• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ပြန်တည်ငြိမ်အောင် ထိုင်းဦးဆောင်နိုင်ဟု ရွေးကောက်ပွဲအနိုင်ရ MFP ပြော

by ဧရာဝတီ
6 June 2023
in သတင်း
A A
၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့ပ ဘန်ကောက်တွင် Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် / AFP

၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့ပ ဘန်ကောက်တွင် Move Forward ပါတီခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် / AFP

6.8k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောလက အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ထိုင်းနိုင်ငံမှ Move Forward ပါတီ (MFP) ခေါင်းဆောင်များက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေးအရ၊ လူမှုအခြေအနေအရ ပျက်စီးယိုယွင်းနေသော မြန်မာတွင် တည်ငြိမ်မှု ပြည်လည် ထိန်းသိမ်းပေးနိုင်သည့် အခွင့်အလမ်း ထိုင်းတွင်ရှိကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံလုံးသည် မြန်မာတွင် တည်ငြိမ်မှုလိုချင်ကြောင်း မစ္စတာ ပီတ လင်ဂျာရွန်ရတ်က ထိုင်းရုပ်သံ Channel 3 သို့ မကြာသေးမီက ပြောကြားခဲ့သည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
219
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
392
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
137

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် တနိုင်ငံလုံး လက်နက်ကိုင်ပုန်ကန်မှုများကို စစ်ကောင်စီက ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းနေသောကြောင့် ၂၀၂၁ ခုနှစ်မှစတင်ပြီး မြန်မာတွင် လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေသည်။ တရုတ်သည် မြန်မာတွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ် ကီလိုမီတာ ၂,၄၀၀ ကျော် ထိစပ်နေသည့် အရေးပါသော ကုန်သွယ်ဖက်ဖြစ်သည်။

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံလုံးသည် မြန်မာတွင် တည်ငြိမ်မှုလိုချင်ကြောင်း ထိုနှစ်နိုင်ငံနှင့် သူ၏ ဆွေးနွေးပွဲများက ပြသနေသည်ဟု MFP ပါတီခေါင်းဆောင်နှင့် အလားအလာရှိသော ဝန်ကြီးချုပ် မစ္စတာ ပီတက ပြောသည်။

“အဲဒီလိုဖြစ်အောင် လုပ်ပေးဖို့ ထိုင်းနိုင်ငံမှာ စွမ်းရည်နဲ့ အခွင့်အလမ်း ရှိတယ်။ မြန်မာကို ကူညီရေး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေကို ကျနော်တို့ လမ်းညွှန်ပေးနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနှင့်မြန်မာ ကပ်လျက်တည်ရှိခြင်းသည် အခြား အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့နှင့် မတူသည့် အားသာချက်ဖြစ်ကြောင်း မစ္စတာ ပီတက ပြောသည်။

အိမ်နီးချင်းနိုင်ငံတခုအနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံခေါင်းဆောင်များကို မြန်မာ့အရေး စားပွဲဝိုင်းဆွေးနွေးပွဲသို့ ဖိတ်ခေါ်နိုင်ပြီး မြန်မာအတွက် အကျိုးဖြစ်အောင် လုပ်ပေးနိုင်ကြောင်း ပြောသည်။

“ကျနော်တို့ ထိုင်းနဲ့မြန်မာဟာ အိမ်နီးချင်းတွေ။ အိမ်နီးချင်း အအေးမိရင် ကျနော်တို့ကိုလည်း ထိခိုက်တယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်လာခြင်း၊ နယ်စပ်တွင် စစ်ကောင်စီနှင့် ခုခံတော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများနှင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်ခြင်းတို့ကြောင့် ဖိအားခံစားနေရသည်။

“သူတို့တွေက တရားမဝင် ရွှေ့ပြောင်းဝင်ရောက်တဲ့ အလုပ်သမားဖြစ်စေကာမူ လူသားတွေပဲဖြစ်လို့ ကျနော်တို့ နယ်စပ်ချင်းထိစပ်နေလို့ သူတို့ကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်” ဟုလည်း နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာများနှင့် ပတ်သက်၍ မစ္စတာ ပီတက ပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ အလားအလာရှိသော ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၏ မြန်မာဆိုင်ရာမူဝါဒကို အမြဲတမ်း ဝေဖန်သူဖြစ်သည်။ မြန်မာတွင် စစ်ကောင်စီသည် ကျေးရွာများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို ဗုံးကြဲပြီး ခုခံတော်လှန်ရေးသမားများကို သာမက အရပ်သားများကိုပါ တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ပီတက မြန်မာနိုင်ငံဆိုင်ရာ သူ၏မူဝါဒကို ဖော်ပြသည်။ “ဘုံသဘောတူညီချက် ၅ ချက် အမှန်တကယ် အောင်မြင်ဖို့ ကျနော်တို့ တွန်းအားပေးချင်တယ်” ဟု ပြောသည်။ ထိုဘုံသဘောတူညီချက်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် သွေးချောင်းစီး နှိမ်နင်းမှုအပြီး အာဆီယံက ချမှတ်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ် ဖြစ်သည်။ စစ်ကောင်စီက ထိုဘုံသဘောတူညီချက်ကို လျစ်လျူရှုပြီး အရပ်သားများကို ဆက်လက် သတ်ဖြတ်နေသည်။

MFP ပါတီ ဦးဆောင်သည့် အစိုးရသည် အာဆီယံအတွင်း ထိုင်းနိုင်ငံ၏ ဦးဆောင်မှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် မြန်မာတွင် အကြမ်းဖက်မှုထိန်းချုပ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း မစ္စတာ ပီတက ပြောသည်။

“ကျနော်တို့ လူသားချင်းစာနာမှုခရီး စတင်မယ်၊ အထူးသဖြင့် အမေရိကန် ကွန်ဂရက်က အတည်ပြုထားတဲ့ Burma Act နဲ့ စတင်မယ်။ သူတို့ပဋိပက္ခကို သူတို့ဖြေရှင်းဖို့ မှန်ကန်တဲ့ ဖိအားနဲ့မက်လုံး လုံလုံလောက်လောက်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကျနော်တို့ လုပ်ငန်းစတင်နိုင်တယ်” ဟု ၎င်းကပြောသည်။

Burma Act က မြန်မာမှ ခုခံတော်လှန်ရေးအင်အားစုများကို လက်နက်မဟုတ်သော အကူအညီများ ပေးခွင့်ပြုထားသည်။

မစ္စတာ ပီတ၏ မူဝါဒကြေညာချက်ကြောင့် အိမ်နီးချင်း စစ်ကောင်စီအတွက် အချက်ပေးခေါင်းလောင်းသံ မြည်သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီက ကြေညာချက်ထုတ်ပြန်ပြီး မကြာမီ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက နယ်စပ်ကို စောင့်ကြည့်ထားရန် တိုင်းမှူးများသို့ ညွှန်ကြားချက်ထုတ်ပြန်ပြီး “MFP က အနောက်တိုင်း လိုလားတဲ့ပါတီဖြစ်ပြီး အကြမ်ဖက်သမား (နယ်စပ်မှ ခုခံတော်လှန်ရေးအင်အားစုများ) တွေကို ကူညီလိမ့်မယ်။ နယ်စပ်ကို စောင့်ကြည့်ပြီး သူတို့သတင်း၊ သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်ရမယ်” ဟု ၎င်းကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thailand Can Take Lead on Restoring Stability in Myanmar: Election-Winning MFP ကို ဘာသာပြန်သည်။)

You may also like these stories:

ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း

မြန်မာ့အရေး ထိုင်း နှုတ်ဆိတ်နေမည် မဟုတ်ဟု ညွန့်ပေါင်းဖွဲ့မည့် MFP ပြော

Move Forward ပါတီအောက်တွင် ထိုင်း၏ မြန်မာမူဝါဒ မည်သို့ပြောင်းလဲမည်နည်း

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

Your Thoughts …
Tags: Burma ActMove Forward ပါတီMPFခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ထိုင်းပီတ လင်ဂျာရွန်ရတ်ဘုံသဘောတူညီချက် ၅ ချက်ရွေးကောက်ပွဲလက်နက်ကိုင်ပဋိပက္ခလူသားချင်းစာနာမှုအကူအညီအကြမ်းဖက်မှုအမေရိကန်အာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မီတာခ ဆတိုးကောက်ပြီးမှ မီးမမှန်မှာကိုလည်း စိုးရိမ်နေကြသည် / ဧရာဝတီ

စက်မှုဇုန်လုပ်ငန်းများကို မီတာခ ၂ ဆကျော်တိုးကောက်၍ မီးပေးရန် စီစဉ်

ယူကရိန်းတွင် ဖျက်ဆီးခံထားရသည့် ရုရှားတင့်ကားတစီး / AFP

မြန်မာနှင့် အိန္ဒိယသို့ ရောင်းချထားသော လက်နက်များ ရုရှားပြန်ဝယ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate