• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုံရွာ ကညနရုံး တိုက်ပွဲ စစ်ကောင်စီ အသေအဆုံးများ

by ဧရာဝတီ
28 June 2023
in သတင်း
A A
ကညန ရုံးအား ဝင်တိုက်နေသည့် ပူးပေါင်း PDF တပ်များ

ကညန ရုံးအား ဝင်တိုက်နေသည့် ပူးပေါင်း PDF တပ်များ

11k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်၊ မုံရွာ- မန္တလေးကားလမ်းဘေးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) ရုံး၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးသည် မုံရွာမြို့တောင်ဘက် မြို့အဝင်တွင် တည်ရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ခန့်ဖြင့် အထိုင်ချတပ်စွဲ ထား ပြီး ဇွန်၂၄ ရက် ညနေ ၆ နာရီခန့်တွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
258
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
532
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
199

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မှ တာဝန်ရှိ သူက “ကျနော်တို့က ကညနမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတွေကို တိုက်ခိုက်ခဲ့တာပါ။ သတင်းရတာက ၈ ယောက် ပဲ ဆိုပေမယ့် တကယ်ဝင်တိုက်တဲ့အချိန်မှာ ၂၀ လောက်ထိ ရှိနေတယ်။ အဲဒီ ၂၀ လောက်မှာ ၂ ယောက်ပဲ အသက် ရှင်တယ်လို့ သတင်းရတယ်။ ဒါပေမယ့် ကျနော်တို့ မျက်မြင်အတည်ပြုနိုင်ခဲ့တာကတော့ ၁၅ ဦး သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူး ကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မြန်မာ့တော်ဝင် နဂါးတပ်မတော်(MRDA)၊ MRDA SALINGYI၊ MRDA စေတန်၊ မုံရွာခရိုင် တပ်ရင်း ၅၊ မုံရွာခရိုင် တပ်ရင်း ၇၊ မုံရွာခရိုင် တပ်ရင်း ၁၂၊ မုံရွာခရိုင် တပ်ရင်း၂၂၊ မုံရွာခရိုင် တပ် ရင်း၂၅၊ မုံရွာခရိုင် တပ်ရင်း ၂၈၊ ယင်းမာပင်ခရိုင်တပ်ရင်း၂၈၊ ဓားမဆိုင်းတပ်မ‌တော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“မုံရွာ ကညနကို တိုက်ခိုက်တာက စခန်းသိမ်း Mission အနေနဲ့ ဖော်ဆောင်ခဲ့တာပေါ့၊ အဲဒီလို လုပ်ဆောင်ဖို့အတွက် ရဲဘော်တွေကို Camp သွင်း လေ့ကျင့်ပေးပြီးမှ Plan ချပြီး ဖော်ဆောင်ခဲ့တာပါ။ သိမ်းနိုင်မယ့်အခြေအနေထိ ဖြစ်ခဲ့ တယ်၊ တပ်ရင်းတွေရော Local PDF တွေရော ပေါင်းပြီး တိုက်ခဲ့ကြတာပါ။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ တွေ ရှိပေမယ့် စိုးရိမ်ရတဲ့ ဒဏ်ရာမျိုးမဟုတ်တဲ့ ပွန်းတာ ရှတာမျိုးတွေပဲ ရှိခဲ့ပါတယ်” ဟု Monywa The Boys မှ တာဝန်ရှိသူက ပြောသည်။

ကညန ရုံးအား ဝင်တိုက်နေသည့် ပူးပေါင်း PDF တပ်များ

ကညနရုံး တိုက်ခိုက်မှုဖြစ်စဉ်တွင် စခန်းအတွင်းထိ ဝင်ရောက်စီးနင်းပြီး လက်နက်များ သိမ်းဆည်းနိုင်မည့် အခြေအနေ ထိ ရောက်ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ကူများ ရောက်ရှိလာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“တပ်ကူအနေနဲ့ မြို့တော်ခန်းမမှာ တပ်စွဲထား စကစတွေက ကားတွေနဲ့ မြို့ထဲကနေ လာကြတယ်၊ ကားတွေပေါ်မှာ စက်လက်နက်တွေ တင်ပြီးတော့ ပြည်ထောင်စုလမ်းမကြီးတလျှောက် လာကြတာကို သတင်းကြိုရလိုက်တာမို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။

ကညနရုံးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်ရင်းတပ်မ တခုတည်း မဟုတ်ဘဲ စုပေါင်း ထားခြင်းကြောင့် မည်သည့်တပ်ကဆိုသည်ကို အတည်မပြုနိုင်သေးဟု တော်လှန်ရေးအင်အားစုများ ဆိုသည်။

မုံရွာမြို့ခံတဦးက “အဲဒီနေ့က ညဦးပိုင်းပဲ ရှိသေးတာ။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေရော ကြားလိုက်ရတယ်၊ နာရီဝက် ၄၅ မိနစ်လောက်ထိ ကြာတယ်။ နတ်လူထိပ်ပန်ဘက်ကနေ ပစ်ခတ်သံတွေ ကြားရတာ။ ကျနော်တို့ဘက်က နေ စစ်ကားတွေ ၅ စီးလောက်အထိ အမြန်မောင်းသွားကြတာကိုလည်း တွေ့ရတယ်၊ ကညနရုံးကို PDF တွေက ဝင် တိုက်တာလို့ ပစ်သံခတ်သံငြိမ်သွားတော့မှ သိရတာ။ အဲဒီဘက်က ကညနရုံးရယ် မအူဂိတ်ရယ် တိုက်ခိုက်ခံရတာ ၃၊ ၄ ကြ်ိမ်မကတော့ဘူး” ဟု ပြောသည်။

ကညန ရုံးအား ဝင်တိုက်နေသည့် ပူးပေါင်း PDF တပ်များ

ထို့အတူ ကညနရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲ ထားသည့် မအူစစ်ဆေးရေးဂိတ်နှင့် Ocean နောက်ကျောမှ လက်နက်ကြီးများဖြင့် ပစ်ကူများ ပေးခဲ့သလို တိုက်ပွဲ ဖြစ် ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားကြီးကွင်း အနောက်ဘက်ရှိ တဲအိမ် ၂ လုံးနှင့် ကွမ်းခြံကို မီးရှို့ဖျက်ဆီး ခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

မုံရွာမြို့အဝင်ရှိ မအူစစ်ဆေးဂိတ်နှင့် ကညနရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက မကြာခဏလာရောက်တိုက်ခိုက်လေ့ရှိပြီး ကညနရုံးအား ယခုနှစ် ဖေဖော်ဝါရီ၊ ဧပြီ၊ မေလများကလည်း တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ကညနရုံး တိုက်ခိုက်ခံရပြီးနောက် လက်ရှိတွင် မုံရွာမြို့ပေါ်၌ လုံခြုံရေးများ ပိုမိုတင်းကျပ်ထားသလို ဖမ်းဆီးခံရသူများ လည်း ရှိနေကြောင်း ဒေသခံများထံက သိရသည်။

You may also like these stories:

ရေး၊ လမိုင်းနှင့် ခေါဇာမြို့က စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ ပိတ်လိုက်ရ

ကန့်ဘလူ ရွာတချို့ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြိမ်းခြောက်ခံနေရ

စစ်ကြောင်းထိုးမှုကြောင့် ကျောက်ထု-ထီးလင်းလမ်းပိုင်း သွားလာခြင်းမပြုရန် သတိပေး

Your Thoughts …
Tags: PDFကညနရုံးတိုက်ပွဲမုံရွာမြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.2k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်

ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို စစ်ဆေးနေဟု NUG ဆို

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တွင် စားအုန်းဆီကို ဈေးကွက်ပေါက်ဈေးထက် သက်သာစွာ ရောင်းပေးခဲ့စဉ် တန်းစီနေကြသူများ / AFP

မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate