• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုင်းကိုင်တွင် အရပ်သားတဦးကို SSPP ပစ်သတ်ဟုဆို

by ဧရာဝတီ
26 May 2023
in သတင်း
A A
မိုင်းကိုင်တွင် အသတ်ခံရသည့် အရပ်သားတဦး၏ အလောင်းကို တွေ့ရစဉ် / Marnagar Media

မိုင်းကိုင်တွင် အသတ်ခံရသည့် အရပ်သားတဦး၏ အလောင်းကို တွေ့ရစဉ် / Marnagar Media

2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့ဝင်များက အရပ်သားတဦးကို ကြိုးတုတ်၍ မီးမြိုက်စစ်ဆေးသည့် ဖြစ်စဉ်အပြီး မေလ ၁၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ယန်လွယ်ရွာအနီးတွင် ဦးကွီထွေးအမည်ရှိ အရပ်သားတဦးကို ထပ်မံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ယန်လွယ်ရွာသည် မိုင်းကိုင်မြို့ အရှေ့တောင်ဘက် ကားဖြင့် ၁ နာရီခန့်သွားရသည့် တအာင်းပလောင် တိုင်းရင်းသား များ အများဆုံးနေထိုင်ရာ ရွာလေးဖြစ်ပြီး SSPP တပ်ရင်း ၃၆ ထိန်းချုပ်ရာ ဒေသဖြစ်သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
27
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
26
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
382

မိုင်းကိုင်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသူတဦး၏ ပြောဆိုချက်အရ“ “ဦးကွီထွေးက ကျွဲကြောင်းဖို့ ခွေးနဲ့အတူ မနက်ကတည်းကသွားတာ။ ညနေကျတော့ သေနတ်သံ ၃ ချက်လောက် ရွာကနေ ကြားရတယ်ပြောတယ်။ အဲဒီနောက်မှာ ဦးကွီထွေးရဲ့ခွေးက ပြန်ရောက်လာပြီး လူကတော့ ပြန်ပါမလာဘူး။ အဲဒါနဲ့ သူ့မိန်းမက လည်း စိတ်ပူပြီးမှ ရွာကလူကြီး တွေကို အကြောင်းကြားပြီး ၂၀ ရက်မှာ လိုက်ရှာတယ်။ လမ်းမှာ SSPP တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပြီး SSPP ဘက်က ပြန်လှည့် ခိုင်းတာနဲ့ မရှာဘဲပြန်လာရတယ်။ နောက်ရက် သွားထပ်ရှာတဲ့အခါမှာ ဦးကွီထွေးရဲ့ အလောင်းကို လွိုင်ဟမ်းတောင်မှာ ပက်လက်အနေအထားနဲ့ တွေ့ရတယ်” ဟု သိရသည်။

ဦးကွီထွေး၏အလောင်းမှာ နောက်ကျောမှရင်ဘတ်သို့ ဖောက်ဝင်ထားသည့် သေနတ်ဒဏ်ရာတခုသာမက လည်ပင်း၌ သေနတ်ဒဏ်ရာတခုကိုပါတွေ့ရပြီး မျက်နှာတွင်လည်း ဖူးယောင်ဒဏ်ရာများတွေ့ရကြောင်း သိရသည်။

“အဲဒီနယ်မြေက SSPP တပ်ရင်း ၃၆ ရဲ့ ထိန်းချုပ်နယ်မြေဖြစ်လည်းဖြစ်တယ်။ ရွာနားမှာလည်း SSPP တပ်ဖွဲ့ဝင်တွေ ရှိတော့ ကျနော်တို့ကတော့ SSPP က ပစ်တာလို့ပဲ ယူဆပါတယ်။ အသတ်ခံရတဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ လည်း မသိပါဘူး” ဟု သူဆိုသည်။

ယန်လွယ်ရွာသည် တအာင်း(ပလောင်) တိုင်းရင်းသားအများစုနေထိုင်သည့် ရွာဖြစ်ပြီး သေဆုံးသူ ဦးကွီထွေးမှာလည်း တအာင်းတိုင်းရင်းသားတဦး ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဦးကွီထွေးအသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု၊ ဗိုလ်မှူး စိုင်းဖုန်းဟန်နှင့် ဗိုလ်ကြီး သီဟရာဇာတို့ထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက် အသွယ်မရပေ။

မိုင်းကိုင်မြို့နယ်ဝန်းကျင်သည် ယခင်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့ဝင်များ အခြေချထိန်းချုပ်ခဲ့ သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် SSPP တပ်များက ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တပ်များ၏ အကူအညီယူကာ RCSS ကို တိုက်ထုတ်ခဲ့ပြီးနောက် ယင်းနယ်မြေသည် SSPP ၏ စိုးမိုးနယ်မြေများ ဖြစ်လာသည်။

မိုင်းကိုင်မြို့နယ်ထဲမှ အမည်မဖော်လိုသည့် တအာင်းအမျိုးသားတဦးကလည်း ဦးကွီထွေး အသတ်ခံရပြီးနောက် ယန်လွယ် ရွာတွင် ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေရကြောင်း၊ SSPP တပ်ဖွဲ့ဝင်များသည် မေလ ၂၃ ရက်ကလည်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ နောင်စံဖူးရွာတွင် ဒေသခံများ၏ လက်ကိုင်ဖုန်းများကို ၎င်းတို့ထံလာအပ်ရန် ညွှန်ကြားခဲ့ကြောင်း ဆိုသည်။

၎င်းက “နောင်စံဖူးကျေးရွာအုပ်စုတခုလုံးကို ဖုန်းကိုသိမ်းတာပေါ့။ ဖုန်းတွေကို မနေ့က သက်ဆိုင်ရာရွာကလူကြီးတွေကို သွားပေးရတယ်။ ဒီနေ့ကျတော့ လူကြီးတွေက သက်ဆိုင်ရာ SSPP အရာရှိတွေကို ဖုန်းသွားအပ်ပေးရတယ်။ အကြောင်း အရင်း သေချာမသိရပေမယ့် ယန်လွယ်ရွာကိစ္စကို နောင်စံဖူးက လူတွေက သတင်းမီဒီယာတွေဆီကို ပြောတယ်ဆိုတဲ့ သံသယနဲ့သိမ်းတာလို့ ကျနော်တို့ကြားရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းကလည်း SSPP တပ်ဖွဲ့ဝင် ၃ ဦးက အရပ်သားတဦးကို လက်နောက်ပြန်ကြိုးတုပ်၍ လည်ပင်းကိုကြိုးချည်ပြီးနောက် သစ်ပင်တွင်ချိတ်ဆွဲကာ အောက်မှမီးမြှိုက်သည့် ရုပ်သံဖိုင်တခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ သည်။

အဆိုပါဖြစ်စဉ်သည် မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်အစပ် တနေရာတွင်ဖြစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သည့် တပ်ဖွဲ့ဝင်များကို စစ်ဆေးနေကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က သတင်းဌာနအချို့ထံ ဖြေကြားထားသော်လည်း လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သူများကို အရေးယူလိုက်ပြီဟူ၍ SSPP ဘက်က ထုတ်ပြန်လာခြင်း မရှိသေးပေ။

မိုင်းကိုင်မြို့နယ်ဒေသခံ တအောင်းအမျိုးသားတဦးကမူ “RCSS တုန်းကလည်း ၂၀၂၂ မတ်လတုန်းက မိုင်းကိုင်က TNP (တအာင်းအမျိုးသားပါတီ) ဥက္ကဋ္ဌနဲ့ မိသားစုကို သတ်ခဲ့တယ်။ အခု SSPP ဝင်လာတော့လည်း တအာင်းတွေကို သတ်တာ တွေ ဖြစ်လာတယ်။ ကျနော်တို့က ဘယ်သူပဲလာအုပ်ချုပ်ပါ။ ဒေသခံလူထုကို ဖိနှိပ်တာကိုတော့ မလိုချင်ဘူး” ဟု ဆိုသည်။

You may also like these stories:

SSPP ၏ မူဝါဒနှင့် အနာဂတ်ခြေလှမ်း ဘာလဲ

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်းပြ၍ တပ်ဆုတ်ခိုင်းခြင်း SSPP လက်ခံမည်မဟုတ်

စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးပွဲ RCSS နဲ့ NMSP ဘာကြောင့်မတက်သလဲ

Your Thoughts …
Tags: RCSSSSPPတအာင်း(ပလောင်)မိုင်းကိုင်မြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
16.6k

တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့နယ်မြေထဲက ရှမ်းတင် မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။ ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.7k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
13.3k

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

by ကိုဦး
9 March 2024
12.1k

SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

Next Post
Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရက်နှင့် မဟာမိတ်ပါတီခေါင်းဆောင်များ / AFP

Move Forward ပါတီအောက်တွင် ထိုင်း၏ မြန်မာမူဝါဒ မည်သို့ပြောင်းလဲမည်နည်း

CNF ဌာနချုပ်တွင် တွေ့ရသော ချင်းတပ်သားတဦး/ABC

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate