• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရှောင်စခန်းများ ရေပြတ်နေ

by ဧရာဝတီ
21 April 2023
in သတင်း
A A
စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးနယ်မှ ဒေသခံများ / ခင်ဦးသတင်းမှန်ပြန်ကြားရေး

စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးနယ်မှ ဒေသခံများ / ခင်ဦးသတင်းမှန်ပြန်ကြားရေး

3.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအနှံ့ အပူရှိန်ပို၍ မြင့်လာမှုနှင့်အတူ ရေခမ်းခြောက်မှုပါဖြစ်လာသည့်အတွက် တိုက်ပွဲများဖြစ်ပွား နေသည့် ဒေသတချို့ရှိ စစ်ရှောင်စခန်းများ၌ ရေပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရေပြတ်လပ်မှု ဖြစ်ပေါ်နေသည့် တိုင်းနှင့်ပြည်နယ်များအနေဖြင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နေရာ တချို့၊ တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်စခန်းနေရာတချို့၌ ရေပြတ်လပ်မှု အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
62
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
584
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
9

Job For Kayah အဖွဲ့က တာဝန်ရှိသူတဦးက “ကျနော်တို့ ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်ဦးရေက သိန်းနဲ့ချီရှိ တယ်။ ရေရရှိမှု အရင်းအမြစ်က နွေရာသီရောက်လာတဲ့အတွက် ရေခမ်းခြောက်တယ်။ အရင် ရေအရင်းမြစ်ရတဲ့ နေရာတွေက ရေခမ်းသွားတာနဲ့ ကြုံတွေ့ရတယ်။ ရေရနိုင်တဲ့နေရာကို သွားသယ်ရတဲ့အခါ စစ်ရှောင်တွေမှာက သယ် ယူဖို့ ယာဉ်တွေ ဓာတ်ဆီတွေ မရှိတဲ့အတွက် အခက်အခဲ ဖြစ်ရတယ်။ အခမဲ့လှူဒါန်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် စစ်ရှောင်ဦးရ အိမ်ထောင်စုဦးရေကများတဲ့အတွက် အလျင်မီ ပြည့်စုံအောင် မလှူနိုင်ဘူး” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းများတွင် သောက်သုံးရေအတွက် ရေသယ်ပိုးသည့် ကားခအဖြစ် ကားတစီးလျှင် ၃ သောင်း ကျပ်နှင့် ကားအသေးတစီးစာအတွက်၂ သောင်းကျပ် ပေး၍ မျှဝေရကြောင်း သိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် ရေရှားပါးမှုကြောင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း Job For Kayah အဖွဲ့က ဆိုသည်။

“ရေပိုက်သွယ်တန်းဖို့ကလည်း ကုန်ကျစရိတ် အရမ်းများတယ်။ ဒီတော်လှန်ရေး မပြီးမချင်း ဒီဒုက္ခတွေက စစ်ဘေး ရှောင်ရင်း ရင်ဆိုင်နေရမှာဆိုတော့ သယ်ယူဖို့ယာဉ်၊ စရိတ်တွေ လိုတယ်။ ရေရှိတဲ့နေရာကို စစ်ရှောင်ဦးရေအလိုက် နေရာရွှေ့ထားမယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ လတ်တလော ဖြေရှင်းနေရတာကတော့ ရံပုံငွေ ရှာရတယ်။ ရေတွေ ဝယ်တယ်။ သယ်ယူတယ်။ စခန်းတွေမှာရှိတဲ့ ကန်တွေထဲကို ဖြည့်ပေးတယ်” ဟု Job For Kayah အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်တဦးက “မိုးမျှော်တာပေါ့နော်။ မိုးက ရေရဖို့အတွက်ကို တထောင့်တနေရာ ကနေ အဆင်ပြေစေနိုင်ပေမယ့် မိုးကျလာမယ်ဆိုရင်လည်း ရင်ဆိုင်ရမယ့်အခက်အခဲတွေက ရှိနေသေးတာပေါ့” ဟု ပြောသည်။

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေါတမကြီးဘက်တွင် စစ်ဘေး ရှောင်များ ထပ်မံတိုးလာသည့်အတွက် အခြေခံစားသောက်ကုန်များလည်း လိုအပ်သကဲ့သို့ အဓိကလိုအပ်ချက်မှာ ရေဖြစ်ကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ထို့အတူ စစ်ကိုင်းတိုင်းအတွင်း၌လည်း အပူချိန်မြင့်တက်လာသည်နှင့်အမျှ သောက်သုံးရေလိုအပ်ချက်မှာ သိသိသာ သာမြင့်တက်လာပြီး အချို့နေရာများတွင် သောက်သုံးရေ တစည် (စည်ပိုင်း တလုံး) လျှင် ၃၀၀ ကျပ်၊ ၄၀၀ ကျပ်ပေး၍ ဝယ်ယူနေရသည့် အခြေအနေထိ ဖြစ်နေကြောင်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက် နေသူတဦးက ပြောသည်။

ကနီမြို့နယ်ရှိ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတဦးက “ကျနော်တို့ဘက်တွေမှာ တအားပူလာတဲ့အခါ ကျတော့ ပြဿနာက စစ်ရှောင်တွေက ရေကို အလှမ်းဝေးတဲ့နေရာတွေမှာ သွားခပ်ရတာတွေ ရှိတယ်။ ရေကလည်း တော်တော်ခမ်းနေတဲ့ သဘောမှာရှိတယ်။ ရေစည်တွေဘာတွေဆိုရင်လည်း ၃၀၀၊ ၄၀၀ လောက်နဲ့ ပေးပြီး တွန်းရတာ မျိုးတွေရှိတယ်။ ရေဆိုတာကလည်း ရွာတွေမှာ ကျန်ခဲ့တဲ့ တွင်းတွေကန်တွေကနေ ခပ်ရတာမျိုးမဟုတ်ဘဲနဲ့ အသစ် တူးပြီးတော့ မျှဝေသုံးစွဲရတာပေါ့ဗျာ” ဟု ပြောသည်။

စစ်ဘေးရှောင်အများစုမှာ တောတောင်ထဲတွင် ဖြစ်သလို နေထိုင်နေရပြီး အမိုးအကာ လုံလောက်မှု မရှိခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ပြင်းထန်သော ရာသီဥတုဒဏ်ကို ပို၍ခံရပြီး ယမန်နှစ် နွေရာသီကာလက သက်ကြီးရွယ်အိုများမှာ လိုအပ်သည့် ပုံမှန်သောက်သုံးနေကျ ဆေးဝါး မရရှိခြင်း၊ အပူချိန်လွန်ကဲခြင်းတို့ကြောင့် သေဆုံးမှုများရှိခဲ့သလို ယခုလအတွင်း အပူချိန်မြင့်တက်မှုကြောင့် ခင်ဦးမြို့နယ်ရှိ စစ်ရှောင်အဘွားတဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးနယ်မှ ဒေသခံများ(ဓာတ်ပုံ- ခင်ဦးသတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်က ဧပြီ ၁၉ ၊ ၂၀ ရက်များတွင် ခင်ဦး အနောက်တောင်ခြမ်းရှိရွာများသို့ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ၂၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အပူချိန်ပြင်းသည့်ဒဏ်နှင့် ရေပြတ်လပ်သည့်ဒဏ်ကြောင့် ရေဓာတ် ခမ်းခြောက်ကာ စစ်ရှောင်များ မူးမေ့လဲသူများရှိသလို၊ အသက် ၈၀ ကျော်အဘွားဘိုတဦးလည်း ချွေးထွက်လွန်ပြီး သေဆုံးခဲ့ရကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ထားသည်။

ထို့ပြင် သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း စစ်ရှောင်ဒေသတချို့၌ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန်အနေဖြင့် အပူချိန် ၃၉ ဒီကရီစင်တီဂရိတ်မှ ၄၁ ဒီကရီစင်တီ ဂရိတ်ထိမြင့်တက်နေသလို တနိုင်ငံလုံးတွင်လည်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင်း ထူးကဲအပူချိန်များ ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒကလည်း ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင်လည်း ရေပြတ်လပ်နေသဖြင့် စစ်ရှောင်များ ရေကို ဈေးကြီးပေးဝယ်ယူ သုံးစွဲနေရ သလို၊ လုံလောက်စွာမသုံးကြရကြောင်း၊ ထိုသို့ ရေရရှိမှု ခက်ခဲနေသဖြင့် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားကြသလို၊ ကလေး များလည်း အနာရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းအတွင်းမှာလည်း ရေရှားပါးသည့်အချိန်ဖြစ်ပြီး ရာသီဥတုလည်း ပို၍ ပူလာသည့်အတွက် စစ် ရှောင်စခန်းများတွင် ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေရကြောင်း ဒေသခံတဦးက ပြောသည်။

ဒေသခံတဦးက “ဒီရာသီက တနင်္သာရီတိုင်းမှာ အရင်ကတည်းက ရေရှားတဲ့အချိန် ဖြစ်ပါတယ်။ အခုက ရာသီဥတုက ပိုပူလာတော့ ဒီအခက်ခဲကို စစ်ရှောင်တွေရော နေအိမ်တွေမှာ ရှိနေကြတဲ့ပြည်သူတွေရော ဒီအခက်ခဲ ရင်ဆိုင်နေကြ ရပါတယ်။ စစ်ရှောင်စခန်းက ပြည်သူတွေကတော့ ရေရှားတာအပါအဝင် အခက်အခဲပေါင်းစုံ ရင်ဆိုင်နေကြရတာပါ” ဟု ပြောသည်။

သန့်ရှင်းသည့် သောက်သုံးရေ မရရှိခြင်းအပါအဝင် ရေအခက်အခဲအတွက် မြေပြင်တွင် ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စစ်ရှောင်ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

သန့်ရှင်းသောရေ ရရှိမှု ခက်ခဲသောဒေသများတွင် ရေမှတဆင့်ကူးစက်ရောဂါ ဖြစ်ပွားမှုများ ဖြစ်လာနိုင်ပြီး အများ အားဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါများဖြစ်နိုင်ကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

စစ်ရှောင်အရေး ကူညီနေသည့်အဖွဲ့များကလည်း သောက်သုံးရေအတွက် ပြည်သူများဝိုင်းဝန်လှူဒါန်းကြရန်အတွက် တိုက်တွန်းထားကြသည်။

ကိုဗစ်မတိုင်ခင်ကာလများတွင် အဆိုပါ ရေပြတ်လပ်သည့်ဒေသများသို့ ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများမှနေ ပြည်သူများ စုပေါင်းပြီး ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ယာဉ်ကြီးများ ငှားရမ်း၍ ရေလိုက်လံလှူဒါန်းမှုမျိုး ရှိခဲ့သော် လည်း ကိုဗစ်ကာလနှင့် အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေလုံခြုံရေးအခြေအနေအရ ရေပြတ်လပ်သည့် ဒေသများသို့ သွားရောက်လှူဒါန်းနိုင်ခြင်းမျိုး မရှိတော့ကြောင်း သိရသည်။

You may also like these stories :

ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်

ရွှေကူအရှေ့ခြမ်း စစ်ရှောင် တသောင်းကျော် အကူအညီများ လိုအပ်နေ

Your Thoughts …
Tags: စစ်ရှောင်ရေပြတ်လပ်အပူချိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

by ရိုးကျော်
19 August 2024
6.5k

သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန်လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မန္တလေးကို အမြန်ရောက်ချင်တယ်

မန္တလေးကို အမြန်ရောက်ချင်တယ်

by စောလွင်
4 July 2024
6.2k

ကျနော်တို့ထက်စောပြီး အရှေ့က ရောက်နေတဲ့ကားတွေလည်း အကုန်လုံး ပိတ်မိနေတာပဲ။ တချို့ဆို ကားပေါ်မှာ အိပ် ကားပေါ်မှာနေရတယ်။ ဘုန်းကြီးကျောင်းတွေလည်း ပြည့်နေပြီ ပြောတယ်။ တည်းခိုခန်းတွေလည်း တခုမှမရတော့ဘူး ပြောတယ်။ ကားတွေက ခန့်မှန်းဆို ၃၀၀၊ ၄၀၀ လောက်...

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

by စောလွင်
1 July 2024
6k

အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများသည် တောင်များပတ်ပတ်လည်ရှိနေသည့်အပြင် လက်နက်ကြီးများ ဆင်ထားသောကြောင့် ပူးပေါင်းတပ်များအနေဖြင့် အနောက်ပိုင်းကို သိမ်းပိုက်ခဲ့သည်ထက် ပိုမို ခက်ခဲနိုင်သည်ဟု

Next Post
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးသို့ ပတ်စ်ပို့သက်တမ်းတိုးပြီး စာအုပ်များ လာရောက်ယူဆောင်ကြသည့် မြန်မာနိုင်ငံသားများ / မြန်မာသံရုံး

ထိုင်းရောက်မြန်မာများ ပတ်စ်ပို့သက်တမ်းတိုးလျှောက်မှု တင်းကျပ်ခံရ

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု / AFP

ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးရန် တရုတ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ဖိတ်ခေါ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate