• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အကယ်ဒမီပေးပွဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေါ်မလာ

by ဧရာဝတီ
7 May 2023
in သတင်း
A A
အကယ်ဒမီ ဆုပေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပေါ်မလာဘဲ ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဆုများကို ချီးမြှင့်ခဲ့သည်

အကယ်ဒမီ ဆုပေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပေါ်မလာဘဲ ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဆုများကို ချီးမြှင့်ခဲ့သည်

31.6k
VIEWS
Share on FacebookShare on Twitter

၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့ည နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပေါ်မလာဘဲ ၎င်းအစား ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဆုများကို ချီးမြှင့်ခဲ့သည်။

အများက လက်ခံထင်မှတ်ထားသည်မှာ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက် မိန့်ခွန်းပြောကာ ဆုများကို ချီးမြှင့်ရန် ဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီ ဆုပေးပွဲကို နိုင်ငံ၏ အာဏာပိုင်များက ယဉ်ကျေးမှုနှင့် လူထုဆက်ဆံရေးကဏ္ဍတွင် အရေးပါသော အခမ်းအနားတခု အဖြစ် မြင်လေ့ရှိပြီး အစိုးရခေါင်းဆောင်များ သို့မဟုတ် ပြန်ကြားရေးဝန်ကြီးအဆင့် အနည်းဆုံး တက်ရောက်လေ့ရှိသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
16
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
48
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
266

ယခုကဲ့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေါ်မလာခြင်းသည် မေလ ၂ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း လာရောက်လည်ပတ်ခဲ့အပြီး ဖြစ်သည်။ ထိုခရီးစဉ်တွင် ချင်ကန်းက “နိုင်ငံရေးအသွင်ကူးပြောင်းမှု ပြန်လည်စတင်ရေး” အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းပြီး နေပြည်တော်တွင် အငြိမ်းစားယူနေသော စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် သွားရောက် တွေ့ဆုံကာ နိုင်ငံရေး ပွဲထုတ်လာခဲ့သည်။ နိုင်ငံနှင့်တဝန်း လက်နက်ကိုင်ပုန်ကန်မှုများ ဖြစ်ပွားနေပြီး ဒေသတွင်းအဖွဲ့ အာဆီယံကလည်း အစည်းအဝေး တက်ရောက်ရန် မဖိတ်ကြားတော့သော မင်းအောင်လှိုင်၏ ရှေ့ရေး မည်သို့ဖြစ်မည်ကို အများက စောင့်ကြည့်ခံနေရချိန်လည်း ဖြစ်သည်။

အကယ်ဒမီပေးပွဲသို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က ဖွင့်လှစ်ပေးခဲ့သည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းက ရုပ်ရှင်အနုပညာသည် Soft Power တစ်ခုဖြစ်သောကြောင့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ၊ ရှင်သန် ကိန်း အောင်းစေရေး ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီး ယနေ့စစ်ကောင်စီသည် “တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ဖူလုံရေး” ဆိုသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်းနှင့် အဆိုပါရည်မှန်း ချက်များသည် “ယနေ့နိုင်ငံတော်နှင့် ပြည်သူများ၏ ပကတိအခြေအနေအရ အလိုအပ်ဆုံးနှင့် အဖြစ်သင့်၊ အဖြစ်ထိုက်ဆုံး ရည်မှန်းချက်များပင်” ဖြစ်ကြောင်း ဆိုသည်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရပ်နားထားခဲ့ရသည့် သုံးနှစ်စာ အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်များအနေဖြင့် မတက်မဖြစ် တက်ရောက်ရန် အာဏာသိမ်းစစ်ကောင်စီနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို သတ်ဖြတ်နေသည့် အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်နေသော အနုပညာရှင်များကမူ အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စိတ်မဝင်စားကြောင်း ပြောဆိုခဲ့သည်။

ယမန်နေ့ မေလ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သော အကယ်ဒမီဆုပေးပွဲတွင် ဆုရရှိသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

-၂၀၁၉ ဓာတ်ပုံဆု ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားဖြင့် အာကာတိုး၊
-၂၀၂၀ခုနှစ်အတွက် ဓာတ်ပုံဆုကို ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားဖြင့် ဖြိုးကျော်၊
-၂၀၁၉ ခုနှစ်အတွက် တေးဂီတဆုကို နို့ဘီလူး ရုပ်ရှင်ဇာတ်ကားဖြင့် ကျော်ကျော်ထွန်း၊
-၂၀၂၀ခုနှစ်အတွက် တေးဂီတဆုကို ဂန္ဓဗ ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာ အောင်ကိုလတ်၊
-၂၀၁၉ ခုနှစ်အတွက် အသံဆုကို ၁၀၁၄ ရုပ်ရှင်ဇာတ်ကားဖြင့် ကြည်မင်းသိန်း၊
-၂၀၁၉ ခုနှစ်အတွက် တည်းဖြတ်ဆုကို ၁၀၁၄ ရုပ်ရှင်ဇာတ်ကားဖြင့် ဂျီသရီးနှင့်ကျော်ခိုင်စိုး၊
-၂၀၂၂ ခုနှစ်အတွက် တည်းဖြတ်ဆုကို လိပ်ပြာထောင်ချောက် ရုပ်ရှင်ဇာတ်ကားဖြင့် ကြည်သာ၊
-၂၀၁၉ ခုနှစ်အတွက် ဇာတ်ညွှန်းဆုကို နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားဖြင့် မောင်မြတ်ဆွေ ၊
-၂၀၂၀ ခုနှစ်အတွက် ဇာတ်ကားဆုကို ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားဖြင့် Frenzo Production၊
-၂၀၂၂ ခုနှစ်အတွက် ဇာတ်ကားဆုကို ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားဖြင့် Triple Six Production ၊
-၂၀၂၀ ခုနှစ်အတွက် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု (အထူးဆု) ကို ကမ္မဖလ ရုပ်ရှင်ဇာတ်ကားဖြင့် ဒီဇိုင်နာ ဌေးဌေးတင်၊
-၂၀၂၀ ခုနှစ်အတွက် ဒါရိုက်တာဆုကို ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာ မီးပွား ၊
-၂၀၁၉ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားဖြင့် ခင်ဝင့်ဝါ၊
-၂၀၂၀ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားဖြင့် မေသဉ္ဇာဦး၊
-၂၀၁၉ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုကို ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားဖြင့် ရွှေထူး၊
– ၂၀၂၀ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆုကို သောင်းတိုက်က ကြားစေသား ရုပ်ရှင်ဇာတ်ကားဖြင့် အုန်းသီး၊
-၂၀၁၉ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားဖြင့် အိဒ္နြာကျော်ဇင်၊
-၂၀၂၀ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆု ကို ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားဖြင့် စိုးပြည့်သဇင်၊
-၂၀၂၂ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆု ကို ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားဖြင့် ရွှေမှုံရတီ၊
-၂၀၁၉ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားဖြင့် မြင့်မြတ်၊
-၂၀၂၀ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားဖြင့် စိုင်းစိုင်းခမ်းလှိုင်၊
-၂၀၂၂ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို လိပ်ပြာထောင်ချောက် ရုပ်ရှင်ဇာတ်ကားဖြင့် ပြေတီဦးတို့က အသီးသီးရရှိခဲ့ကြသည်။

You may also like these stories:

အကယ်ဒမီပွဲတက်ရန် အနုပညာရှင်များကို စစ်ကောင်စီ ဖိအားပေးနေ

မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ

ယုန်လေးနောက်က ကျားမှုန်

Your Thoughts …
Tags: Soft Powerစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဒုစစ်ခေါင်းဆောင် စိုးဝင်းမြန်မာ့ရုပ်ရှင် ထူးချွန်ဆုရုပ်ရှင်အနုပညာသည်အကယ်ဒမီပေးပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
32.7k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း

“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း

by ဟိန်းထူးဈာန်
24 August 2024
16.5k

ဆင်ဖြူရှင်စစ်ဆင်ရေးကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြား ပြောသည်။

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

ငလျင်ကြောင့် နေပြည်တော် အထိနာပြီး နေရာရွှေ့ရန် အကြောင်းဖန်လာ

ငလျင်ကြောင့် နေပြည်တော် အထိနာပြီး နေရာရွှေ့ရန် အကြောင်းဖန်လာ

by ဧရာဝတီ
23 April 2025
5.5k

ယခုအခါ မြို့တော်နေပြည်တော်၏ အပျက်အစီး အတိုင်းအတာမှာ ပိုမိုထင်ရှားလာသည်။

Next Post
"သတင်းတုတွေက သိပ်ကို ကျယ်ပြန့်လွန်းတော့ တပ်ချုပ် မင်းအောင်လှိုင်နဲ့ သူ့လက်ထောက် စိုးဝင်းတောင်မှ တပ်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ မသိဘူး" ဟု ဘက်ပြောင်းလာသော တပ်ရေးအရာရှိတဦးက ပြောသည်

ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများကို စစ်တပ်က သွေးချောင်းစီး နှိမ်နင်းပြီး လူမှုနှင့် စီးပွားရေး ကပ်ဆိုက်ကာ ဖရိုဖရဲဖြစ်နေသည် / AFP

အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့အရေး လွှမ်းမိုးမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate