• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေကူအရှေ့ခြမ်း စစ်ရှောင် တသောင်းကျော် အကူအညီများ လိုအပ်နေ

by ဧရာဝတီ
18 April 2023
in သတင်း
A A
ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ / ShweGu PDF

ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ / ShweGu PDF

3.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုနှင့် မြေပြင်စစ်ကြောင်းထိုးမှုတို့ကြောင့် ဒေသခံတသောင်းကျော် စစ်ဘေးရှောင်နေရပြီး ၁ လနီးပါးကြာမြင့်လာချိန်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်မှစတင်ပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ရွှေကူမြို့နယ်အရှေ့ခြမ်းရှိ ရေလဲ၊ စီမူလေး၊ စီမူကြီး၊ ငှက်တံတား၊ စီသောင်၊ မံဝိန်း၊ နောင်လတ်ကြီး၊ ဝင်ဝ၊ တုံးကောက်၊ စီသာ၊ မံနား၊ မံခါး၊ နန့်လန်၊ စီမော်၊ ဟိန်ကောင် စသည့် ကျေးရွာ ၃၀ ကျော်မှ ဒေသခံများ ရွှေကူမြို့ပေါ်၊ ဗန်းမော်မြို့နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ဘေးလွတ်ရာ ကျေးရွာများ၊ တောတောင်များတွင် စစ်ရှောင်နေကြရသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
966
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
81
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
931

စစ်ရှောင်ကူညီပေးနေသူတဦးက “စစ်ရှောင်ကာလက တလနီးပါးရှိနေပြီဆိုတော့ စားဝတ်နေရေးတွေနဲ့ ဆေးဝါးအကူအညီ တွေ အရေးပေါ်လိုအပ်နေတာပေါ့။ စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ကြတာဆိုတော့ ဘေးလွတ်တဲ့ရွာတွေကို ထွက်ပြေးခဲ့ကြရတာ။ လက်ရှိမှာတော့ စစ်ကြောင်းက မရှိတော့ပေမယ့် စစ်ကြောင်းပြန်ဝင်မှာကို ကြောက်ပြီး ရပ်ရွာတွေကို ပြန်မကပ်နိုင်ကြသေးဘူး” ဟု ပြောသည်။

ရွှေကူမြို့နယ်အတွင်းသို့ မကွေးမြို့တွင် အခြေစိုက်ထားသော တပ်မ ၈၈ လက်အောက်ခံ စကုအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၁၀၊ ရေနံချောင်းအခြေစိုက် ခလရ ၇၇၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မင်းဘူးအခြေစိုက် ခလရ ၈၈ တပ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်း ၃ ကြောင်းဖြင့် မတ် ၂၃ ရက်မှစပြီး ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီသောင်ကျေးရွာမှ စစ်ဘေးရှောင်ဒေသခံတဦးက “စစ်တပ်ဝင်လာကတည်းက တနိုင်လောက်ပဲ သယ်နိုင်တာတွေသယ်ပြီး ပြေးခဲ့ကြရတာ။ ဘာမှ ပြည့်ပြည့်စုံစုံ ပါမလာဘူး။ အခုကတော့ ရှိတာလေးတွေကို ချွေတာစားသောက်နေကြရတာ။ အများစုက တောထဲမှာဆိုတော့ အစားအသောက်ခက်ခဲကြတာ။ ပိုက်ဆံရှိရင်တောင် ဘယ်မှာမှ သွားပြီးဝယ်စားလို့မရဘူးလေ။ ပြီးတော့ ဆေးဝါးတွေလည်း လိုအပ်နေတယ်” ဟု ပြောသည်။

ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ / ShweGu PDF

ကလေးသူငယ်များအတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးပျောက်ဆေးများ၊ ဝမ်းရောဂါနှင့် ပတ်သက်သည့် ဆေးဝါးများ၊ သက်ကြီးရွယ်အိုများအတွက် အကိုက်အခဲပျောက်ဆေးများအပြင် အခြားဆေးဝါးများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကြောင်းများမှာ ရွှေကူမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်သော်လည်း စစ်ကြောင်းပြန်လာမည် ဆိုသော သတင်းများထွက်ပေါ်နေခြင်းကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲကြသေးကြောင်း၊ စစ်ဘေးရှောင် တသောင်းကျော်အနက် ထက်ဝက်ခန့်မှာ တောတောင်များထဲတွင် ဖြစ်သလိုနေနေကြရသည်။

ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ / ShweGu PDF

ရွှေကူမြို့ပေါ်သို့ လာရောက်စစ်ရှောင်နေသူတဦးကလည်း “ရွာတွေကို မီးရှို့ထားကြတာ ဘာမှကို ပြန်မရနိုင်တော့လောက် အောင်ထိပဲ။ အခုထိ တောထဲမှာပဲ နေနေကြတာ။ အခြေအနေတွေ ငြိမ်ပြီဆိုတော့မှပဲ ရွာကိုပြန်ပြီးနေတော့မယ်။ အခုထိလည်း ရွာကိုဝင်ပြီး မရှင်းနိုင်သေးတော့ တော်တော်ကြီးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်” ဟု ဆိုသည်။

ရွှေကူအရှေ့ခြမ်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ် ရေးတပ် (PDF) ပူးပေါင်းတပ်တို့ကြား မတ်လကုန်ပိုင်းထိ နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံး မှုများခဲ့သလို ဧပြီလဆန်းပိုင်းမှစ၍ ကျေးရွာများအား ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်၌ပါ မီးရှို့မှုတို့ကြောင့် ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၇၅ လုံးရှိသော မံဝိန်းကျေးရွာမှ ၁၂၉ လုံး၊ အိမ်ခြေ ၂၂၈ လုံး ရှိသော စီသာကျေးရွာမှ ၁၀၀ လုံး၊ အိမ်ခြေ ၁၀၄ လုံးရှိသော မံနားကျေးရွာမှ ၅၇ လုံး၊ အိမ်ခြေ ၆၆ လုံးရှိသော တုံးကောက် ကျေးရွာမှ ၄၁ လုံး၊ အိမ်ခြေ ၃၁၄ လုံးရှိသော စီသောင်ကျေးရွာမှ ၂၁၁ လုံး၊ အိမ်ခြေ ၁၃၀ လုံးရှိသော မံခါးကျေးရွာမှ ၃၅ လုံး၊ အိမ်ခြေ ၂၄၈ လုံးရှိသော စီမော်ကျေးရွာမှ ၁၁၁ လုံး၊ အိမ်ခြေ ၄၀ ရှိသော ဟိန်ကောင်ကျေးရွာမှ ၂၇ လုံး၊ အိမ်ခြေ ၄၅ လုံးရှိသော စီမူကြီးကျေးရွာမှ ၂၈ လုံး၊ အိမ်ခြေ ၇၇ လုံးရှိသော စီမူလေးကျေးရွာမှ ၆၀ လုံး၊ အိမ်ခြေ ၂၀၀ ရှိသော နန့်လန် ကျေးရွာမှ ၁၃၀ လုံး၊ အိမ်ခြေ ၁၇၇ လုံးရှိသော နောင်လတ်ကြီးကျေးရွာမှ ၃၇ လုံးတို့ မီးလောင်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ / ShweGu PDF

စစ်ကောင်စီဘက်ကမူ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ခိုအောင်းနေသည့် KIA နှင့် PDF များအား စစ်ကြောင်းများက လေကြောင်းနှင့်အမြောက်ပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ပြီး မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်ထိ ထိတွေ့တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းဒေသမှ စစ်ဘေးရှောင်ဒေသခံတဦးက “အဲဒီရွာတွေမှာ အစောပိုင်းကတည်းက ရွာသားတွေကပြေးနေရတော့ လူထိခိုက်တာမျိုးတော့ မရှိဘူး။ အိမ်တွေကတော့ မီးလောင်တဲ့အထဲ တော်တော်များများပါသွားတယ်။ စစ်တပ်က အချိန်မ ရွေး ပြန်ဝင်လာနိုင်တာမို့ အခုထိ ရွာတွေထဲကို ပြန်မဝင်ရဲကြသေးတာ။ သူတို့ရောက်ပြီးမှ တိုက်ပွဲဖြစ်တာလည်း တော်တော် များတယ်။ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာလည်း ၃ ကြိမ်အထက် ရှိတယ်” ဟု ပြောသည်။

ရွှေကူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ / ShweGu PDF

ရွှေကူမြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၁၂ ရက်မှစတင်၍ ကျေးရွာများမှ ပြန်လည်ဆုတ်ခွာခဲ့ပြီး လက်ရှိတွင် ရွှေကူမြို့ပေါ်ရှိ ဝါဆိုဘုန်းကြီးကျောင်းနှင့် မြဝတီဘုန်းကြီးကျောင်းတို့၌ တပ်စွဲနေထိုင် လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေကူမြို့နယ်တွင် ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ကျေးရွာ ၁၁၁ ရွာရှိပြီး လူဦးရေတသိန်းကျော် နေထိုင်ကြောင်း သိရသည်။

You may also like these stories :

စစ်ကိုင်း သစ်ခိုးထုတ်မှုများ PDF အခွန်ကောက်ပြီး ခွင့်ပြုနေ

အင်းတော်ရှိ ရွှေမျောလုပ်ကွက်တချို့ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပိတ်

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

ဖားကန့်တွင် KIO အရာရှိတဦး အပါအဝင် လူ ၄၀ ခန့် စစ်ကောင်စီဖမ်းထား

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘေးရှောင်စားနပ်ရိက္ခာဆေးဝါးရွှေကူလေကြောင်းပစ်ခတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖလမ်း-ဟားခါး ကားလမ်းတိုက်ပွဲတွင် တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်း / CJ

ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်

လူထုစစ်တမ်းများတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေသည့် မစ္စ ပေတောင်တန် ရှင်နာဝပ် / AFP

ထိုင်းရွေးကောက်ပွဲအလွန် စိတ်ဝင်စားဖွယ်ရာများ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate