• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုန်တိုင်းကြောင့် မကွေးတိုင်းတွင် နှမ်းခင်းများ ပျက်စီး

by ဧရာဝတီ
19 May 2023
in သတင်း
A A
ရေမြုပ်မှုကြောင့် ဆင်ဖြူကျွန်းမြို့မှ အပျက်အစီးတချို့မြင်ကွင်း / Si Phyo Thu

ရေမြုပ်မှုကြောင့် ဆင်ဖြူကျွန်းမြို့မှ အပျက်အစီးတချို့မြင်ကွင်း / Si Phyo Thu

8.9k
VIEWS
Share on FacebookShare on Twitter

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မကွေးတိုင်း စလင်း၊ ဆင်ဖြူကျွန်း၊ ပေါက်မြို့နယ်တို့တွင် နှမ်းခင်းများ ပျက်စီးခဲ့သလို ကြက်သွန်လှောင်သည့်နေရာများလည်း ရေမြုပ်သဖြင့် ပိဿာထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံ များထံမှ သိရသည်။

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်တို့တွင် ပဲတီစိမ်း၊ နှမ်းနက် စိုက်ခင်း ဧက ၂ ထောင်ခန့်၊ ပေါက်မြို့နယ်တွင် နှမ်းဝါ၊ နှမ်းနက်၊ စပါး စိုက်ခင်း ဧက ၃ ထောင်ဝန်းကျင်နှင့် စိုက်ခင်းထဲမှ ခူးစွတ်ပြီးသားကြက်သွန်နီ ပိဿာချိန် ထောင်နှင့်ချီ၍ ပျက်စီးခဲ့သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
2
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
36
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
212

မုန်တိုင်းကြောင့် ချောင်းရေတက်သဖြင့် စလင်းချောင်းဘေးတလျှောက် ရွာများ ရေမြုပ်ခဲ့ပြီး ပဲတီစိမ်းနှင့် နှမ်းနက်စိုက် ခင်း ဧက ၂၀၀၀ ဝန်းကျင်လည်း ပျက်စီးခဲ့ကြောင်း၊ ပေါက်မြို့နယ်တွင်လည်း ယောချောင်းရေလျှံမှုကြောင့် ချောင်း ဘေးတလျှောက်ရှိ ရွာများအပြင် စစ်ရှောင်တဲများပါ ရေမြုပ်ကာ နှမ်းနက်၊ စပါး စိုက်ခင်း ဧက ၃ ထောင်ဝန်းကျင်အပြင် စိုက်ခင်းထဲမှ ခူးစွတ်ပြီးသားကြက်သွန်နီ ပိဿာချိန် ထောင်နှင့်ချီ၍ ပျက်စီးခဲ့သည်။

ပေါက်မြို့နယ် ဒေသခံတဦးက “ပျက်စီးဆုံးရှုံးတာတော့ တော်တော်များတယ်။ ယောချောင်းကနေတက်လာတဲ့ရေက ချောင်းဘေးက စစ်ရှောင်တဲတွေ အကုန်ပါကုန်တော့ စားဝတ်နေရေးအတွက် ရွှေ့ထားတဲ့ပစ္စည်းတွေ၊ စုဆောင်းထား တာတွေ၊ အသုံးအဆောင်တွေ အကုန်လုံးဆုံးရှုံးတာ။ ပေါက်နယ်မှာဆိုရင် ခန့်မှန်းခြေ ကျေးရွာ ၅၀ နဲ့ ၆၀ လောက် ဖြစ် သွားတာ။ နှမ်းခင်းတွေ ဧကထောင်ချီ ပျက်တာပေါ့။ ကြက်သွန်တွေဆိုရင် ပခုက္ကူပွဲရုံကိုသွင်းဖို့က လမ်းကြောင်း မကောင်း လို့ သွင်းလို့မရတော့ စိုက်ခင်းထဲတင်ရှိသေး ပိဿာချိန် ရာနဲ့ချီ၊ ထောင်နဲ့ချီ ပါသွားတာ” ဟု ဧရာဝတီကို ပြောသည်။

ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအုပ်စုရှိ သပွတ်စု၊ ဒေါသာ၊ မြေခြား၊ သရက်လေးပင် ကျေးရွာများ အပါအဝင် နတ်စင် ကုန်း၊ အောက်ကျင်း၊ အုန်းတော(တောင်စု)၊ အုန်းတော(မြောက်စု) စသည့် ကျေးရွာများဘက်တွင်လည်း စိုက်ခင်းများ ဆုံးရှုံးပျက်စီးမှု ပိုများသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ပေါက်မြို့နယ်ရှိ ကျေးရွာအများစုမှာ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၄ တပ်နှင့် နီးသော ကြောင့် ညဘက်တွင် လက်နက်ကြီးများဖြင့် ပစ်သဖြင့် ရွာထဲသို့လက်နက်ကြီးကျ၍ နေအိမ်များမီးလောင်ခြင်း၊ လူထိ ခိုက်ခြင်းများကြောင့် ဒေသခံအများစုသည် ကျေးရွာများထဲ၌ မနေရဲဘဲ နီးစပ်ရာတောတောင်များတွင် တဲများထိုးကာ စစ်ရှောင်နေရကြောင်း သိရသည်။

ရေမြုပ်မှုကြောင့် ဆင်ဖြူကျွန်းမြို့မှ အပျက်အစီးတချို့မြင်ကွင်း / Si Phyo Thu

ဆက်လက်၍ အထက်ပါ ဒေသခံက “ကျနော်တို့က စစ်ကောင်စီရန်လည်း ကြောက်ရတော့ ရွာတွေမှာ မနေရဲကြဘူး။ တောထဲမှာပဲ စစ်ရှောင်တဲနဲ့နေရတာ။ အဲဒီစစ်ရှောင်တဲတွေကလည်း အခုရေမြုပ်ပါ သွားတော့ လောလောဆယ် ပြန်ထူ ထောင်ဖို့ မလွယ်သေးဘူး။ အခုက တဲရော၊ စားသောက်စရာတွေ ရော၊ အဝတ်အစားကအစပါ ရေထဲပါသွားတာ။ အခက်အခဲတော့ ရှိတယ်။ စိုက်ခင်းတွေကျတော့လည်း ပျက်စီးသွားတယ်။ ကြက်သွန်တွေက စိုက်ပြီးသားပေါ့။ ဂိုဒေါင် တွေနဲ့ လှောင်ထားတာ။ နှမ်းကတော့ ပေါင်လယ်၊ ခါးလောက် အပင်တွေရှိနေမှ ပါသွားတာ” ဟု ရှင်းပြသည်။

နှမ်းတဧက စိုက်ပျိုးစရိတ်မှာ ဓာတ်မြေဩဇာစရိတ် ကြီးမြင့်ခြင်း၊ စိုက်ပျိုးချိန်ကာလက မိုးခေါင်ခဲ့သောကြောင့် ရေသွင်း စိုက်ပျိုးရခြင်းတို့ကြောင့် ကျပ် ၆ သိန်းထိ ကုန်ကျခဲ့ကြောင်း၊ ထွက်ရှိထားသည့် နှမ်းတတင်းလျှင် အရည်အသွေး ကောင်းမကောင်းပေါ်မူတည်၍ ကျပ် ၆ သောင်းမှ ၈ သောင်းထိ ရရှိကြောင်း၊ ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများကြောင့် ဒေသခံတောင်သူများ အလွန်နစ်နာရကြောင်းလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကြောင့် ပြေးလွှားနေရသည့်ကြား အရင်းအနှီးကြီးစွာဖြင့် စိုက်ပျိုးထားရသည့် နှမ်းစိုက်ခင်းများ မရိတ်သိမ်းနိုင်ခင်မှာပင် ပျက်စီးဆုံးရှုံးသွားသောကြောင့် လာမည့်နှစ်များတွင် စိုက်ပျိုးနိုင်ရေး အခက်အခဲဖြစ်ရကြောင်း လည်း ဒေသခံတောင်သူများက ဆိုသည်။

ထို့ပြင် ယောချောင်းရေလျှံမှုကြောင့် ချောင်းနံဘေးရှိ စစ်ရှောင်တဲများ၊ ကျေးရွာများနှင့် စိုက်ခင်းများ ရေလွှမ်းမိုး ပျက်စီးခဲ့သလို ပေါက်မြို့နယ်တွင် လူ ၂ ဦး သေဆုံးခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ်များလည်း အကောင်ရေ ရာနှင့်ချီ သေဆုံးခဲ့ ကြောင်း သိရသည်။

ပေါက်မြို့နယ် အခြားဒေသခံတဦးကလည်း “နှမ်းခင်းတွေရော၊ စပါးခင်းတွေရော ကျွဲ၊ နွား၊ ဆိတ် တိရစ္ဆာန်တွေ တော်တော်များများ ပါသွားတယ်။ တမြို့နယ်လုံးစာဆိုတော့ စာရင်းမချုပ်ရသေးဘူး။ ပိုင်ရှင်တဦးထဲတင် ကျွဲ၊ နွား၊ ဆိတ်တွေ သေတာ အကောင်လေးဆယ်ကျော်ထိ ရှိတယ်။ ကျွဲတွေဆို အကောင်လိုက် မျောပါတာတွေ၊ မြေကြီးထဲ မြှုပ်လိုက်ကြရတာလည်း အများကြီးပဲ။ နှမ်းခင်း၊ စပါးခင်း၊ ကြက်သွန်တွေ ရေတွေပြည့် သွားတာ အများကြီးတွေ့ရတယ်” ဟု ပြောသည်။

ထို့ပြင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထန်းပင်လေးကျေးရွာတွင်လည်း စစ်ဘေးရှောင် ၆၀၀ ခန့် နေထိုင်သည့် ယာယီ တဲများနှင့် ပစ္စည်းများအားလုံး ရေမြုပ်ပျက်စီးခဲ့သလို ကျွဲ၊ နွားအကောင်ရေ ၃၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း၊ ဆင်ဖြူ ကျွန်းမြို့နယ်တွင်လည်း လူ ၃ ဦး သေဆုံးခဲ့ကာ ကျွဲ၊ နွား အကောင်ရေ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် စုစုပေါင်း လူဦးရေ ၅ ဒသမ ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA-Myanmar)က ခန့်မှန်းထားပြီး အမိုးအကာ၊ ကျန်းမာ ရေး၊ အိမ်သုံးပစ္စည်းများ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အကူအညီများ လိုအပ်နေကြောင်းလည်း ဆိုထားသည်။

You may also like these stories:

ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု

မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို

ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ

ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး

Your Thoughts …
Tags: ကြက်သွန်နီစစ်ရှောင်နှမ်းမကွေးတိုင်းမုန်တိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း

by မိုင်းခြိူဝ်းဇာရ်
6 July 2024
10.7k

လားရှိုးအား စွန့်ခွာသူများသည် လားရှိုး-စဉ့်အင်ဖောင်ဆိပ်-သီပေါ ၉ မိုင်လမ်းခွဲ- နမ့်လန်မှ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့သို့ ဦးတည်တိမ်းရှောင်နေကြပြီး စဉ့်အင်ဖောင်ဆိပ်တွင် ချောင်းကူးရန် ကြန့်ကြာမှုများ ဖြစ်ပေါ်နေကာ စစ်ရှောင် ကားအစီးရေ ရာချီ စောင့်ဆိုင်းနေရကြောင်း

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

မြိုင်တွင် အမျိုးသမီးစစ်သည်များ သုံး၍ စစ်ကြောင်းထိုးဟုဆို

မြိုင်တွင် အမျိုးသမီးစစ်သည်များ သုံး၍ စစ်ကြောင်းထိုးဟုဆို

by ဧရာဝတီ
15 February 2024
9.8k

အရင်က စစ်ကြောင်းတွေမှာ အမျိုးသမီးစစ်သည်တွေ ပါတာမျိုး မရှိခဲ့ဘူး၊ အခုက ပထမဦးဆုံးပဲ၊ ကျနော်တို့ မျက်မြင်တွေ့ရတာကို အမျိုးသမီး စစ်သည် ၁၀ ယောက် အထက်ပဲ၊ အခုက စစ်တပ်မှာ လူမရှိတော့ဘဲ တပ်အင်အား တော်တော် ချိနဲ့နေတယ်ဆိုတာကို...

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

by ဧရာဝတီ
11 February 2025
7.6k

လက်ရှိမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ပြောလို့ရတယ်။ ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်နဲ့ ငဖဲမြို့နယ် အတွင်းမှာ နေ့စဉ်လိုလိုပဲ ဖြစ်ပွားနေတာမျိုးတွေရှိတယ်။ တဖွဲ့မဟုတ်တဖွဲ့နဲ့ တနေရာမဟုတ်တနေရာ ထိတွေ့မှုဖြစ်နေတာ တွေရှိတယ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတာမျိုးတွေလည်း နေ့စဉ်ရှိနေတယ်

Next Post
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ (ဓာတ်ပုံ- CJ)

စစ်ကောင်စီတပ်ကို တိုက်ရန် ဗန်းမောက်လူထု မြို့မှ ရှောင်ပေးဖို့ PDF သတိပေး

ငြိမ်းချမ်းရေး ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ

အနုပညာ နှင့် ငြိမ်းချမ်းရေး

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate