...

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

by စောလွင်
1 July 2024
6k

အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများသည် တောင်များပတ်ပတ်လည်ရှိနေသည့်အပြင် လက်နက်ကြီးများ ဆင်ထားသောကြောင့် ပူးပေါင်းတပ်များအနေဖြင့် အနောက်ပိုင်းကို သိမ်းပိုက်ခဲ့သည်ထက် ပိုမို ခက်ခဲနိုင်သည်ဟု

Next Post
တရုတ်-မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန် (ဓာတ်ပုံ – ဧရာဝတီ)

တရုတ်သွင်းကုန်ပစ္စည်းများကို စစ်ဆေးရေး တင်းကျပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate