ထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဘက် ထိုင်းအထက်လွှတ်တော်အမတ်ကို စွဲချက်ပြန်တင်
ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်ကို ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ပူးပေါင်းကြံစည်မှုဖြင့် အစိုးရရှေ့နေက တရားစွဲလိုက်သည်။
ထိုစွဲချက်ကို မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာကြောင်း ရှေ့နေချုပ်ရုံး ဒုတိယပြောခွင့်ရသူ ကိုဆန်လာဗက် အင်တူဂျန်ယောင်က ပြောကြားသောကြောင့် ထိုအမှုတွင် ကြီးမားသော တိုးတက်မှုဖြစ်သည်။ ဥပကစ်၏အမှုကို ဦးဆောင်စစ်ဆေးသော အစိုးရရှေ့နေ ဝက်ချာရင် ဖန်နူရက်က စွဲချက်တင်သည့် လုပ်ငန်း တစိတ်တပိုင်းအဖြစ် ၎င်းတို့စုံစမ်းစစ်ဆေးမှုမှ ဖိုင်ပေါင်း ၇၉ ခုကို တင်သွင်းသည်။
ရှေ့နေချုပ်သည် ထိုအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုဖြင့် သီးခြားစွဲချက်တင်သင့် မတင်သင့်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
မြန်မာစီးပွားရေးသမား ထွန်းမင်းလတ်ကို လွန်ခဲ့သော စက်တင်ဘာလက မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုများဖြင့် ဘန်ကောက်တွင် ဖမ်းဆီးပြီးနောက် အထက်လွှတ်တော်အမတ်ဥပကစ်ကို မီဒီယာက သတိထားမိလာသည်။ ဥပကစ်သည် မြန်မာစစ်ခေါင်းဆောင်နှင့် အခိုင်အမာအဆက်အသွယ်ရှိသည့် ထွန်းမင်းလတ်နှင့် နီးကပ်သော အဆက်အသွယ်ရှိသူဖြစ်သည်။
ဖေဖေါ်ဝါရီလက ပြုလုပ်သည့် ပါလီမန်ဆွေးနွေးပွဲအတွင်း အတိုက်အခံ ပါလီမန်ကိုယ်စားလှယ်များက ဥပကစ်သည် ထွန်းမင်းလတ်နှင့် စီးပွားရေး အဆက်အသွယ်ရှိသည်မှာ ကြာမြင့်ပီဖြစ်ကြောင်း ပြောသည်။ သို့သော် ဥပကစ်က မြန်မာလုပ်ငန်းရှင်နှင့် မည်သည့် တရားမဝင်လှုပ်ရှားမှုမဆိုကို ငြင်းဆန်ပြီး သူနှင့် ထွန်းမင်းလတ် ဆက်ဆံခြင်းသည် ထိုင်းမြန်မာနယ်စပ်မှ လျှပ်စစ်ဓာတ်အားရောင်းချမှုနှင့်သာ သက်ဆိုင်ကြောင်းပြောသည်။
မတ်လတွင် ဥပကစ်သည် သူငြင်းဆန်ထားသည့် ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်မှုကို ဖြေရှင်းရန် မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့သို့ ဆန္ဒအလျှောက်ဆက်သွယ်ခဲ့သည်။ အမှုဖြစ်စဉ်အတွင်း ထိုအထက်လွှတ်တော်အမတ်သည် ဝရမ်း သို့မဟုတ် သမ္မာန်စာ မလိုဘဲ စွဲချက်များကို လာရောက် ဖြေရှင်းသောကြောင့် ဖမ်းဆီးထားခြင်းမရှိပေ။
ကိုးကား။ ။ The Nation သတင်း Thai senator indicted for alleged money laundering and transnational crime
You may also like these stories:
ထိုင်းအထက်လွှတ်တော်အမတ်နှင့် မြန်မာခရိုနီ နက်ရှိုင်းစွာ ပတ်သက်ပုံ ထိုင်းပါလီမန်တွင် ဆွေးနွေး
ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို
အပြစ်မရှိကြောင်း ထိုင်းတရားရုံးတွင် ထွန်းမင်းလတ် ငြင်း
သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို