အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က မြန်မာစစ်ခေါင်းဆောင်များနှင့် အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရေး ထိုင်းနိုင်ငံအနေဖြင့် အလွတ်သဘောဝန်ကြီးအဆင့် ဆွေးနွေးပွဲ တခု လာမည့်အပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ဖိတ်စာအရ သိရသည်။
ထိုအလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် တနင်္လာနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာက ဖတ်ရှုခဲ့သော ဖိတ်စာအရ သိရသည်။
ထိုအစည်းအဝေးသည် ယခုအချိန် အသင်းအနေဖြင့် “မြန်မာနှင့် ခေါင်းဆောင်များအဆင့်တွင် အပြည့်အ၀ ပြန်လည်ထိတွေ့ဆက်ဆံရမည့် အချိန်ဖြစ်သည်” ဆိုသည့် မေလက အင်ဒိုနီးရှားတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ “ASEAN အဖွဲ့ဝင်များ၏ ရှင်းလင်းသော ကြေညာချက်၏ နောက်ဆက်တွဲဖြစ်သည်” ဟု ရာထူးစွန့်လွှတ်ရတော့မည့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ဖေါ်ပြထားသည်။
အဖွဲ့ဝင်နိုင်ငံအချို့က ထိုတောင်းဆိုမှုကို ထောက်ခံကြပြီး အချို့က စဉ်းစား သုံးသပ်ရန် စိတ်အား ထက်သန်ကြသလို ထုတ်ဖေါ်ဆန့်ကျင်မှုလည်း မရှိကြောင်း ထိုဖိတ်စာတွင် ဆက်လက်ဖေါ်ပြထားသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း၌ လူမှုနှင့် နိုင်ငံရေး ဖရိုဖရဲဖြစ်သွားရုံသာမက ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာသောကြောင့် မြန်မာသည် ASEAN အတွက် ဆူးတချောင်း ဖြစ်နေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ASEAN သည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ချက်ခြင်းရပ်စဲရေး၊ အပါအဝင် ဘုံသဘောတူညီချက် ၅ ချက် ချမှတ်သော်လည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်များက ထိုသဘောတူညီချက်ကို လေးစားလိုက်နာရန် ငြင်းဆန်သည်။ ထို့ကြောင့် ASEAN က မြန်မာ စစ်ကောင်စီခေါင်းဆောင်နှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကို ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်သည့် ထိပ်သီးဆွေးနွေးပွဲများတွင် ဖယ်ထုတ်ထားခဲ့သည်။
ထိုနောက် ၂ နှစ်ကျော်ကြာသောအခါ လက်ရှိ ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားသည် မြန်မာပြဿနာကို အဖြေရှာရန် “တိတ်တိတ်ဆိတ်ဆိတ် သံတမန်ရေး”ဖြင့် လုပ်ကိုင်နေသော်လည်း ASEAN သည် မြန်မာပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ထိုအချိန်တွင် စစ်ကောင်စီသည် နိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို လက်မခံသော အရပ်သားအများစုပါသည့် ပြည်သူ ၃၆၀၀ ကျော်ကို သတ်ဖြတ်ထားသည်။
တနင်္လာနေ့တွင် ထိုင်းနိုင်ငံက ထိုဆွေးနွေးပွဲကျင်းပရန် စီစဉ်သောကြောင့် စစ်ကောင်စီခေါင်းဆောင်ကို ASEAN အစည်းအဝေးများသို့ ပြန်လည်ဖိတ်ကြားနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ဖြစ်လာသည်။
ပရာ့ဂ် လူမှုအခြေပြုအဖွဲ့အစည်းစင်တာမှ အဆင့်မြင့် အကြံပေး အီဂေါ ဗလာဇီဗစ်က ဒွန်ပါရာမွတ်ဝီနိုင်၏ မြန်မာဆိုင်ရာအလွတ်သဘော ဆွေးနွေးပွဲသည် ASEAN ၏ ညီညွတ်မှုနှင့် မြန်မာအကျပ်အတည်းကို တိုင်တွယ်အဖြေရှာရန် ASEAN သည် အဓိကဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည်ဆိုသည့် ဘုံသဘောထားကို အန္တရာယ် ပြင်းပြင်းထန်ထန် ကျရောက်စေမည့် အလျှင်စလို တဘက်သတ် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။
“စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ASEAN အစည်းအဝေးတွေမှာ ကိုယ်စားပြုဖို့ ပြန်လည် ဖိတ်ကြားလိုက်တဲ့အခါ အနီရောင်မျဉ်းကို ကျော်သွားပြီး မြန်မာအကျပ်အတည်းကို ဖြေရှင်းရာမှာ ASEAN ရဲ့စုစည်းမှုဆိုတာ မရှိတော့ဘူး” ဟု သူပြောသည်။
ထိုင်းသည် မြန်မာ၏ အိမ်နီးချင်း နိုင်ငံတခုဖြစ်ပြီး လက်ရှိ သက်တမ်းကုန်ခါနီး ထိုင်းအစိုးရသည် စစ်ကောင်စီနှင့် နီးကပ်လွန်းကာ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုများကို နှုတ်ဆိတ်နေသည်ဟု စွပ်စွဲခံရသည်။ ထိုင်းနိုင်ငံ ၎င်းတို့သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးက အသင်းဝင်နိုင်ငံများက ဝင်ရောက် မစွက်ဖက်သည့် ASEAN ၏ မူကို လိုက်နာနေခြင်းဖြစ်ကြောင်း ပြောသည်။
လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံသည် ASEAN အဖွဲ့ဝင်အချို့နှင့် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲကျင်းပပြီး ထိုစဉ်က စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဖိတ်ခဲ့သည်။
ယခုနှစ် မတ်လတွင်လည်း ထိုင်းနိုင်ငံသည် မြန်မာအကျပ်အတည်းကြောင့် ထိခိုက်သော နိုင်ငံများအကြား ဆွေးနွေးပွဲနောက်ထပ် လမ်းကြောင်းသစ်အဖြစ် မြန်မာ့အရေး Track-1.5 အလွတ်သဘောဆွေးနွေးပွဲကို ဘန်ကောက်တွင် ကျင်းပသည်။ ထိုဆွေးနွေးပွဲသို့ မြန်မာ စစ်ကောင်စီ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့က တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်တို့နှင့်အတူ တက်ရောက်သည်။ ဒုတိယအကြိမ်မြောက် ထိုအလွတ်သဘော ဆွေးနွေးပွဲကို ဧပြီလတွင် အိန္ဒိယက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
တနင်္လာနေ့အစည်းအဝေးအတွက် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ဖိတ်ထားသည်ဟု ယူဆရသည်။ အခြား ASEAN အဖွဲ့ဝင်များ ထိုအစည်းအဝေး တက်မတက် ရှင်းလင်းစွာ မသိသေးပေ။
ဖိတ်စာတွင် ဒွန်ပရာမွတ်ဝီနိုင်က ထိုအလွတ်သဘောဆွေးနွေးခြင်းသည် မေလက ASEAN ထိပ်သီး ဆွေးနွေးပွဲတွင် အကြံပြုခဲ့သည်နှင့်အညီ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကနဦးခြေလှမ်း ဖြစ်နိုင်ကြောင်းလည်း ဖေါ်ပြထားသည်။
“ဒီအလွတ်သဘော ဝန်ကြီးအဆင့်အစည်းအဝေးမှာ ကြီးမားပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှု လုပ်နိုင်ရန် ခေါင်းဆောင်တွေရဲ့ အချိန်အခါနဲ့ကိုက်ညီတဲ့ ကျောချင်းကပ် အစည်းအဝေးတခု ကျင်းပဖို့ ကျနော်တို့ အကြံပြုလိုတယ်” ဟုလည်း သူပြောသည်။
You may also like these stories:
ပီတ ဝန်ကြီးချုပ်ဖြစ်ဖို့ နီးလာပြီလား
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
ထိုင်းနဲ့မြန်မာ ကိုး ဆယ်ဆ ကွာလိမ့်မယ်
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့