• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတိုင်း NLD ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ရက်စေ့ပြန်လွတ်

by ဧရာဝတီ
12 May 2023
in သတင်း
A A
မန္တလေးတိုင်း NLD ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ / ဧရာဝတီ

မန္တလေးတိုင်း NLD ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ / ဧရာဝတီ

5.2k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုဥက္ကဋ္ဌ၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြသည် လွတ်ရက်စေ့ဖြင့် မန္တလေးအိုးဘိုထောင်မှ ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေတဦးက “ဒေါ်ဝင်းမြမြ ပြန်လွတ်လာတာ မှန်ပါတယ်၊ ၃ နှစ် ကျတယ်ဆိုပေမယ့် လျှော့ရက်တွေ လည်းရှိတာရယ်၊ အချုပ်နဲ့ထောင်မှာကို ၂ နှစ်ကျော်သွားပြီဆိုတော့ လွတ်ရက်စေ့နဲ့လွတ်တာပါ။ ဆန္ဒပြပွဲတွေမှာပါလို့ ဖမ်းခံခဲ့ရတဲ့ သူ့တူမလေး ၂ ယောက်လည်း လွတ်ထားပြီးဆိုတော့ အားလုံးအတွက် ဝမ်းသာစရာပါပဲ” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
14
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
605
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
83

အသက် ၇၀ ကျော်အရွယ် အစ္စလာမ်သာဘာဝင် ဒေါ်ဝင်းမြမြကို အာဏာသိမ်းစစ်ကောင်စီက မန္တလေးမြို့မှ ဆန္ဒပြပွဲများ တွင် ဦးဆောင်ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုကာ ၂၀၂၂ ဇွန် ၂၉ ရက်၌ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မန္တလေးအိုးဘိုထောင်မှ လွတ်ရက်စေ့ဖြင့် ပြန်လွတ်မြောက်လာပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်တွင် ဒေါ်ဝင်းမြမြသည် အခြားလွှတ်တော်ကိုယ်စားလှယ်များနည်းတူ ကျင်းပရန်ရှိနေသည့် တတိယအကြိမ်လွှတ်တော်အစည်းအဝေး တက်ရောက်ရန်အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ် သာ၌ ရှိနေခဲ့သည်။

နေပြည်တော်မှ မန္တလေးသို့ ပြန်လာပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံး အနီး ၇၃ လမ်းနှင့် သိပ္ပံလမ်းတောင်ဘက် လူထုဆန္ဒပြပွဲ၌ စတင်ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ၆၂ လမ်းပေါ်ရှိ NLD တိုင်းပါတီရုံးရှေ့၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဒေါ်ဝင်းမြမြသည် ရှစ်လေးလုံးလူထုအရေးတော်ပုံတွင် ပါဝင်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထူထောင် သည့် ၁၉၈၉ ခုနှစ်ကတည်းက ပါဝင်ခဲ့သော အမာခံပါတီဝင်တဦးဖြစ်ပြီး၊ မန္တလေးတိုင်းပါတီ အလုပ်အမှုဆောင် ဖြစ်လာပြီး နောက် ၁၉၉၅ ခုနှစ်မှစ၍ ၂၀၀၀ခုနှစ်တိုင် အကြိမ်ကြိမ် ထိန်းသိမ်းခံခဲ့ရသည်။ အလားတူ တခြားသော ညီအကို မောင်နှမ များမှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင် ထောင်ကျခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်း ဆောင်များကို လုပ်ကြံရန်ကြိုးပမ်းခဲ့သည့် ၂၀၀၃ ဒီပဲယင်းအရေးခင်း၌ လည်း ပါဝင်ခဲ့ကာ ယင်းအရေးအခင်းတွင် လူအုပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ရိုက်နှက်ခံခဲ့ရ၍ လက်နှစ်ဖက်၌ သေရာပါဒဏ်ရာများ ရရှိခဲ့သည်။

ဒေါ်ဝင်းမြမြ ငယ်စဉ်ကလည်း မိဘများ၏ ကိုယ်ပိုင်အထည်အလိပ်လုပ်ငန်းကို ပြည်သူပိုင်အသိမ်းခံခဲ့ရသလို ဈေးချိုတော်အ တွင်းရှိ ‘စန်းရောင်ရှင်’ အမည်ရှိ မိသားစုပိုင်လက်ကျန်ဆိုင်သည်လည်း ဒေါ်ဝင်းမြမြတို့ ညီအစ်ကိုမောင်နှမများ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပိတ်သိမ်းခံခဲ့ရသည်။

ထို့ပြင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုဖြင့် မန္တလေးမြို့ အိုးဘိုထောင်၌ ဖမ်းဆီးခံထားရချိန်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့မှုကို အကျဉ်းထောင်တွင်းမှနေ၍ ဆန့်ကျင်မှုများပြုလုပ်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီး ကချင်ပြည်နယ်၊ ပူတာအိုထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲ၌ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ရာ အနိုင်ရရှိခဲ့သည်။

You may also like these stories:

ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်

ရဲရဲတောက် သံမဏိနှလုံးသား ပိုင်ရှင် ဒေါ်ဝင်းမြမြ

စဉ့်ကိုင်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းကို ဒေသခံတချို့ကန့်ကွက်

Your Thoughts …
Tags: ၅၀၅ (က)NLDဒေါ်ဝင်းမြမြမန္တလေးတိုင်းအိုးဘိုထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

by ဧရာဝတီ
27 March 2024
8k

မတ်လအတွင်း အသတ်ခံရသူများမှာ ဝမ်းတွင်း၊ မဟာအောင်မြေ၊ အမရပူရ၊ မတ္တရာ၊ ကျောက်ပန်းတောင်း မြို့နယ်များမှ အုပ်ချုပ်ရေးမှူး ၃ ဦး၊ ရာအိမ်မှူး တဦးနှင့် ကျောင်းဆရာမတဦးတို့ ဖြစ်ပြီး စစ်မှုထမ်းဥပဒေ အကောင်အထည် ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ကြောင်း

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မန္တလေးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြနေစဉ်

မြန်မာလူထုအုံကြွမှု ယခင်နှင့် ယခု ခြားနားချက်များ

by Bertil Lintner
12 May 2023
11.7k

ယနေ့ ခုခံတော်လှန်မှုကို အနီးကပ်လေ့လာသောအခါ ထိုစဉ်ကနှင့် ယခုအခြေအနေအကြား အထင်ရှားဆုံး ကွဲပြားခြားနားမှုမှာ အင်တာနက်အသုံးပြုနိုင်ခြင်းဖြစ်ပြီး ထိုအချက်သည် တခုတည်းသော ကွဲပြားခြားနာချက် မဟုတ်သေးပေ။

၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ကျိုင်းတုံတွင် ဌာပနာပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘုရားမှ ထူးခြားသော ရွှေရောင်ဆေးချယ်ထားသည့် ခေါင်းလောင်းတခုကို ကိုးကြိမ် တီးခတ်သည် / Cincds

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

by ဧရာဝတီ
17 May 2023
23.4k

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကမ်းရိုးတန်းသို့ မေလ ၁၃ ရက်နေ့က ဆိုင်ကလုန်းမိုခါ ဝင်ရောက်ခါနီးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင်အရ ယတြာချေနေသည်။

Next Post
၂၀၂၂ ခုနှစ် မေလက အာဏာသိမ်းခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် မွန်ပြည်သစ်ပါတီ

PPST အဖွဲ့ခေါင်းဆောင်အဖြစ်မှ မွန်ပြည်သစ်ပါတီ နုတ်ထွက်

တရုတ်သို့ တင်ပို့မည့် သရက်သီးများ (ဓာတ်ပုံ- ခွာညိုသစ်သီးပွဲရုံ)

တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် သရက်သီးတင်ပို့မှု ယာယီဆိုင်းငံ့ရန် အသိပေး

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate