• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
27 June 2023
in သတင်း
A A
မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်း မတိုင်မီက အခြေအနေသို့ ၂၀၂၇ ခုနှစ် သို့မဟုတ် ၂၀၂၈ ခုနှစ်မတိုင်မီတွင် ရောက်ရှိမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည် / Getty Images

မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်း မတိုင်မီက အခြေအနေသို့ ၂၀၂၇ ခုနှစ် သို့မဟုတ် ၂၀၂၈ ခုနှစ်မတိုင်မီတွင် ရောက်ရှိမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည် / Getty Images

8.8k
VIEWS
Share on FacebookShare on Twitter

မြန်မာ့စီးပွားရေးသည် ယခုနှစ် ပထမနှစ်ဝက်တွင် တည်ငြိမ်လာသည့် လက္ခဏာများတွေ့ရသော်လည်း ကိုဗစ်နိုင်တင်း မတိုင်မီက အခြေအနေသို့ ၂၀၂၇ ခုနှစ် သို့မဟုတ် ၂၀၂၈ ခုနှစ်မတိုင်မီတွင် ရောက်ရှိမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

စီးပွားရေးနာလန်ထခြင်းကို နိုင်ငံခြားငွေ ပြတ်တောက်ခြင်း၊ သွင်းကုန်ကန့်သတ်ချက်များနှင့် ဓာတ်အား ပြတ်တောက်မှုများက အဟန့်အတားဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
128
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
168
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
550

စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင်သည် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရပြီး လုပ်ငန်းအများအပြားသည် နိုင်ငံခြားသုံးငွေရရန်၊ ကုန်သွယ်ရေးလိုင်စင်ရရန်၊ ကုန်ကြမ်းများတင်သွင်းရန်၊ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု အကန်အသတ်များနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရန် ခက်ခဲနေကြသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တည်ငြိမ်လာသည့် ပဏာမ လက္ခဏာများတွေ့ရသောကြောင့် စီးပွားရေးအပေါ် ကျေနပ်ရောင့်ရဲမှုများနှင့်ပတ်သက်ပြီး ထိုအကဲဖြတ်ချက်က သတိပေးလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က ဖေါ်ပြသည့် အပေါင်းလက္ခဏာဆောင်သည့် အချက်များတွင် ကျယ်ပြန့်သော ဈေးကွက် ငွေလဲနှုန်း တည်ငြိမ်ခြင်း၊ ငွေကြေးဖေါင်းပွမှု အေးလာခြင်းနှင့် အခြားစီးပွားအညွန်းကိန်းများ တိုးတက်လာခြင်းတို့ ပါဝင်သည်။

သို့သော် ပို့ကုန်တင်ပို့သူများသည် ပြင်ပ ဝယ်လိုအားနည်းခြင်း၊ တန်ဖိုးမြင့်မားစွာ သတ်မှတ်သည့် တရားဝင် ငွေလဲနှုန်းနှင့် တင်းကျပ်သော ငွေကြေးလဲလှယ်မှု ကန့်သတ်ချက်များကို ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

ကမ္ဘာ့ဘဏ်က စက်တင်ဘာ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့်နှစ်အတွက် မြန်မာ၏ တိုးတက်မှုခန့်မှန်းချက်ကို ၃ ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားသည်။ သို့သော် စီးပွားရေးသည် ၂၀၂၇ သို့မဟုတ် ၂၀၂၈ ခုနှစ်အထိ ကိုဗစ် နိုင်တင်းမတိုင်မီက အခြေအနေသို့ ပြန်ရောက်မည် မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနှင့် ထိုင်းနိုင်ငံများ ဆိုင်ရာဝါရင့် စီးပွားရေး ပညာရှင် ကင် အလန် အက်ဒဝပ်ပြောသည်။

မြန်မာသည် ကပ်ရောဂါအတွင်း စီးပွားရေးပျက်ခြင်းနှင့် ရင်ဆိုင်ရကာ ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အစိုးရကိုဖြုတ်ချသည့် ၂၀၂၁ ခုနှစ် စစ်အာသိမ်းမှုအပြီး စီးပွားရေး ပိတ်ဆို့မှုများကြောင့် အခြေအနေ ပိုမို ဆိုးရွားသွားသည်။ ဗဟိုဘဏ်ကလည်း ငွေလဲနှုန်း ပုံသေသတ်မှတ်ခြင်းကို လွန်ခဲ့သောနှစ်က ပြောင်းလဲ ကျင့်သုံးသည့် တချိန်တည်းတွင် လွတ်လတ်သောဈေးကွက် ဒေါ်လာငွေလဲနှုန်းသည် တရားဝင်ငွေလဲနှုန်းထက် ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုမြင့်မားနေသည်။

တချိန်တည်းတွင် ဓာတ်အားပြတ်တောက်မှုများသည် ယခုနှစ် အစောပိုင်းမှ စတင်ပြီး ပိုမိုဆိုးရွားလာသည်။ စီးပွားရေးလုပ်ငန်းအားလုံး၏ ၄၂ ရာခိုင်နှုန်း နှင့် ကုန်ထုတ်လုပ်ငန်းများ၏ ထက်ဝက်ကျော်က ဓာတ်အား ပြတ်တောက်မှုများသည် မတ်လအတွင်း ၎င်းတို့ လုပ်ငန်းများအတွက် အပြင်းထန်ဆုံး ကန့်သတ်ချက်ဖြစ်စေကြောင်း ပြောသည်ဟု ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။

You may also like these stories:

မြန်မာပြည်တွင် ဒေါ်လာဈေး ၃ မျိုးဖြစ်လာပြီ

ဒေါ်လာဈေးလှုပ်ခတ်လာ၍ အခြေခံကုန်ဈေးနှုန်း တက်ရိပ်ပြ

နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဇောက်ထိုးဆင်းနေ

ရန်ကုန်နှင့် မြို့ကြီးများမှ ဟိုတယ်များ အစုလိုက်အပြုံလိုက် ရောင်းချလာ

ပို့ကုန်ဝင်ငွေ ဆက်တိုက် ကျဆင်းသည့် အကြောင်းအရင်း စစ်ကောင်စီ မေးမြန်း

တရုတ်ယွမ် အစားထိုးသုံးမယ့် ကုန်သွယ်ရေး အလုပ်ဖြစ်နိုင်မလား

Your Thoughts …
Tags: ကမ္ဘာ့ဘဏ်နာလန်ထနှစ်ပေါင်းများစွာကြာမည်မြန်မာ့စီးပွားရေးအစီရင်ခံစာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်း ပေမမီ ဒေါက်မမီကြောင်း ပြသနေ

by ဧရာဝတီ
5 January 2024
17.2k

သူ၏ နှစ်သစ်ကူးသတင်းစကားသည်ပင် တိုတောင်းနေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ဖြစ်နေသော နိုင်ငံသို့ ရုပ်မြင်သံကြားမှ ၅ မိနစ်သာ မိန့်ခွန်းပြောသည်။

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

ပြည်တွင်းစစ်ကြား ပါတီပွဲ မပြတ်သည့် ရန်ကုန်သားများ ပျော်ရဲ့လား

by ဧရာဝတီ
1 July 2024
8.3k

သို့သော် ရန်ကုန်မှ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်းတွင်ပင် မြန်မာ၏ အကျပ်အတည်း လက္ခဏာများကို သိသိသာသာ မြင်လာရသည်။

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

by ဧရာဝတီ
27 August 2024
6.8k

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုက ထိန်းချုပ်သည့် တခုတည်းသော အကြီးမားဆုံးဒေသ ဖြစ်လာတော့မည်ဟု ICG အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
5.1k

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

အငတ်ဘေးဆိုက်လာမှု ရန်ကုန်မှ ပရဟိတအဖွဲ့များ မနိုင်မနင်းဖြစ်လာ

by ဧရာဝတီ
2 September 2023
4.3k

လေဖြတ်ထားတဲ့ တုတ်ကောက်နဲ့ သက်ကြီးရွယ်တွေ၊ ကလေးချီထားတဲ့ မိခင်တွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေ အစားအသောက်ယူဖို့ စောင့်နေတာတွေ ကျနော်တို့ တွေ့နေရတယ်။

Next Post
မြန်မာနိုင်ငံရှိ ကျေးရွာတချို့တွင် Pact Myanmar မှ ချေးငွေထောက်ပံ့မှုပေးနေစဉ် / Pact

အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများ လွှဲခိုင်း၍ Pact ချေးငွေလုပ်ငန်း မြန်မာမှထွက်ခွာမည်

မော်လမြိုင်-ရေး-ထားဝယ် အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေး စစ်ဆေးမှုများပြုလုပ်နေသည့် ပူးပေါင်းတပ်များ / ရေးဘီလူး

ရေး၊ လမိုင်းနှင့် ခေါဇာမြို့က စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ပိတ်လိုက်ရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate