• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လုပ်ခလစာ တရက် ဘတ် ၇၀၀ ကျော် ပေးရန် ထိုင်းအလုပ်သမားအဖွဲ့များ တောင်းဆို

by ဧရာဝတီ
2 May 2023
in သတင်း
A A
ဘန်ကောက်တွင် မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် မြန်မာအလုပ်သမားများ ချီတက်ဆန္ဒပြ / CJ

ဘန်ကောက်တွင် မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် မြန်မာအလုပ်သမားများ ချီတက်ဆန္ဒပြ / CJ

6.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံအတွင်း အခြေခံလုပ်ခလစာကို တရက်လျှင် ၇၁၅ ဘတ် တိုးပေးရန် ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ ရပ် ထိုင်းဖောင်ဒေးရှင်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN)စသည့် အဖွဲ့များက ထိုင်းအစိုးရထံ မေလ ၁ ရက် (အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့) တွင် တောင်းဆိုလိုက်သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ရရှိနေသည့် အခြေခံလုပ်ခလစာ တရက်လျှင် ၃၅၃ ဘတ်ဖြစ်ပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းကြေးများ စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ၇၁၅ ဘတ်ထိ တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားအဖွဲ့များက စုပေါင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
37
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
222
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.6k

မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်(MWRN)၊ မဟာချိုင်ရှိ အလုပ်သမားတာဝန်ခံ ကိုဇော်က “အလုပ်သမားတယောက်ရဲ့ လုပ်ခလစာသည် မိသားစုသုံးယောက်ဖူလုံဖို့အတွက် ၇၁၅ ဘတ် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါကတော့ ထိုင်းတနိုင်ငံလုံးအတွက် အခြေခံလုပ်ခလစာပါ။ ထိုင်းတနိုင်ငံလုံးအတွက်ဖြစ်တာကြောင့် မြန်မာလူမျိုး ရွှေ့ ပြောင်းလုပ်သားတွေပါ ပေးရမယ်။ လက်ရှိ ရရှိနေတာတော့ ခရိုင်အလိုက်ကွဲပြားကြတာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ယခုမေလအတွင်း ရွေးကောက်ပွဲရှိသည့်အတွက် အဆိုပါ တောင်းဆိုချက်များအား အစိုးရအပြောင်းအလဲ၌ ထည့်သွင်းစဉ်းစားပေးမည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနဘက်က အကြောင်းပြန်ခဲ့ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတဦးက “ထိုင်းလူမျိုးထက်စာရင် ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေက ကုန်ကျစရိတ်ပိုများတယ်။ တနှစ်ကို စာရွက်စာတမ်း သက်တမ်းတိုးတာ နောက်ဆုံးမကုန်ဘူးဆိုရင် ၇၅၀၀ ကနေ တသောင်းခွဲလောက်ထိကို တယောက်ချင်း ကုန်ကျနေတာပေါ့။ အဲဒီကုန်ကျစရိတ်ရယ်၊ စားစရိတ်၊ နေစရိတ်တွေ တွက်လိုက်ရင် အခုလက်ရှိ ရနေတဲ့လုပ်ခလစာနဲ့က စုဆောင်းဖို့ခက်ခဲတာပေါ့” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဖူလုံသည့် အနည်းဆုံးလုပ်ခလစာရရှိရေးအပြင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖွဲ့များ လွတ်လပ်စွာ စည်းရုံးဖွဲ့စည်းခွင့်၊ ထိုင်းရောက်မြန်မာအလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးနိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပေးရန် စသည့် အချက်များပါရှိသော အိတ်ဖွင့်ပေးစာကို ထိုင်းအလုပ်သမားဝန်ကြီးထံ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ မေလ ၁ ရက်ကလည်း ထိုင်းအလုပ်သမားသမဂ္ဂများနှင့် ရွှေ့ပြောင်းလုပ်သားများမှ အနိမ့်ဆုံးလုပ် အားခကို ၄၉၂ ဘတ် တိုးမြှင့်တောင်းဆိုခဲ့ပြီးနောက် ထိုင်းအစိုးရက ၂၀၂၂ ဩဂုတ်လအတွင်း ခရိုင်အလိုက် လုပ်အားခများ တိုးမြှင့်ပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် ခရိုင် ၇၇ ခု ရှိသည့်အနက် ခရိုင်အလိုက် လုပ်ခလစာများမှာ ကွာခြားလျက်ရှိသည်။

၂၀၂၂ အတွင်း တိုးမြှင့်ပေးခဲ့သည့် အခြေခံလုပ်ခလစာများမှာ စီးပွားရေးအချက်အချာကျသော ခရိုင် ၃ ခု ဖြစ်သည့် ချွန်ပူရီ၊ လယောင်း၊ ဖူးကက်တို့တွင် ၃၅၄ ဘတ်(ကျပ် ၃သောင်းကျော်)ဖြင့် အများဆုံးရရှိပြီး ဘန်ကောက်၊ နွန်ထပူရီ၊ နခွန်းပထုမ်၊ ပထုမ်းထာနီ၊ ဆမွတ်ပရာကန်၊ စမွန်ဆာခွန်တို့တွင် ၃၅၃ ဘတ်၊ ချချန်းဆောင်းတွင် ၃၄၅ ဘတ်၊ ဖနခွန်း ဆီ အယုဒ္ဓယတွင် ၃၄၃ ဘတ်၊ ပရတ်ကျင်ဘူရီ၊ နွန်ခိုင်၊ ဥဘွန်ရချဌာနီ၊ ဖန်ငါ၊ ကဘီ၊ တရတ်၊ ခွန်းကင်၊ ချင်းမိုင်၊ စုဖန် ဘူရီ ဆုန်ခလာ၊ စူရတ်ဌာနီ၊ နခွန်ရချစီမာ၊ လော့ဘူရီ ဆလပ်ဘူရီတို့တွင် ၃၄၀ ဘတ်၊ ကျန်ခရိုင်များတွင် ၃၃၈ ဘတ်၊ ၃၃၅ ဘတ်နှင့် အနည်းဆုံးအနေဖြင့် ၃၂၈ ဘတ်တို့ ရရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းဝန်းကျင်ထိရှိနေပြီး စစ်တပ်အာဏာသိမ်းသည့် နှစ်နှစ်ကျော် အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၄ သိန်းကျော် ရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်များသူများထံမှ သိရသည်။

You may also like these stories:

ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား

ထိုင်းက မြန်မာလုပ်သား သုံးသိန်း ခေါ်ယူမည့်အပေါ် စိုးရိမ်မှုများရှိနေ

အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ နစ်နာကြေးရရှိရန် ညှိနှိုင်းနေ

အသက်ရှူကျပ်လာသည့် ထိုင်းရောက် မြန်မာလုပ်သားများဘဝ

Your Thoughts …
Tags: ထိုင်းအစိုးရထိုင်းအလုပ်သမားသမဂ္ဂမြန်မာရွှေပြောင်းလုပ်သားအခြေခံလုပ်ခလစာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

by ဧရာဝတီ
12 February 2024
7.8k

၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့်...

ဘဏ်အကောင့် ၁၀၆ သန်း ထိုင်းအစိုးရ စစ်ဆေးမည်

ဘဏ်အကောင့် ၁၀၆ သန်း ထိုင်းအစိုးရ စစ်ဆေးမည်

by ဧရာဝတီ
26 May 2024
4.1k

ထိုင်းဘဏ်အကောင့်များကို အသုံးပြုပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုများ ရှိမရှိ လာမည့်မေ ၂၇ ရက်မှစတင်၍ ထိုင်းအစိုးရက စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

၂၀၁၉ ဩဂုတ်လ ကရင်နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်း အခမ်းအနားသို့ ရှီကျီကျန်း တက်ရောက်လာစဉ်/ ဧရာဝတီ

ရွှေကုက္ကိုလ်ကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော

by ဧရာဝတီ
12 June 2023
17.5k

ထိုင်းအစိုးရကို မည်သည့်အတွက် သူ့အား ရွေးချယ် အရေးယူရသနည်းဟု သူက မေးခွန်းထုတ်နေသည်။

မြန်မာရေလုပ်သား လုပ်ငန်းခွင်၌ သေဆုံးမှု ထိုင်းအလုပ်ရှင်မှ ဘတ် ၃သောင်းဖြင့် ညှိနှိုင်း

မြန်မာရေလုပ်သား လုပ်ငန်းခွင်၌ သေဆုံးမှု ထိုင်းအလုပ်ရှင်မှ ဘတ် ၃သောင်းဖြင့် ညှိနှိုင်း

by ဧရာဝတီ
26 July 2023
1.8k

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်တွင် မြန်မာရွှေ့ပြောင်းရေလုပ်သားတဦး လှေပေါ်အလုပ်လုပ်ကိုင်နေစဉ် မတော်တဆ ပြုတ်ကျသွားပြီး ထိုင်းသူဌေးဖြစ်သူက အချိန်မီကယ်တင်ခြင်းမရှိသည့်အတွက် သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုင်း ကျားဖြန့်နှိမ်နင်းရေး မဲဆောက်ရှိ မြန်မာတို့ပါ ရိုက်ခတ်

ထိုင်း ကျားဖြန့်နှိမ်နင်းရေး မဲဆောက်ရှိ မြန်မာတို့ပါ ရိုက်ခတ်

by စောလွင်
24 January 2025
1.2k

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များ နှိမ်နင်းသွားမည့် ထိုင်းအစိုးရ၏ ကွာလန်းစီမံချက် (တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ရှာဖွေဖမ်းဆီးရှင်းလင်းရေး) အတွင်း မဲဆောက်မှ အထောက်အထားရှိ မြန်မာများပါ ဖမ်းဆီးခံရမှု ရှိနေကြောင်း သိရသည်။

Next Post
တရုတ်မြန်မာနယ်စပ်သို့ အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ထူးထူးခြားခြားရောက်လာ / CGTN

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနယ်စပ်သို့ ထူးထူးခြားခြား သွားရောက်

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း(ဧရာဝတီ)

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate