• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကန်ဂျီနာဂါအိ၏ နောက်ဆုံးဓာတ်ပုံများ ထုတ်ပြန်

by ဧရာဝတီ
27 April 2023
in သတင်း
A A
ဗီဒီယိုထဲ၌ ရန်ကုန်တွင် ဆန္ဒပြသူများနှင့် စစ်သားများ အပြည့် တင်ဆောင်ထားသော ထရပ်ကားတစီး ရောက်ရှိလာပုံများ ရိုက်ကူးထားပြီး သူ့ကိုယ်သူလည်း ရိုက်ယူထားခဲ့သည်

ဗီဒီယိုထဲ၌ ရန်ကုန်တွင် ဆန္ဒပြသူများနှင့် စစ်သားများ အပြည့် တင်ဆောင်ထားသော ထရပ်ကားတစီး ရောက်ရှိလာပုံများ ရိုက်ကူးထားပြီး သူ့ကိုယ်သူလည်း ရိုက်ယူထားခဲ့သည်

14.9k
VIEWS
Share on FacebookShare on Twitter

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအကြောင်း သတင်းယူနေစဉ် အသတ်ခံခဲ့ရသည့် ဂျပန်သတင်းထောက်တဦး၏ မိသားစုဝင်များက လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ၎င်း သေနတ်ပစ်ခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေသည့် ဗီဒီယိုကင်မရာမှ နောက်ဆုံးဓာတ်ပုံများကို မျှဝေခဲ့သည်။

စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြမှုအတွင်း စစ်တပ်က ပစ်သတ်ခဲ့သော အသက် ၅၀ အရွယ် ကန်ဂျီနာဂါအိ Kenji Nagai ၏ နောက်ဆုံးဓာတ်ပုံများကို မြန်မာသတင်းမီဒီယာတခုဖြစ်သည့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ရရှိခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ဘန်ကောက်တွင် နာဂါအိ မိသားစုထံ ကင်မရာအား ပြန်ပေးခဲ့သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
539
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.8k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
419

ဆယ်စုနှစ်များစွာအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် အကြီးမားဆုံး လူထုအုံကြွမှုကြီးတခုဖြစ်သည့် သံဃာဦးဆောင်သည့် ဆန္ဒပြပွဲများအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့သည်။

ဗီဒီယိုထဲ၌ စီးပွားရေးမြို့တော် ရန်ကုန်တွင် ဆန္ဒပြသူများနှင့် စစ်သားများ အပြည့် တင်ဆောင်ထားသော ထရပ်ကားတစီး ရောက်ရှိလာပုံများ ရိုက်ကူးထားပြီး ယင်းကို မရိုက်ကူးမီ သူ့ကိုယ်သူလည်း ရိုက်ယူထားခဲ့သည်။

ကန်ဂျီနာဂါအိ၏ မောင်နှမဖြစ်သူ နိုရီကို အိုဂါဝါက ထိုဗီဒီယိုသည် ဆယ်စုနှစ်တခုကြာ ဒီမိုကရေစီစနစ် ကျင့်သုံးပြီးနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်မှုများအကြောင်း အာရုံစိုက်လာနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

“ဒီကနေတဆင့် လူတွေက မြန်မာနိုင်ငံကို နောက်တကြိမ် အာရုံစိုက်လာလိမ့်မယ်လို့ မျှော်လင့်ပြီး လက်ရှိအခြေအနေအပေါ် ကမ္ဘာတဝှမ်းက လူတွေက တခုခုလုပ်သင့်တယ်လို့ ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု အိုဂါဝါက ဘန်ကောက်မြို့ရှိ မီဒီယာများကို ပြောကြားခဲ့သည်။

အစ်ကိုဖြစ်သူ၏ သေဆုံးမှုအား စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် ကင်မရာနှင့် ဗီဒီယိုဖိုင်ကို ဂျပန်နိုင်ငံသို့ ပြန်ယူသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

DVB က ဘန်ကောက်တွင် နာဂါအိ မိသားစုထံ ကင်မရာအား ပြန်ပေးခဲ့သည်/AFP

DVB ပူးတွဲတည်ထောင်သူ ဦးအေးချမ်းနိုင်က ပါဝင်ပတ်သက်သူများ၏ လုံခြုံရေးကို ငဲ့ကွက်ပြီး နာဂါအိ၏ ကင်မရာကို အဖွဲ့အစည်းက မည်သို့ ရယူခဲ့သည်ကို ပြောကြားရန် ငြင်းဆိုသည်။

ဆန္ဒပြသူများအား စစ်တပ်က ပစ်ခတ်ချိန် နာဂါအိကို ထိမှန်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ခိုးထုတ်လာပြီး လူအများကြည့်ကြရသည့် ဗီဒီယိုဖိုင်တခု၌ ရိုင်ဖယ်သေနတ်တလက်ကို ကိုင်ဆောင်ချိန်ရွယ်ထားသည့် စစ်သားတဦးသည် လမ်းပေါ်တွင် နောက်ပြန်ကျနေသော နာဂါအိအနီးတွင် ရှိနေခဲ့ကြောင်း ပြသခဲ့သည်။ ရိုက်တာသတင်းဌာနမှ ဓာတ်ပုံဆရာတဦးကလည်း နာဂါအိ လဲကျနေပုံကို ရိုက်ကူးခဲ့သည်။

ထိုအချိန်က မြန်မာအာဏာပိုင်များက မတော်တဆ ပစ်ခတ်ခံရခြင်းဟု ပြောဆိုခဲ့သည်/Reuters

ထိုအချိန်က မြန်မာအာဏာပိုင်များက မတော်တဆ ပစ်ခတ်ခံရခြင်းဟု ပြောဆိုခဲ့ပြီး ဂျပန်အစိုးရကလည်း အနီးကပ် ချိန်ရွယ် ပစ်ခတ်ခံရခြင်းဟု ကောက်ချက်မချနိုင်သေးကြောင်း ပြောဆိုခဲ့သည်။

“ကျမတို့ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်၊ ဒါ ကျမတို့ ခံစားရတဲ့အတိုင်းပါပဲ” ဟု အိုဂါဝါက ထပ်လောင်း ပြောကြားခဲ့သည်။

ကိုးကား ။ ။ Reuters သတင်း Last images taken by Japanese journalist killed in Myanmar in 2007 released

You may also like these stories:

၁၅ နှစ်ကြာအောင် နာဂါအိ မိသားစု အမှန်တရားကို ရှာဖွေနေ

နာဂါအိ၊ ၆ နှစ်ပြည့် ရွှေဝါရောင်နဲ့ ဖုံးဖိလို့မရတဲ့ အမှန်တရား

ရွှေဝါရောင် တော်လှန်ရေး ရန်ကုန် ဒိုင်ယာရီ

ကာတွန်းတွေက ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး

Your Thoughts …
Tags: DVBကန်ဂျီနာဂါအိဂျပန်သတင်းထောက်တဦးနောက်ဆုံးဓာတ်ပုံများရွှေဝါရောင်တော်လှန်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်တပ်က အာဏာစွန့်သွားမလား

တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်တပ်က အာဏာစွန့်သွားမလား

by ရန်နိုင် (သလ္လာဝတီ)
14 January 2025
5.5k

တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို တိုက်တွန်းကြသူများအနေဖြင့် စစ်ပွဲကြီးထွားလာရခြင်း အကြောင်းတရားများကို သေချာစွာ လေ့လာဆင်ခြင်သင့်ပေသည်။

ဗမာလူမျိုးကြီးဝါဒနှင့် စစ်တပ်၏ ဆက်နွယ်မှု

ဗမာလူမျိုးကြီးဝါဒနှင့် စစ်တပ်၏ ဆက်နွယ်မှု

by သစ်လွင်
10 August 2024
3.2k

အထက်ပါကိစ္စရပ်ကို လေ့လာကြည့်အားဖြင့် ဗမာလူမျိုးကြီးဝါဒသည် ဖက်ဆစ်စစ်တပ်၏ အင်စတီကျူးရှင်း အတွင်းပိုင်းထဲအထိ အမြစ်တွယ်နေခြင်းဖြစ်သည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။

စစ်ကောင်စီဆန့်ကျင်ရေး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် အရှိန်ရနေပြီလား

စစ်ကောင်စီဆန့်ကျင်ရေး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် အရှိန်ရနေပြီလား

by မောင်ကဝိ
2 July 2024
2.6k

ကံဆောင်သပိတ်တွေ နောက်ထပ် မြို့နယ်တွေကို ဆက်လက် ပျံ့နှံ့၊ မပျံ့နှံ့ဆိုတာဟာ အရမ်းထူးခြားတဲ့ ကိစ္စဖြစ်လို့ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။

ဇွန်လ ၆ ရက်နေ့က ကျင်းပသည့် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပနတွင် အခေါင်းထမ်းနေသည့် မင်းအောင်လှိုင်နှင့် အခြား စစ်ဗိုလ်ချုပ်များ (ဝဲ)။ ၂၀၂၁ ခုနှစ်၊ ဇွန်လက ကျင်းပသည့် ဈေးကုန်းဆရာတော်၏ အန္တိမ အဂ္ဂိဈာပနတွင် အခေါင်းထမ်းနေသည့် မင်းအောင်လှိုင်နှင့် စိုးဝင်း (ယာ) / cincds

ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း

by ဧရာဝတီ
13 June 2023
31.3k

မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဘာသာတရား ကိုင်းရှိုင်းသူအဖြစ် ပုံဖော်ပြီး ဆရာတော်၏ ဂုဏ်သိက္ခာကို သူ့နိုင်ငံရေး အမြတ်ထုတ်ရန် အသုံးချသည်။

Next Post
ဘန်ကီမွန်းကို မင်းအောင်လှိုင်က နေပြည်တော်တွင် လက်ခံတွေ့ဆုံစဉ်

အကြမ်းဖက်မှုရပ်ရန် ဘန်ကီမွန်း ပြောအပြီး မင်းအောင်လှိုင်က စစ်ရှောင်တွေကို ဗုံးကြဲ

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း စစ်သားများ သယ်ဆောင်လာသော ရေယာဉ်တစီး ရခိုင်ပြည်နယ် ဘူးသီးတောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်စဉ် / AFP

လှူဒါန်းထားသော သင်္ဘောများကို စစ်တပ်က သုံးနေသောကြောင့် ဂျပန်က ကန့်ကွက်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate