• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာ

by ဧရာဝတီ
5 April 2023
in သတင်း
A A
တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများ / CJ

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများ / CJ

4.4k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်၊ ရွှေကုက္ကိုလ်မြို့သစ်နှင့် ကော့ကရိတ်မြို့နယ်များတွင် ကရင်ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်များအကြား ယနေ့မနက်ပိုင်းက တိုက်ပွဲများ ထပ်မံ ဖြစ်ပွားရာ ဒေသခံထောင်ချီ၍ သောင်ရင်းမြစ်ကူး ကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

ယနေ့ မနက် ၅ နာရီဝန်းကျင်မှစ၍ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထီးကောထော၊ သက္ကရစသည့် ရွာ များဝန်းကျင်တွင် ကရင်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်BGF တို့အကြား တိုက်ပွဲ ဖြစ်ပွားရာ BGF ကင်းစခန်းနှစ်ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လိုက်သဖြင့် စစ်ကောင်စီက တိုက်လေယဉ်ဖြင့် လာရောက် ပစ်ရာ ဒေသခံများ သောင်ရင်းမြစ်ကိုကူး၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) သတင်းရင်းမြစ်များက ဆိုသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
105
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
954
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
22

KNLA နယ်မြေခံတပ်မှူးတဦးက “စကစဖက်က BGF တွေပါတယ် ဒီဖက်ကတော့ KNLA ၊KNDO၊ PC တို့ PDF တို ပါတဲ့ ပူးပေါင်းအဖွဲ့တွေ နဲ့ဖြစ်တာ အခုဖြစ်တဲ့နေရာတွေက ရွှေကုက္ကိုရဲ့မြောက်ဖက် ၆ မိုင် ၇ မိုင်လောက်ပဲဝေးတယ်”ဟုဆိုသည်။

အလားတူ ယနေ့မနက်က မြဝတီမြို့ အနောက်ဘက် သင်္ဃန်းညီနောင် မြို့သစ်ရပ်ကွက်တွင်လည်း လက်နက်ငယ် ပစ်သံ များ ကြားရကြောင်း သင်္ဃန်းညီနောင်မြို့နေ အမျိုးသမီးတဦးကဆိုသည်။

၎င်းက “မြို့သစ်မှာက အကုန်တိတ်ဆိတ်ကုန်ပါပြီ။ မြို့သစ်ဆိုတာက သင်္ဃန်းညီနောင် ရဲစခန်းရှိတဲ့နေရာပါ။ ဒီနေ့က နေ့လယ်ပိုင်းက တချက်ကြားပါတယ်။ စောစောက တခါကြားတယ်။ လက်နက်ငယ်အသံပါ။ ညကတော့ လက်နက်ကြီး ကျပါတယ်။ ညီနောင်မြို့သစ် လမ်းတွေထဲကို ကျတာပါ။ အရပ်သား ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု ဆိုသည်။

လက်ရှိ မြဝတီ- သင်္ဃန်းညီနောင်လမ်းမှာ အသွားအလာရှိသော်လည်း သင်္ဃန်းညီနောင်- ကော့ကရိတ်လမ်းပိုင်းမှာမူ တိုက်ပွဲကြောင့် ယာဉ်သွားလာမှုမရှိကြောင်း၊ သင်္ဃန်းညီနောင် ဒေသခံ ၁ ထောင်ခန့်သည်လည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြသည့် ဒေသခံပြည်သူများ/CJ

ဧပြီလ ၃ ရက်နေ့မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် မဟာမိတ်များက သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီဗျူဟာကုန်းနေရာအပါအဝင် ကော့ကရိတ်မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ဌာနဆိုင်ရာ ရုံးရှိရာနေရာများအား စစ်ဆင်လာခြင်း ဖြစ်သည်။

ကော့ကရိတ်မြို့နယ် မြောက်ပိုင်း မြို့ပြင်ဘက်တွင် ယနေ့ မနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း၊ လက်ရှိ တိုက်ပွဲ ငြိမ်သက်နေသော်လည်း ကော့ကရိတ်- မြဝတီ အာရှလမ်းတလျှောက် ယာဉ်အသွားအလာမရှိသလို ကော့ကရိတ်မြို့ထဲ တွင်လည်း လူသွားလူလာ နည်းနေကြောင်း ကော့ကရိတ်မြို့ခံ တဦးက ပြောသည်။

“မနက်က မြို့နားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ လောလောဆယ်တော့ အသံငြိမ်နေတယ်။ နေ့လယ်ပိုင်းမှာတော့ ၁ နာရီခြား ၁ လုံးလောက်နှုန်းနဲ့ လက်နက်ကြီးထုသံ ကြားရတယ်။ ဘယ်သူ ထုသလဲတော့ မသိဘူး၊ ဆိုင်ဖွင့်ထားပေမယ့်လည်း လူက ခြောက်ကပ်နေတာပေါ့။ တချို့ဆိုင်တွေလည်း ပိတ်သလို တချို့လည်း ဖွင့်ကြတယ်။ ရွာဘက်က လူတွေကလည်း မြို့ပေါ် ဈေးလာမဝယ်ကြဘူးပေါ့။ ရွာဘက်ကလူတွေကို မြို့ထဲ ပေးမဝင်ဘူး ဖြစ်နေတာပေါ့” ၎င်းကဆိုသည်။

အဆိုပါ ကော့ကရိတ်တိုက်ပွဲတွင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း ကော့ကရိတ်မြို့ ဒေသခံ အချို့က ဆိုသော် လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်ပေ။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မတ် ၂၅ ရက်မှ စ၍ ကျုံဒိုးမြို့ရဲစခန်း၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့သလို မတ်လ ၂၆ ရက် နံနက် ၅ နာရီကျော်တွင် ကော့ကရိတ်မြို့ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်စခန်း (BGF) အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများ ရက်ပိုင်းမျှ ယာယီရပ်နားနေရာမှ ဧပြီ ၃ ရက်နေ့တွင် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KNLA လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ် ကျော်သက်ထံ ဧရာဝတီ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။ မြဝတီမြို့ဝန်းကျင်တွင် စစ်ကောင်စီ တပ်အား တိုက်ခိုက်နေသည့် ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတဦးအား ဧရာဝတီက အွန်လိုင်းမှ တဆင့် စာပို့ မေးမြန်းခဲ့သော်လည်း လတ်တလောတွင် တိုက်ပွဲသတင်းပြောဆိုရန် မရှိသေးကြောင်း ဆိုသည်။

ကော်ဘရာစစ်ကြောင်း၏ Facebook စာမျက်နှာတွင်မူ ဧပြီလ ၃ ရက်က သင်္ဃန်းညီနောင်မှ မြဝတီသို့ သွားသည့် စစ်ကောင်စီစစ်ကားတစီးအား ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ကော်ဘရာဘက်က အထိအခိုက်မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်

မယ်ခါးထာ့တပ်စခန်းကို KNLA တပ်တွေ ဘာကြောင့် တိုက်ခိုက်ခဲ့သလဲ

ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်၊ အာရှလမ်းတလျှောက် စစ်ရေး တင်းမာနေ

ကော့ကရိတ် တိုက်ပွဲပြင်းထန် စစ်ရှောင် ၁ ထောင်နီးပါးရှိလာ

ဘုရားသုံးဆူအနီး စစ်တပ်နှင့် ကရင်ပူးပေါင်းတပ်များကြား စစ်ရေးတင်းမာနေ

Your Thoughts …
Tags: KNLAကရင်ကော့ကရိတ်စစ်ကောင်စီ၊ BGF/ သောင်ရင်းမြစ်မြဝတီရွှေကုက္ကိုလ်မြို့သစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.8k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.8k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
KNU တပ်ဖွဲ့ဝင်များ / AFP

EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ

ကရင်ပြည်နယ်တဝန်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၄,၅၁၀ ရှိပြီး ၂၀၂၀ ပြည့်နှစ် အလားတူအချိန်က ဖြစ်ပွားမှု ၃၉၉ ခုနှင့် နှိုင်းယှဉ်နိုင်သည်။

စစ်ဒဏ်ခံမြန်မာတွင် ငှက်ဖျားကူးစက်မှု ရာခိုင်နှုန်း တထောင်ကျော် ခုန်တက်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate