• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သဖန်းဆိပ်ဆည်အနီး ရွှေဖောင်လုပ်ကွက်များအား စစ်တပ်က ဖျက်ဆီး၊ လုပ်သား ၇၀ ကျော် ဖမ်းခံရ

by ဧရာဝတီ
27 May 2023
in သတင်း
A A
သဖန်းဆိပ်ဆည်ဧရိယာအနီးရှိ မြင်ကွင်းများ / Infinity Guoup

သဖန်းဆိပ်ဆည်ဧရိယာအနီးရှိ မြင်ကွင်းများ / Infinity Guoup

3.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးရှိ အင်းကောင်းခုံမှ ရွှေဖောင်လုပ်ကွက်များအား စစ်တပ်က အင်အားသုံးဖျက်ဆီးကာ မီးရှို့ခဲ့သလို ဆက်စပ်လုပ်ငန်းရှင်များ အပါအဝင် လုပ်သား ၇၀ ကျော်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က “စစ်ကြောင်းဝင်လာလို့ ၂၄ ရက်မှာ ရွှေမျှောတွေ တဲတိုက်တွေက ထွက်ပြေးကြရတာပေါ့။ အဲဒီလို ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ၂၅ ရက်မှာ ကျွန်းလှမြို့ပေါ်က ရွှေဖောင်လုပ်ငန်းရှင်နဲ့ အလုပ်သမား ၇၀ လောက်ကို ပျူစောထီးဂိတ်က ဖမ်းဆီးထားတယ်။ ပြီးတော့ ရွှေဖောင်လုပ်သား ၅ ယောက်လည်း စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး အဖမ်းခံလိုက်ရတာရှိတယ်။ လောလောဆယ် တယောက်အသတ်ခံလိုက်ရတယ်လို့ သတင်းရတယ်။ အတည်တော့ပြုလို့မရသေးပါဘူး” ဟု ပြောသည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
37
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
226
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.6k

ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် မေလ ၂၇ ရက်ထိ ဖမ်းဆီးခံထားရသူများ ပြန်လွတ်လာခြင်း မရှိသေးကြောင်း သိရသည်။

ကျွန်းလှမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော သဖန်းဆိပ်ဆည်အနီးတွင် ရွှေဖောင်လုပ်ကွက် တဲတိုက်များ အပြင် တံငါတဲတိုက်များ၊ တောင်သူတဲတိုက်များလည်း ရှိကာ ယင်းနေရာသို့ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီးပူးပေါင်း ၁၅၀ ခန့်တို့က မေလ ၂၃ ရက်မှစတင်ကာ စစ်ကြောင်းထိုး ၀င်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သဖန်းဆိပ်ဆည်ဧရိယာအနီးရှိ မြင်ကွင်းများ / Infinity Guoup

အဆိုပါစစ်ကြောင်းမှ ရွှေဖောင်နှင့်ဆက်စပ်သည့် စက်ပစ္စည်းများ၊ အဖိုးတန်ပစ္စည်းများအား သယ်ယူနေကြသလို မသယ်ယူနိုင်သောပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မေလ ၂၃ မှ ၂၆ ရက်ထိ သုံးရက်ဆက်တိုက် တောတိုက်တဲ အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသလို ရွှေဖောင်တွင် အသုံးပြုသည့် တလုံးလျှင် သိန်း ၈၀၀ ခန့် တန်ဖိုးရှိ စက် ၃၃ လုံးကိုလည်း သိမ်းယူသွားကြောင်း သိရသည်။

ကျွန်းလှဒေသခံတဦးက “ရွှေဖောင်တွေက ဆည်ထဲမှာ ဖောင်လုပ်ပြီးကျင်တဲ့ ရွှေမျောတွေပေါ့။ စစ်ကြောင်းက ရွှေဖောင်ကပစ္စည်းတွေ၊ တောတိုက်တွေကပစ္စည်းတွေ၊ စားနပ် ရိက္ခာတွေအပြင် ဆိုင်ကယ်၊ ဆိုလာ၊ မော်တာ စတဲ့ သုံးလို့ရတာမှန်သမျှ လုပ်ကွက်ထဲက ရှိသမျှပစ္စည်းတွေကို ကား၊ သုံးဘီး၊ ထွန်စက်ကားတွေကို ချောဆွဲပြီး ပျူစောထီးရွာဖြစ်တဲ့ သံဘို၊ စံပြရွာတွေဘက်ကို သယ်သွားကြတယ်။ ပြီးတော့ လုပ်ကွက်ထဲက တဲတွေကိုလည်း မီးရှို့သွားကြတယ်” ဟုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဖန်းဆိပ်ဆည်ကို အမှီပြုကာ ရွှေမျောတိုက် ရွှေဖောင်လုပ်ငန်းလုပ်ကိုင်သူများ ပေါများလာကာ ရွှေဖောင် ၅၀၀ ကျော်ထိရှိကြောင်း၊ ရွှေလုပ်ကွက်မှ ရွှေဖောင်တခု၏ ကာလပေါက်ဈေးမှာ အနည်းဆုံး ကျပ်သိန်း ၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

သဖန်းဆိပ်ဆည်ဧရိယာအနီးရှိ မြင်ကွင်းများ / Infinity Guoup

ဒေသတွင်းစစ်ရေးအခြေအနေများနှင့် စစ်တပ်၏လှုပ်ရှားမှုများကို သတင်းထုတ်ပြန်ပေးနေသည့် Infinity Group ကလည်း ရွှေဖောင်လုပ်ကွက်များအား စစ်တပ်က အင်အားသုံး ဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွှေဖောင်လုပ်သား ၂ ဦး သတ်ဖြတ်ခံရပြီး လူ ၇၀ ကျော် ဖမ်းဆီးခံထားရကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ သဖန်းဆိပ်ဆည်အတွင်းမှ တရားမဝင် ရွှေမျော ၁၀၀ ကျော် ရှင်းလင်းပြီးဖြစ်ကြောင်း၊ ရွှေမျောပေါင်း ထောင်ကျော်ရှိနေသောကြောင့် ဆက်လက်ရှင်းလင်းလျက်ရှိသလို သဖန်းဆိပ်ဧရိယာအတွင်းရှိ ဆားတွင်း၊ စေတီကုန်းကျေးရွာများတွင်လည်း ကချင်လွတ်လပ်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ စုဝေးလှုပ်ရှားမည့် အခြေအနေ ရှိနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။

မေလ ၂၇ ရက်တွင်လည်း လယ်လှကျေးရွာပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၅၀ ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ အင်ငုတ်ကြီးကျေးရွာနှင့် ဆားကျင်းကျေးရွာ၏ အနောက်မြောက်ဘက်ရှိ စံရွှေမြင့်ကုန်းတို့အား စီးနင်းကာ ရွှေဖောင်များ၊ တဲတိုက်များကို မီးရှို့ဖျက်ဆီးနေသလို ကံဘောက်ကျေးရွာမှတဆင့် ကုက္ကိုလ်ကုန်းအုပ်စုဘက်သို့ စစ်ကြောင်းထိုး၀င်ရောက်လျက်ရှိကြောင်း သိရသည်။

You may also like these stories:

ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာများအား ၂ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့

ကျွန်းလှနယ်၌ စစ်တပ်က ရွာများကို မီးရှို့ကာ လူ ၆၀ ခန့် ဓားစာခံအဖြစ် ဖမ်းထား

သဖန်းဆိပ်ဆည် အနောက်ခြမ်းရွာများ စီးနင်းခံရ၊ ဒေသခံများ ပိတ်မိနေ

Your Thoughts …
Tags: ကျွန်းလှမြို့နယ်စစ်တပ်ပျူစောထီးရွှေဖောင်လုပ်ကွက်သဖန်းဆိပ်ဆည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.5k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

Next Post
ကဗျာဆရာကြီး တင်မိုး

ပွင့်ဦး အစမ်းစာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်းရွာအနီး သောင်တင်နေသော ငါးဖမ်းလှေများကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ် / Youth For Youth Volunteer Group

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းကျေးရွာများ အကြီးအကျယ် ပျက်စီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.1k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate