• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုန်တိုင်းအန္တရာယ်ကြောင့် စစ်တွေနှင့် ပင်လယ်ကမ်းစပ်ရှိ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း

by ဧရာဝတီ
12 May 2023
in သတင်း
A A
မုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည့် ရခိုင်ဒေသခံများ / CJ

မုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည့် ရခိုင်ဒေသခံများ / CJ

5.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ကမ်းရိုးတန်းကို ဦးတည်နေသည့် မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ပင်လယ်ကမ်းစပ်နှင့်နီးသော စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ စသည့် မြို့နယ်များမှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုလှုံနေကြောင်း သိရသည်။

ယနေ့ နံနက်နက်ပိုင်းမှစတင်ကာ စစ်တွေမြို့ခံများသည် ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များသို့ ပြောင်းရွှေ့ ခိုလှုံနေကြပြီး မြို့ခံတချို့မှာမူ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေကြသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
3
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
518
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
78

မုန်တိုင်းရှောင်ပြည်သူများအား အခမဲ့ကူညီပို့ဆောင်ပေးနေသည့် အောင်သုခကားဂိတ်မှ ဝန်ထမ်းတဦးက “ကျနော်တို့ ခရီးသည်တင်ကား ၃ စီးနဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးကို လိုက်ပို့နေတာ ရှိပါတယ်။ ဒီနေ့ ကျနော်တို့ ရွှေ့ ပြောင်းပေးတာကတော့ မြို့ခံ ၂၀၀ ကျော် ရှိပါတယ်။ မနက်လည်း မုန်တိုင်းအခြေအနေပေါ်မူတည်ပြီး ကျနော်တို့ ပို့ဆောင် ပေးဖို့ စီစဉ်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

စစ်တွေမြို့ခံများသည် အောင်သုခယာဉ်လိုင်းဖြင့် လိုက်ပါသူများရှိသလို မိသားစုအလိုက် အငှားကား၊ ကိုယ်ပိုင်ကားများဖြင့် လည်း ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းသွားသူများရှိကြောင်း၊ ဌာနဆိုင်ရာများက မုန်တိုင်းကျရောက်လာနိုင်ခြေရှိသည့် အခြေအနေများနှင့်ပတ်သက်ပြီး မြို့တွင်းလှည့်လည် သတိပေးကြေညာမှုများ ပြုလုပ်နေသလို ပင်လယ်ကမ်းခြေအနီး တဝိုက်တွင် တည်ရှိသော ဈေးဆိုင်များအားလုံးလည်း ယနေ့ပိတ်ထားကြောင်း မြို့ခံများက ဆိုသည်။

ရသေ့တောင်မြို့နယ်အတွင်း၌လည်း မုန်တိုင်းဝင်ရောက်နိုင်သည့်အန္တရာယ်ကြောင့် ပင်လယ်ကမ်းစပ်၊ မြစ်ကမ်းစပ်အနီး တဝိုက်ရှိ ကျေးရွာများမှဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြပြီး စေတီပြင်ကျေးရွာသို့ မုန်တိုင်းရှောင်ပြည်သူ ၆၀၀ ကျော် ယနေ့ ရောက်ရှိနေကြောင်းလည်း စေတီပြင်ကျေးရွာသား ဦးမောင်စောဝင်းက ပြောသည်။

၎င်းက “ပင်လယ်ကမ်းစပ်၊ မြစ်ကမ်းဘေးအနီးက ရွာတွေကတော့ နီးစပ်ရာကို ပြောင်းရွှေ့နေကြတယ်။ ကျနော်တို့ ရွာကို လည်း လူပေါင်း ၆၀၀ ကျော်လောက် ရောက်နေပြီ။ နောက်ထပ်လည်း လာကြမယ့်သဘောရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

မုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည့် ရခိုင်ဒေသခံများ / CJ

အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ မီးသတ်ကားများဖြင့် လှည့်လည်သတိပေးနေ သလို မြို့ခံများကလည်း မုန်းတိုင်းသတင်းကို အဆက်မပြတ် စောင့်ကြည့်လျက်ရှိကြောင်း ကျောက်ဖြူမြို့ခံများက ဆိုသည်။

ကျောက်ဖြူမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “မုန်တိုင်းအန္တရာယ် သတိပေးချက်တွေကတော့ မီးသတ်ကားတွေနဲ့ ဒီနေ့လယ်ပိုင်းမှာ လိုက်လံကြေညာသတိပေးနေတာ ရှိတယ်။ မြို့ခံတွေကလည်း သတိထားနားစွင့်နေ ကြတာပေါ့။ ဌာဆိုင်ရာတွေကတော့ ပြီးခဲ့ရက်တွေက ရပ်ကျေးဥက္ကဋ္ဌတွေအားလုံးကို ခေါ်ယူပြီးတော့ အစည်းအဝေးလုပ်ပြီး ကြိုတင်ပြင်ဆင်တာတွေလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်။ အရေးကြီးစာရွက်စာတမ်းတွေကိုလည်း သေချာသိမ်း ဆည်းမှုတွေလုပ်ဖို့ မှာကြားတယ်ဆိုတာမျိုး သိရတယ်” ဟု ပြောသည်။

တံငါလုပ်ငန်း အများဆုံးလုပ်ကိုင်ကြသော ပေါက်တောမြို့နယ်နှင့် မြေပုံမြို့နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ်ခံရနိုင်သော ဒေသခံကျေးရွာသားများကိုလည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) တပ်ဖွဲ့ဝင်များက ယာယီပြောင်းရွှေ့ရာတွင် ကူညီ ဆောင်ရွက်ပေးနေကြောင်း ဒေသခံများက ဆိုသည်။

မြေပုံမြို့ခံ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “မုန်တိုင်းနဲ့ပတ်သက်ပြီး ULA/ AA က ကျေးရွာတိုင်းမှာ ဗီနိုင်းတွေကပ်ပြီးတော့ အသိပညာပေးတာတွေ၊ သတိပေးချက်တွေ လုပ်ဆောင်ထားတာ တွေ့ရတယ်။ အထူးသဖြင့် တံငါရွာ၊ ပိုက်ဆိပ်၊ ပုစွန် တာ အဲဒီနေရာမှာရှိနေတဲ့လူတွေကို တောင်ကုန်းတွေ၊ ကုန်းမြင့်တွေ ရှိတဲ့နေရာတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ တိုက်တွန်း ထားတာ တွေ့ရတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းတို့မှာလည်း မုန်တိုင်းအန္တရာယ် အများ ဆုံးခံရနိုင်သည့် အခြေအနေရှိသည့်အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကျောက်တော်မြို့ ရထားဘုံတာစစ်ရှောင်စခန်းမှ ရွာသားတဦးက “ကျနော်တို့နေတဲ့အိမ်တွေက အားလုံးသိတဲ့အတိုင်း သွပ်မိုး၊ ထရံကာ။ မုန်တိုင်းမပြောနဲ့ လေပြင်းတိုက်ရင်တောင် လွင့်ပါသွားနိုင်တယ်။ တကယ်လို့များ မုန်တိုင်း ဒီဘက်ကို ကျလာရင်တော့ မတွေးရဲဘူး” ဟု ဆိုသည်။

မုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည့် ရခိုင်ဒေသခံများ / CJ

မကြာသေးမီရက်ပိုင်းအတွင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့် ပေါက်တောမြို့နယ်၊ ကြိမ်နီမော် မွတ်ဆလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ အပါအဝင် မီးဘေးသင့်ပြည်သူများမှာလည်း မုန်တိုင်းအန္တရာယ်ကို စိုးရိမ်နေပြီး လက်ရှိအချိန်တွင်လည်း သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ကြ်ိမ်နီမော်စခန်းမှ ကိုကျော်လှက ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့စခန်းမှာ မီးဘေးသင့်တဲ့လူတွေရော၊ မီးမလောင်တဲ့နေအိမ်က လူတွေပါ အခု သောက်သုံးရေနဲ့ စားရေး သောက်ရေး တအားကို အခက်အခဲဖြစ်နေတယ်။ သောက်သုံးရေက အစကတည်းက INGO အဖွဲ့တွေက စက်လှေနဲ့လာ ပို့လို့ သုံးနေရတာ။ အခု မုန်တိုင်းကြောင့် စက်လှေမထွက်ရလို့ သောက်သုံးရေက တော်တော်အခက်အခဲ ဖြစ်နေတယ်။ စားသောက်ရေးလည်း ဒီအတိုင်းပဲ။ အခု မုန်တိုင်းလာမယ်ဆိုပြီး သတိပေးထားတော့ အနီးဝန်းကျင်က စာသင်ကျောင်းတွေ နဲ့ နေအိမ်တချို့ကို စုပြီးတော့နေထိုင်ဖို့ တိုင်ပင်ထားကြတယ်” ဟု ဆိုသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ထွန်းနေသော အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) မိုခါ (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ရောက်ရှိကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား၏ အနောက်မြောက်ဘက် ရေမိုင် ၃၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်- အနောက်တောက်ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ညနေ ၄ နာရီ၌ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် အဆိုပါ မိုခါမုန်တိုင်းကြောင့် မေ ၁၃ ရက်မှစတင်က တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မိုးရွာသွန်း မှုနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မြေပြိုခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး မြန်မာ့ပင်လယ်ပြင်တွင်လည်း မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ လှိုင်းကြီးခြင်း၊ ဒီရေမြင့်တက်နိုင်ခြင်းတို့ ကြောင့် ပြည်သူများအနေဖြင့် အထူးသတိထားစောင့်ကြည့်ရန်လည်း သတိပေးထားသည်။

You may also like these stories:

မုန်တိုင်းကြောင့် သံတွဲရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ယာယီပိတ်ရန် ထုတ်ပြန်

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်း

မုန်တိုင်းရှောင်ရန် လူ ၉၀၀၀ ကျော် လပွတ္တာမြို့ပေါ်သို့ ရောက်နေ

Your Thoughts …
Tags: စစ်တွေပင်လယ်ကမ်းစပ်မိုခါမုန်တိုင်းရခိုင်ကမ်းရိုးတန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

by ဧရာဝတီ
23 February 2024
14k

ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးအတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

by ဧရာဝတီ
27 February 2024
6.1k

အမ်းမြို့နှင့် တောင်ကုတ်မြို့နယ်အထိပါ ပိတ်ဆို့ခြိမ်းခြောက်နေသည့်အတွက် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် အုပ်ချုပ်ရေးမြို့တော် စစ်တွေတို့တွင် စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

by ဧရာဝတီ
16 November 2023
5.5k

ပေါက်တောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ စခန်းမှူးအပါအဝင် အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

by ဧရာဝတီ
16 February 2024
4.9k

ဖုန်းလိုင်းတွေက အဆင်မပြေတော့ မိုင်တဲလ်ဆင်းကတ်တွေ ချိန်းလိုက်ရတော့ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ပါ အဆက်အသွယ်တွေ ပြတ်ကုန်တယ်၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ ငွေပေးငွေယူ ကိစ္စတွေလည်း အတော်လေးကို ဒုက္ခရောက်နေကြရတယ်။

Next Post
မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ (ဓာတ်ပုံ - တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

ပဲခူးတိုင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အစုလိုက်အပြုံလိုက် သတ်ခံရ

သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း

နံနက်ခင်းရဲ့ ကျက်သရေ (Morning Glory)

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.2k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate