• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲတွင် ၆၃ ပါတီ ယှဉ်ပြိုင်မည်

by ဧရာဝတီ
10 April 2023
in သတင်း
A A
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များ (အထက် - ဝဲမှယာ) ဦးခင်ရီ (USDP)၊ ဦးကိုကိုကြီဂ (PP)၊ မိုက်ကယ်ကျော်မြင့် (PCSP)၊ ဒေါ်သက်သက်ခိုင် (PPP), စိုင်းအိုက်ပေါင်း (SEDP), ဒေါ်သန်းသန်းနု (FDP)၊ (အောက် - ဝဲမှယာ) ဦးသိန်းညွန့် (NNDP), အင်ရှန်းဆန်အောင် (KSPP)၊ ဦးစိုးမောင် (DNP)၊ ဦးခင်မောင်ရွှေ (NDF)၊ ဦးကျော်ဇေယျ (UPUP)၊ ခွန်စန်းလွင် (PNO)

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များ (အထက် - ဝဲမှယာ) ဦးခင်ရီ (USDP)၊ ဦးကိုကိုကြီဂ (PP)၊ မိုက်ကယ်ကျော်မြင့် (PCSP)၊ ဒေါ်သက်သက်ခိုင် (PPP), စိုင်းအိုက်ပေါင်း (SEDP), ဒေါ်သန်းသန်းနု (FDP)၊ (အောက် - ဝဲမှယာ) ဦးသိန်းညွန့် (NNDP), အင်ရှန်းဆန်အောင် (KSPP)၊ ဦးစိုးမောင် (DNP)၊ ဦးခင်မောင်ရွှေ (NDF)၊ ဦးကျော်ဇေယျ (UPUP)၊ ခွန်စန်းလွင် (PNO)

6.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်သည်။ ထိုပါတီများက တင်းကြပ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သောကြောင့် ထိုသို့ ဖျက်သိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီက ပြည်သူများကို ရက်စက်ကြမ်းကြုတ်နေစေကာမူ စစ်ကောင်စီ၏ လမ်းပြမြေပုံကို လိုက်နာသော အခြားပါတီ ၆၃ ခုက မှတ်ပုံပြန်တင်ကြသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် (UEC) က မည်သည့်ပါတီများသည် တနိုင်ငံလုံးတွင် သို့မဟုတ် ဒေသအလိုက် ယှဉ်ပြိုင်မည်ကို မကြေညာသေးပေ။ သို့သော် ဧရာဝတီ သတင်းဌာနက ဧပြီလ ၇ ရက်နေ့အထိ ရရှိထားသည့် အချက်အလက်များအရ ၆၃ ပါတီအနက် ၁၂ ပါတီသည် တနိုင်ငံလုံးယှဉ်ပြိုင်ရန် ကြိုးစားနေပြီး ကျန်ပါတီများသည် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များတွင်ယှဉ်ပြိုင်မည်ဟု ယူဆရသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
175
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
406
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
95

ဧရာဝတီသတင်းဌာန၏ တွေ့ရှိချက်များအရ ထိုပါတီ ၆၃ ခုကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

တနိုင်ငံလုံးတွင် ယှဉ်ပြိုင်မည့် ပါတီများ

စစ်ကောင်စီကရေးဆွဲသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တနိုင်ငံလုံးတွင် ယှဉ်ပြိုင်မည့် ပါတီများသည် မှတ်ပုံတင်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း အဖွဲ့ဝင် ၁ သိန်း စုဆောင်းရမည်၊ ခြောက်လအတွင်း နိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ အနက် အနည်းဆုံး ထက်ဝက်တွင် ရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်ပြီး မြန်မာမှ မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုသို့သော ကန့်သတ်ချက်များအောက်တွင် စစ်ကောင်စီနှင့်ပတ်သက်သော ပါတီများသာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း လေ့လာသူများက ပြောသည်။

ဧရာဝတီသတင်းဌာန၏ လေ့လာတွေ့ရှိချက်များအရ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ (PCSP)၊ ပြည်သူ့ပါတီ (PP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SEDP)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP)၊ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ (NIDP) နှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) တို့သည် တနိုင်ငံလုံးတွင် ရွေးကောက်ပွဲဝင်မည့် ပါတီများဖြစ်သည်ဟု ယူဆရသည်။

USDP, တစည နှင့် DNP တို့ကို ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည်။ ပါတီအများအပြားသည် ဆက်လက် ရပ်တည်ရေးအတွက် ရုန်းကန်နေရချိန်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ညာလက်ရုံးများအနက် တဦးဖြစ်သော USDP ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီနှင့် အခြား USDP အဆင့်မြင့် ခေါင်းဆောင်များသည် ပါတီဝင်များကိုတွေ့ဆုံရန်နှင့် လူငယ်မဲဆန္ဒရှင်များကို စည်းရုံးရန် ခရီးသွားနေကြသည်။

PPP ကို ၂၀၁၈ ခုနှစ်တွင် NLD မှ ထုတ်ပယ်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် လက်ရှိ စစ်ကောင်စီ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်သက်သက်ခိုင်က ဦးဆောင်သည်။

NDF ကို ယခင်က စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် ဗဟိုအကြံပေးအဖွဲ့သို့ ရာထူးတိုးမြှင့် ပေးခံရသည့် ဦးခင်မောင်ဆွေက ခေါင်းဆောင်သည်။

ပြည်သူ့အလုပ်သမားပါတီ (PLP)၊ MFDP, PCSP တို့သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီက လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံသည့် ပါတီ ၃၄ ပါတီတွင် ပါဝင်သည်။

ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု သတ်မှတ်ပါက ကြားဝင်ပေးရန် USDP ၏ ဦးဆောင်မှုဖြင့် ပါတီပေါင်း ၃၄ ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင်ထံမှ အာမခံချက်တောင်းခဲ့ကြသည်။ ထိုပါတီများသည် ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကို NLD က ခန့်အပ်ထားခြင်း ဖြစ်သောကြောင့် ၎င်းတို့ မယုံကြည်ကြောင်းပြောပြီး အစားထိုးပေးရန်လည်း တောင်းဆိုခဲ့သည်။

PCSP ခေါင်းဆောင်တဦးဖြစ်သူ မိုက်ကယ်ကျော်မြင့်သည် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများကြောင့် အမည်ဆိုးကျော်ကြားသော အမျိုးသားရေးဝါဒီနှင့် စစ်တပ်ကို အခိုင်အမာ ထောက်ခံသူဖြစ်သည်။ သူသည် စစ်တပ်ထောက်ခံပွဲများကို စီစဉ်သူများအနက် တဦးဖြစ်သည်။

UPUP ကို ဒုဗိုလ်မှူးကြီးဟောင်းနှင့် ၂၀၁၈ ခုနှစ်က NLD ပါတီမှ ထုတ်ပယ်ခံရသည့် NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးကျော်ဇေယျက ဦးဆောင်သည်။ သူသည် စစ်ကောင်စီ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် PPP ပါတီတွင်လည်း ဒုဥက္ကဋ္ဌ လုပ်ခဲ့ဖူးသည်။ သူ၏သား မိုးယံဇွန်သည် စစ်တပ်ဝါဒဖြန့်ချိရေး ရုပ်ရှင်များနှင့် အနုပညာလှုပ်ရှားမှုများတွင် မကြာခဏပါဝင်သည့် ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။

SEDP သည် တနိုင်ငံလုံးယှဉ်ပြိုင်မည့် တခုတည်းသော တိုင်းရင်းသားပါတီ ဖြစ်သည်။ ထိုပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းသည် မင်းအောင်လှိုင်ထံမှ သီရိပျံချီဘွဲ့ ရထားသည်။ ၂၀၁၀ ပြည့်နှစ်တွင် SNLD သည် ထိုစဉ် စစ်အုပ်စုက ကျင်းပသည့် ရွေးကောက်ပွဲကို သပိတ်မှောက်သော်လည်း ရွေးကောက်ပွဲဝင်ရန် SNLD မှ ခွဲထွက်သည့် ယခင် ရှမ်းတိုင်းရင်းများ ဒီမိုကရက်တစ်ပါတီသည် သူ၏ပါတီဖြစ်သည်။ ယခု တကြိမ်တွင်လည်း SNLD သည် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံမတင်ဘဲ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲများကို ပယ်ချထားသည်။

ယခင်က ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟု သိကြသည့် UDP သည် ၎င်း၏အမှတ်တံဆိပ်ကြောင့် နှင်းဆီပါတီဟု လူသိများသည်။ ယင်းပါတီ ဥက္ကဋ္ဌသည် ငွေကြေးခဝါချမှု၊ စီးပွားရေး ဥပဒေချိုးဖောက်မှုနှင့် ယခင်စစ်အုပ်စုခေတ်က ထောင်ချထားစဉ် ထောင်မှထွက်ပြေးမှုများအတွက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ထိုပါတီဖျက်သိမ်းခံရသည်။

ပြည်သူ့ပါတီခေါင်းဆောင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးသည် ခုခံတော်လှန်ရေး အင်အားစုများကို ဝေဖန်သောကြောင့် ယခုအခါ စစ်ထောက်ခံသူ နိုင်ငံရေးသမားဟု အပြင်းအထန် ဝေဖန်ခံရသည်။ စစ်တပ်သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးကို ၎င်းက တောင်းဆိုနေသည်။

တနိုင်ငံလုံးတွင် ရွေးကောက်ပွဲဝင်မည့် ပါတီ ၁၂ ခုအနက် USDP မှအပ မည်သည့်ပါတီမှ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နေရာတနေရာပင် အနိုင်မရကြပေ။

တိုင်းရင်းသားပါတီများ

စစ်ကောင်စီထိန်းချုပ် UEC တွင် မှတ်ပုံတင်သည့်ပါတီ ၆၃ ပါတီအနက် အနည်းဆုံး ၃၀ သည် တိုင်းရင်းသားပါတီများ ဖြစ်သည်။

SEDP မှအပ ကျန် ၂၉ ပါတီသည် ၎င်းတို့၏ ပြည်နယ်များတွင်သာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထိုပါတီများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)၊ ဝ အမျိုးသားပါတီ (WNP)၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ (RSNUP)၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP) နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) တို့သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက မင်းအောင်လှိုင် သွားရောက်တွေ့ဆုံခဲ့သည့် ပါတီများဖြစ်များသည်။

PNO ဒုဥက္ကဋ္ဌ ခွန်စန်းလွင်နှင့် WNP ဒုဥက္ကဋ္ဌ ဦးရန်ကျော်တို့သည် စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်သည်။ အခြားပါတီတခုဖြစ်သည့် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP) သည် USDP က စစ်တပ်ကို ထောက်ခံသည့် ကြေညာချက်ထုတ်တိုင်း ပူးပေါင်းပါဝင်သည့်ပါတီ ဖြစ်သည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အပါအဝင် ကချင်ပါတီ လေးခုတို့သည်လည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြသည်။

တိုင်းရင်းသား ပါတီများအပြင် ဦးသိန်းညွန့်၏ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) နှင့် ဒေါ်သန်းသန်းနု၏ ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ (FDP) တို့သည်လည်း ၎င်းတို့ တိုင်းအသီးသီးမှ စစ်ကောင်စီရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ကြသည်။

စစ်ကောင်စီ UEC က ပါတီပေါင်း ၆၃ ခုမှ လျှောက်လွှာများကို စိစစ်နေသောကြောင့် ပါတီများ ထပ်မံ မှတ်ပုံတင်နိုင်သေးကြောင်း ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲရက်ကို မကြေညာသေးပေ။

စစ်ကောင်စီ UEC တွင် မှတ်ပုံတင်သည့် ပါတီများကို အရေးယူမည်ဖြစ်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။ NLD နှင့် အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီလိုလားသော အင်အားစုများက ထိုရွေးကောက်ပွဲကို ပယ်ချသည်။

အမေရိကန် ပြည်ထောင်စုကလည်း လွတ်လပ်မျှတမှု ရှိမည်မဟုတ်သည့် ထိုရွေးကောက်ပွဲကို အသိအမှတ်မပြုရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားသည်။ မလေးရှားကလည်း အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင်များ အနေဖြင့် မြန်မာစစ်တပ်က ကျင်းပသည့် မည်သည့် ရွေးကောက်ပွဲကိုမဆို ပယ်ချရန် တိုက်တွန်းထားသည်။

တနိုင်ငံလုံးယှဉ်ပြိုင်မည့် ပါတီများ

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
၂။ ပြည်သူ့ပါတီ (PP)
၃။ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ (PCSP)
၄။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)
၅။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SEDP)
၆။ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)
၇။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)
၈။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)
၉။ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP)
၁၀။ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)
၁၁။ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)
၁၂။ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ (NIDP)

ပြည်နယ်များတွင် ယှဉ်ပြိုင်မည့်တိုင်းရင်းသား ပါတီများ

၁။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
၂။ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
၃။ ရခိုင့်ရှေ့ဆောင်ပါတီ (AFP)
၄။ ရခိုင်အမျိုးသားပါတီ (ANP)
၅။ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)
၆။ ဒီမိုကရေစီပါတီသစ် (ကချင်) (KDP – Kachin)
၇။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)
၈။ ကချင်အမျိုးသားကွန်ဂရက် (KNC)
၉။ လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)
၁၀။ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုတက်ရေးပါတီ (TNDP)
၁၁။ ရှမ်းနီ (တိုင်းလျန်) သွေးစည်းချစ်ကြည်ရေးပါတီ (SSP)
၁၂။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၃။ မွန်ညီညွတ်ရေးပါတီ (MUP)
၁၄။ အမျိုးသမီးပါတီ (မွန်)
၁၅။ မြိုတိုင်းရင်းသားပါတီ (MNP)
၁၆။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
၁၇။ အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၈။ ဝ အမျိုးသားပါတီ (WNP)
၁၉။ ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP)
၂၀။ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)
၂၁။ ကရင်ပြည်သူ့ပါတီ (KPP)
၂၂။ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ
၂၃။ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၂၄။ နာဂအမျိုးသားပါတီ
၂၅။ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
၂၆။ ဓနုအမျိုးသားများအဖွဲ့ချုပ်ၐပါတီ (DNOP)
၂၇။ ခူမီးအမျိုးသားပါတီ
၂၈။ ချင်းပြည်သူ့ပါတီ
၂၉။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (INLP)

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s Planned Election to be Contested by 63 Parties ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ

မြန်မာနိုင်ငံမှာ အရပ်ဘက်နိုင်ငံရေး ပျောက်ဆုံးသွားပြီ

NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့

NLD ပါတီ ဖျက်သိမ်းခံရမှု တရုတ်နှင့်အာဆီယံ နှုတ်ဆိတ်နေ

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

ရွေးကောက်ပွဲ ဘယ်တော့ဆိုတာ မပြောဘဲ ပါတီတွေ မှတ်ပုံတင်ခိုင်းတာ တရားတယ်လို့ မမြင်ဘူး

Your Thoughts …
Tags: NLDNUGSNLDUECUSDPခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတိုင်းရင်းသားပါတီတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွေ့ဆုံဆွေးနွေးရေးနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင်းဆီပါတီမဲဆန္ဒနယ်ရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအာဆီယံဦးခင်ရီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
Move Forward Party မှ မစ္စတာ ပီတ လမ်ဂျာရွန်ရက်၊ ဖွေထိုင်းပါတီမှ မစ္စ ပေတောင်တန် ရှင်နာဝပ်နှင့် ထိုင်းနေးရှင်းပါတီမှ မစ္စတာ ပရာယွတ် ချန်အိုချာ / Thai PBS

မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆိုဒီ

မြန်မာအကျပ်အတည်း လူသားချင်း စာနာကူညီရေးတွင် အာဆီယံ အလုပ်ဖြစ်ဟု အင်ဒိုနီးရှား ပြော

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate