• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်စစ်ရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်းသော်လည်း လုံခြုံမှု မရှိ၍ မပြန်နိုင်သေး

by ဧရာဝတီ
26 May 2023
in သတင်း
A A
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးနှင့်အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar )

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးနှင့်အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar )

2.4k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီက ကချင်ပြည်နယ်ရှိ စစ်ရှောင်များအား နေရပ်ပြန်ရန် တိုက်တွန်းနေသော်လည်း လုံခြုံမှု မရှိသဖြင့် စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေးကြောင်း ဝိုင်းမော်မြို့နယ် အခြေစိုက် စစ်ရှောင်အချို့ထံမှ သိရသည်။

စစ်ကောင်စီ၏ ကချင်ပြည်နယ်အစိုးရက ၎င်းတို့ ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးမောက်စသည့် မြို့နယ်များမှ စစ်ရှောင်များကို နေရပ်ပြန်ရန် တိုက်တွန်းနေပြီး၂၀၂၃ ခုနှစ် အကုန် စစ်ရှောင်စခန်း များ ပိတ်သိမ်းနေရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်ရှောင်အချို့က ဆိုသည်။

RelatedPosts

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
0
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
174
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
79

အဆိုပါ စစ်ရှောင်များသည် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်ဝန်းကျင်က တည်းက မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲများကြောင့် ၁၀ စုနှစ် တခုကျော် အ ကြာ အိမ်မပြန်နိုင်ကြသေး သူများ ဖြစ်သည်။

ဝိုင်းမော်မြို့နယ် နန်ဆန်ယန်အခြေစိုက် စစ်ရှောင်အမျိုးသမီးတဦးကလည်း “တချို့လည်း ၂လပိုင်းလောက်ကတည်းက ပြန်ကြတယ်၊ အရေအတွက်တော့ မသိဘူး။ ကျမတို့က နန်ဆန်ယန်ကလေ။ သွားဖို့ ပြင်ဆင်နေတာ၊ သွားလို့ မရသေး ဘူး။ နေရေးက အခက်အခဲရှိသေးလို့။ အဲဒီမှာက စစ်ပွဲက ဖြစ်နေကျ။ မနှစ်ကလည်း ဖြစ်ထားတာဆိုတော့ သွားလို့ မရသေးဘူး။ ကျမတို့ကိုလည်း အစိုးရက သွားလို့ရရင် ပြန် သွားပါလို့ တိုက်တွန်းနေတာရှိတယ်။ ကိုယ့်နေရာတော့ ပြန်တော့ပြန်ချင်ပါတယ်။ အဲဒီမှာ အိမ်ပြန်လုပ်ဖို့ကလည်း ကျမ တို့မှာ ပိုက်ဆံ မရှိပါဘူး။ အဲဒါတွေကိုတော့ ကူညီစေ ချင်ပါတယ်” ဟု ဆိုသည်။

၎င်းနေထိုင်သည့် စစ်ရှောင်စခန်းတွင် နေရပ်မပြန်နိုင်ကြသေးသည့် စစ်ရှောင် အိမ်ထောင်စု ၃၁၀ ခန့်ရှိနေကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးနှင့်အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar )

မကြာသေးသည့် မေလ ပထမပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံမှူး မစ္စတာ Tan Shufu နှင့် စစ်ကောင်စီ လက်အောက်ခံ ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဝါရှောင်မြို့ များသို့ လာခဲ့ပြီး ရွာ ၃ ရွာမှ စစ်ရှောင်များနှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာထား သည်။

တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံဘက်မှ တောင်းဆိုချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အရေးပေါ် လက်ငင်း ငွေထောက်ပံ့မှုဖြင့် နေရပ်စွန့်ခွာသူများ မူလနေရပ်ကျေးရွာ ရွှေ့ပြောင်းနေထိုင်နိုင်ရန် ကူညီပေးခဲ့ကြောင်း တရုတ်သံရုံး၏ ကြေညာချက်တွင် ပါရှိသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့နယ်ရှိ တာလောကြီးရွာနှင့် ဝိုင်းမော်မြို့နယ်ထဲမှ ဒဘတ်ယန်၊ နန်ဆန်ယန်ရွာများကို စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ပေး ထားကြောင်း၊ မိသားစုပေါင်း ၁၉၂ စုသည် မူလနေရပ်သို့ ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်း တရုတ်သံရုံးက ဆိုသည်။

ယနေ့တိုင် ကချင်ပြည်နယ်အစိုးရသည် အထက်ပါကျေးရွာသုံးရွာ၌ တရုတ်နိုင်ငံထောက်ပံ့ငွေဖြင့် အသစ်တည် ဆောက်သည့်အိမ် ၈၈ လုံး၊ ပြင်ဆင်တည်ဆောက်သည့်အိမ် ၂၅ လုံး၊ မိသားစုပေါင်း ၁၁၃ စုထံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု လုပ်ဆောင်ထားကြောင်း တရုတ်သံရုံးက ရေးသားသည်။

ဝိုင်းမော်မြို့နယ်ထဲမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ရပ်ရွာ ခေါင်းဆောင်တဦးကမူ တရုတ်အကူအညီဖြင့် ပြန် လည်နေရာချထားရန် စီစဉ်ထားသည့် ရွာအချို့၌ လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များ ဝင်ရောက်လှုပ်ရှားမှု ရှိနေကြောင်း ဆိုသည်။

ကချင်ပြည်နယ်အရေး လေ့လာစောင့်ကြည့်နေသည့် ကချင်တိုင်းရင်းသား ၂ ဦးအား ဧရာဝတီက မေးမြန်း ကြည့်ရာ စစ်ကောင်စီက နေရာပြန်ချထားရန် စီစဉ်နေသည့် ရွာများသည် လုံခြုံရေးအရ စိတ်မချရဘဲ အချိန်မရွေး တိုက်ပွဲဖြစ်နိုင် သည့် နေရာများဖြစ်နေကြောင်း ပြောကြသည်။

ကချင်တိုင်းရင်းသား သုတေသီတဦးက “ဥပမာအားဖြင့် မိုးမောက်ဘက်မှာဆိုရင်လည်း စစ်ကောင်စီဘက်က တပ် စခန်းတွေတိုးချဲ့နေတာမျိုး တွေရှိတယ်။ နန်ဆန်ယန်ဘက်မှာလည်း ဟိုတခေါက်က စခန်းတွေပြန်ချဖို့ ကားတွေနဲ့ လာ တာရှိတယ်။ အချိန်မရွေး စစ်ဖြစ်နိုင်တယ်။ ပူတာအိုဘက်ဆိုရင်လည်း၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ KPDF နဲ့ KIA ပူးပေါင်းပြီး တိုက်ခိုက်တာတွေ ရှိတယ်။ IDP တွေ ပြန်ပို့တယ်။ မကြာဘူး တိုက်ပွဲတွေ ဖြစ်တယ်။ ပြောချင်တာက တည်ငြိမ်မှု မရှိဘူး။ အာမခံချက်တွေ မရှိဘူး” ဟု ဆိုသည်။

ယင်းပြင်၂၀၁၁ ခုနှစ် စစ်ပွဲကာလကတည်းက ကျန်နေခဲ့သည့် မြေမြှုပ်မိုင်းများသည်လည်း အပြီးသတ် မရှင်းလင်း ရသေးကြောင်း ၎င်းက ပြောသည်။

“မိုင်းက အကုန်လုံးတော့ မရှင်းရသေးဘူး။ ရှင်းပြီးတဲ့နေရာလည်း ရှိသလို တချို့လည်း မပြီးဘူး။ နန်ဆန်ယန်အပါ အဝင် ရွာအချို့ကတော့ အာဏာမသိမ်းခင်၂၀၂၀ နိုဝင်ဘာတုန်းက မိုင်းရှင်း တာတွေ လုပ်တယ်လို့ ပြောတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒါကို အကောင်အထည်ဖော်တာလည်း မရှိသလို ဘယ်လောက်အထိ လုပ်ပြီးပြီလဲဆိုတာကို ဆန်းစစ်တာလည်း မရှိဘူး” ဟုအဆိုပါ လေ့လာစောင့်ကြည့်သူက ဆိုသည်။

တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်မူ စစ်ရှောင်များအတွက် ပြန်လည်နေရာချထားရန် တည်ဆောက်ထားသည့် တာ လောကြီး၊ ဒဘတ်ယန်နှင့် နန်ဆန်ယန်ရွာများ၌ အသက်မွေးဝမ်းကျောင်းနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးမှုတို့ကို မြင်တွေ့ခဲ့ရ သည်ဟု ရေးထားသော်လည်း ဝိုင်းမော်မြို့နယ်ထဲမှ စစ်ရှောင်အချို့ကမူ ပြန်လည်နေရာချထားပေးမည့် ရွာများတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့်ပတ်သက်၍ အစီအစဉ်များ ရှိမနေကြောင်း ဆိုကြသည်။

အခြားသော ကချင်တိုင်းရင်းသား သုတေသီတဦးကမူ တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု မဖြစ်မီ ကတည်းက မြန်မာအစိုးရနှင့် KIA ကို စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းမှုများရှိခဲ့ပြီး အာဏာ သိမ်းမှုဖြစ်ပြီးနောက်တွင် ပါဝင်ကူညီ အကောင်အထည်ဖော်လာခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းက “စစ်ကောင်စီကတော့ ကချင်ပြည်နယ်မှာ စစ်ရှောင်တွေ မရှိတော့ဘူး။ တိုက်ပွဲတွေလည်း မဖြစ်တော့ဘူးဆိုတာ ပုံဖော်ချင်တာ။ အထူးသဖြင့် တရုတ်ရဲ့ ဖိအားလည်း အများကြီးပါတယ်။ အခု ကန်ပိုက်တီမှာ ကုန်သွယ်ရေးဇုန်တွေ တည်ဆောက်လာတာတို့ဖြစ်လာပြီးတဲ့နောက် တရုတ်က စီးပွားရေးစင်္ကြန်တွေ အကောင်အထည်ပြန်ဖော်ဖို့ ဆန္ဒစော နေတယ်။ ဒါကြောင့်လည်း၂ ဖက်စလုံးကို ဖိအားပေးပြီး လုပ်နေတာလို့ ထင်တယ်” ဟုဆိုသည်။

ကချင်တိုင်းရင်းသား သုတေသီ ၂ ဦးက စစ်ကောင်စီအနေနှင့် စစ်ရှောင်များကို အတင်းအကျပ် ဖိအားမပေးဘဲ လုံခြုံ ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း သေချာစွာ ဖန်တီးပေးနိုင်မှသာ ၎င်းတို့ဆန္ဒအလျောက် နေရပ်ပြန်ခွင့်ပေး သင့် ကြောင်း၊ ထိုသို့ မဟုတ်ဘဲ ဖိအားပေး၍ ပြန်ခိုင်းပါက စစ်ရှောင်များသာ ပိုမိုဒုက္ခရောက်သွားနိုင်ကြောင်း ပြောသည်။

လက်ရှိ ကချင်ပြည်နယ်ထဲက အစိုးရ ထိန်းချုပ်နယ်မြေနှင့် KIA ထိန်းချုပ်နယ်မြေတို့၌ နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်ရှောင် ၁ သိန်း ၂ သောင်းခန့်ရှိနေကြောင်း လေ့လာသူများက ခန့်မှန်းသည်။

You may also like these stories:

သွေးစွန်းလက်ကို တွဲပြီး သွေးရင်းလက်ကို ချန်ခဲ့ပြီလား

ကန့်ဘလူခရိုင်တွင် စစ်ရှောင်ဦးရေ ငါးသောင်းကျော်အထိ မြင့်လာ

မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်

Your Thoughts …
Tags: ကချင်စစ်ရှောင်စစ်ကောင်စီဝိုင်းမော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မိုင်းကိုင်တွင် အသတ်ခံရသည့် အရပ်သားတဦး၏ အလောင်းကို တွေ့ရစဉ် / Marnagar Media

မိုင်းကိုင်တွင် အရပ်သားတဦးကို SSPP ပစ်သတ်ဟုဆို

Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက်နှင့် မဟာမိတ်ပါတီခေါင်းဆောင်များ / AFP

Move Forward ပါတီအောက်တွင် ထိုင်း၏ မြန်မာမူဝါဒ မည်သို့ပြောင်းလဲမည်နည်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate