• English
Monday, July 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်အိမ်ဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်

by ဧရာဝတီ
10 May 2023
in သတင်း
A A
အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်နေအိမ် / MDY image (Telegram)

အမရပူရမြို့နယ်ရှိ ဒေါက်တာဇော်မြင့်မောင် မိသားစုပိုင်နေအိမ် / MDY image (Telegram)

4.9k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း (NLD) ရုံးချုပ် ဖျက်ဆီးခံရပြီးနောက် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် အစိုးရ၏ တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ မိသားစုပိုင် အိမ်ဝင်းအတွင်း မေလ ၈ရက် ည ၁၀နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်၏ အိမ်မှာ အမရပူရမြို့နယ် အိုးတော်ရပ်ကွက် သိမ်ကြီးဈေး တောင်ဘက် အမရပူရမြို့မရဲစခန်းနှင့် ငယ်တိုးအုပ်ချုပ်ရေးမှူးရုံးကြားတွင် တည်ရှိပြီး ပေါက်ကွဲမှုကြောင့် အိမ်မှာ အနည်းငယ်ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
711
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
76
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
221

မဟာအောင်မြေမြို့နယ် NLD ပါတီဝင်တဦးက “ဗုံးပေါက်ကွဲတာကြောင့် နေအိမ်အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက် စီးတာတွေရှိတယ်လို့ သိရတယ်။ ဒီအိမ်မှာ လက်ရှိ မိသားစုဝင်တွေ နေထိုင်ဆဲပါ ဘယ်သူတွေ လုပ်တယ်ဆိုတာထက် ဖြစ်တဲ့အချိန်က သာမန်အရပ်သားတွေ အပြင်ထွက်သွားလာရဲတဲ့ အချိန်မဟုတ်တော့ တရားခံဘယ်သူဆိုတာ မပြောလည်း သိနေကြပြီးသားပါ” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ဒေါက်တာဇော်မြင့်မောင်၏ ခယ်မတော်စပ်သူ ဆေးဘက်ဆိုင်ရာ နည်း ပညာ အငြိမ်းစား ဒေါ်စန္ဒာ၏ နေအိမ်ဝင်းအတွင်း ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားရောက် စစ် ဆေးခဲ့ရာ ခြံဝင်းအတွင်း မပေါက်ကွဲသေးသည့် အစိမ်းရောင်လက်ပစ်ဗုံး ၁ လုံး တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ ကြောင်း၊ ပေါက်ကွဲမှု ကြောင့် လူ၊ ပစ္စည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယင်းဖောက်ခွဲမှုမှာ မန္တလေးယူဂျီအဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကို အားပေး ထောက်ခံလျက်ရှိသော NLD အမာခံများက ထောက်ပံ့စားရိတ်များ မပေးတော့သဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဝါဒါဖြန့်ရေးသားထားသည်။

အမရပူရမြို့ခံတဦးက“အုန်းဆိုတဲ့ ပေါက်ကွဲသံ ၂ ချက်ကြားရတယ်။ ဖြစ်တဲ့အချိန်က ည ၁၀ နာရီကျော်ဆိုတော့ ဘယ်သူမှ အပြင်ထွက်မကြည့်ရဲကြလို့ အသေးစိတ်တော့မသိရဘူး။ ဆရာဦးဇော်မြင့်မောင်အိမ်ထဲမှာ တလုံးပေါက်တယ်လို့သိရတယ်။ လက်ရှိမှာတော့ အိမ်ရှေ့မှာ သဲအိတ်တွေတန်းစီပြီး ကာထားတာကို တွေ့ရတယ်” ဟု ဆိုသည်။

ယခု ဗုံးပေါက်ကွဲမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၁ ဇွန်လ ၁၄ ရက် ညပိုင်းကလည်း ဒေါက်တာဇော်မြင့်မောင်၏ နေအိမ် ရှေ့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

NLD ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် ပတ်သက်သော ရာဇသတ်ကြီး ဥပဒေ စသည့် ပုဒ်မမျိုးစုံဖြင့် အမှု ၁၀ ခုထိ တရားစွဲဆိုကာ ထောင်ဒဏ် ၂၉ နှစ် ချထားသည်။

ထိုသို့ ပေါက်ကွဲမှု မဖြစ်မီ မေလ ၅ ရက် ည ၉ နာရီကျော်ကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ၆၂ လမ်းပေါ်ရှိ NLD ပါတီတိုင်းရုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်ယန္တရားများဖြင့် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် NLD ပါတီဝင်တဦးက “ကျနော်တို့ စုံစမ်းလို့ရတာကတော့ တိုင်းရုံးကို ဖျက်ဆီးတဲ့သူတွေက သူတို့ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ချစ်ဝင်းနဲ့ စစ်သား ၁၀ ယောက်ကျော်ပါတယ်။ အဲဒီညက ၃၂ လမ်းထိပ်နဲ့ ၃၅ လမ်းထိပ်ကနေ ကားတစီးစီ လမ်းပိတ်ရပ်ပြီး စစ်သားတွေက လမ်းလွှဲပေးခဲ့ကြတယ်။ လမ်းပေါ်ကအိမ်တွေကိုလည်း အပြင်ထွက်မကြည့်ရဲ အောင် သေနတ်တွေ မိုးပေါ်ထောင်ပစ်ပြီးမှ အဆောက်အဦကို ဖျက်ဆီးခဲ့ကြတာလို့ သိရတယ်” ဟု ပြောသည်။

အဆိုပါ NLD ပါတီ မန္တလေးတိုင်းရုံး ဖျက်ဆီးခံရမှုမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ယခုတကြိမ် အထပ်မြင့် အဆောက် အဦ၌ ချိတ်ဆွဲထားသော ဆိုင်းဘုတ်အား ကရိန်းဖြင့်ဆွဲခွာသွားသလို ရှေ့မျက်နှာစာဘာဂျာတံခါးကိုလည်း ကရိန်းဖြင့် ဆွဲခွာသဖြင့် အုတ်နံရံအချို့ ပြိုကျပျက်စီးခဲ့ကြောင်း၊ ရုံးအတွင်းရှိ ဒေါင်းရုပ်ကြီးလည်း မရှိတော့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင် ၃၇၁ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံထားရသည့်အပြင် ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်ရုံးနှင့် အခြားသောပါတီရုံးမှာလည်း အကြိမ် ၁၂၀ ခန့် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရကြောင်း NLD က ဆိုထားသည်။

You may also like these stories:

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်

ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

NLD ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပါတီရုံးများ ဆက်တိုက် ဖျက်ဆီးခံရ

NLD ပါတီ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရဖွယ်ရှိ

Your Thoughts …
Tags: NLD ပါတီရုံးဒေါက်တာဇော်မြင့်မောင်ဗုံးပေါက်ကွဲမန္တလေးတိုင်းဝန်ကြီးချုပ်မိသားစုအမရပူရမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

by ဧရာဝတီ
7 October 2024
5.4k

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (၇၃ နှစ်) သည် ယနေ့ နံနက် ၃ နာရီက မန္တလေးဆေးရုံကြီးတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်သည်။

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

by ဧရာဝတီ
8 October 2024
3.7k

ဒေါက်တာ ဇော်မြင့်မောင်၏ ရုပ်အလောင်း နာရေးယာဉ်ပေါ်သို့ မတင်ဆောင်မီ မြို့ခံလူထုက အောင်ရမည် ဟု ဟစ်ကြွေးခြင်းများပြုလုပ်ခဲ့ကြသလို NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က အမိန့်ပြန်တမ်း ကြေညာခဲ့သည်။

တိုင်းပြည်စီးပွားရေး အောက်သို့ ထိုးဆင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကမူ စီးပွားရေးအင်ပါယာချဲ့ထွင်နေသည်

တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ

by ဧရာဝတီ
29 August 2022
16k

တိုင်းပြည်စီးပွားရေး အောက်သို့ ထိုးဆင်းနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုကမူ စီးပွားရေးအင်ပါယာချဲ့ထွင်နေသည်။

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

by ဧရာဝတီ
31 July 2023
3.4k

ပေါက်ကွဲမှုဖြစ်ပွားသော အနီးဝန်းကျင်တခု သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများလည်း ရှိသည်။

မန္တလေး ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌ အဖမ်းခံရ

မန္တလေး ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌ အဖမ်းခံရ

by ဧရာဝတီ
30 October 2024
2.4k

မန္တလေးမြို့မှ နာမည်ကြီး လူမှုကူညီရေးအသင်းတခုဖြစ်သည့် ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေး အသင်း ဥက္ကဋ္ဌ အပါအဝင် ၈ ဦးကို အောက်တိုဘာ ၂၆ ရက်တွင် စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း နီးစပ်သူများနှင့် မြို့ခံများထံမှ သိရသည်။

ဒီတော်လှန်ရေးခရီးက အောင်မြင်မှာ မလွဲဘူး (ရုပ်/သံ)

ဒီတော်လှန်ရေးခရီးက အောင်မြင်မှာ မလွဲဘူး (ရုပ်/သံ)

by ဧရာဝတီ
18 November 2024
1.7k

မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ တော်လှန်ရေးခရီးဟာ လက်ရှိအတိုင်း အားလုံးစုပေါင်းပြီး ဆက်သွားမယ်ဆိုရင် အောင်မြင်မှာမလွဲဘူးလို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ဇနီး ဒေါက်တာ ယုယုမေ က ပြောပါတယ်။

Next Post
အာဆီယံထိပ်သီးနှင့် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် မြန်မာစစ်ကောင်စီအား မဖိတ်ကြားတော့/ AFP

Track 1.5 နှင့် မြန်မာ့နိုင်ငံရေးအလှုပ်

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်များ (ဓာတ်ပုံ - DMO/PDF)

PDF များကို ဆုကြေးငွေနှင့် မက်လုံးပေးစည်းရုံးမှု စစ်ကောင်စီ လုပ်ဆောင်လာ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.3k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate